ချစ်စရာ သားဦးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီ ဖြစ်တဲ့ အဆိုတော် ဗီဗာဟိန်း
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
ပထမဆုံး ရင်သွေး သားဦး လေးကို ယနေ့မှာ အောင်မြင်စွာ မွေးဖွားလိုက်ပြီဖြစ်တဲ့ အဆိုတော် ဗီဗာဟိန်း
မင်္ဂလာပါ ပရိသတ်ကြီးရေ ဗီဗာဟိန်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် နိုင်ငံကျော် အဆိုတော်မလေး တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။
ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော် ဗီဗာဟိန်းဟာ လက်ရှိမှာ အိမ်ထောင်ကျပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရှင်မ ဘဝကို ပိုင်ဆိုင်ထား နိုင်သူလေး ဖြစ်ပြီး
သူမရဲ့ရင်သွေးလေးကို လွယ်ထားထဲက ကိုယ်ဝန်နဲ့ ပုံလေးတွေကို ပရိသတ်တွေအား လူမှုကွန်ယက်ကနေ အမြဲဖော်ပြပေးခဲ့လို့ ပရိသတ်တွေမှာ ချစ်အားပိုစွာ ဖြစ်နေခဲ့ကြရတာပါ။
ယနေ့ သြဂုတ်လ (၁၈)ရက်နေ့ ညနေပိုင်းမှာတော့ ဗီဗာဟိန်းဟာ သူတို့ ဇနီးမောင်နှံရဲ့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းလှတဲ့ သားချောလေးကို အောင်မြင်စွာနဲ့ မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်။
သားလေး ကိုတော့ ဗီဗာဟိန်းက Sakura ဆေးရုံမှာ ဒီကနေ ညနေ (၃)နာရီ (၄၅)မိနစ်က မွေးဖွားခဲ့တာပဲဖြစ်ပါတယ်နော်။ ဗီဗာဟိန်းရဲ့ ခင်ပွန်းကလည်း ကလေးရောမိခင်ပါ
ကျန်းကျန်းမာမာ ရှိကြောင်းကို သူ့ရဲ့လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ အခုလိုပဲ ဝမ်းသာစွာနဲ့ ရေးသားမျှဝေ လာခဲ့တာကို တွေ့မြင် ရပါတယ်။
“တွဲလောင်း မွေးဖွားချိန် 3:45pm thursday ကလေးရော မိခင်ကောကျန်းမာပါ တယ်။ အားလုံးကိုကျေးဇူးတင် ပါတယ်။” ဆိုပြီး
သားချောလေးရဲ့ ပုံလေးကိုပါ ပူးတွဲပြီး ဖော်ပြ လာခဲ့ပါတယ်နော်။ ပရိသတ်ကြီးရေ ယနေ့ မှာ မျိုးဆက်သစ် သားချောလေးကို အောင်မြင်စွာမွေးဖွား လာခဲ့တဲ့ ဗီဗာဟိန်းနဲ့
လောကထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်သော လာခြင်းကောင်းတဲ့ သားလေးအတွက် စေတနာ မေတ္တာ ပြည့်လျှံစွာဖြင့် ဂုဏ်ပြု စကားလေးတွေ ချီးမြှင့် ပြောကြား ပေးခဲ့ကြပါဦးနော်။