ယနေ့ ကြုံတွေ့ခဲ့ရတဲ့ ၉တန်း၁၀တန်းအရွယ် ကျောင်းသားလေး ၄ယောက်ရဲ့ မြင်ကွင်းလေး တစ်ခု

(Zawgyiျဖင့္ ဖတ္ရန္)

၉တန္း ၁၀တန္းအရြယ္ ေက်ာင္းသားေလး ၄ေယာက္ ေက်ာင္းဆင္းလို႔ ေျပးထြက္ လာၾကတယ္။ လမ္းေပၚေရာက္လို႔ ကြၽန္ေတာ့္ေရ႔ွလည္းေရာက္ေရာ

တစ္ေယာက္ထံမွ အသံ တစ္ခု ထြက္လာတယ္။ “ဟာ ငါ့ဖိနပ္ ျပတ္သြားၿပီကြ” ဘယ္ဘက္ေဘးက တစ္ေယာက္က ေပးေပး ငါျပန္တပ္ေပးမယ္ဆိုၿပီး

ယူလိုက္ၿပီး “ဟာ မရေတာ့ဘူးကြ” တဲ့။ လြယ္အိတ္အျဖဴနဲ႔ ကေလးထံမွ ထပ္ၾကားရေသာ အသံမွာ “မစီးပါနဲ႔ေတာ့ကြာ ဒီတိုင္းေလ်ာက္ မိုးရြာေနတာမို႔ ျပတ္တာ ဘယ္သူမွ မသိပါဘူး”

ဆက္တိုက္ ထြက္ေပၚလာေသာ အသံမ်ား ဆက္လက္နားစြင့္ေနခ်ိန္ ထီးေလးေဆာင္းထားတဲ့ ကေလးထံမွ က်ေတာ္ၾကားလိုက္တဲ့ အသံေၾကာင့္ အေတာ္မွင္သက္ အံ့ဩ ျဖစ္သြားရတယ္။

ထိုအသံမွာ “ဟာ ငါတို႔အားလံုး ဖိနပ္ ခြၽတ္ ေလ်ွာက္လိုက္ မယ္ေလကြာ ” ”သူဖိနပ္ျပတ္တာ ဘယ္သူမွမသိေတာ့ဘူးကြ အားလံုး မိုးရြာလို႔ဖိနပ္ခြၽတ္ေလ်ာက္ တယ္ေပါ့”

ဆက္လက္ ထြက္ေပၚလာေသာ အသံေၾကာင့္ ကြၽန္ေတာ္ ဓါတ္ပံုရိုက္ယူမိေလာက္ေအာင္ ရင္ကို ရိုက္ခတ္လာပါသည္။ထိုအသံ မွာ

“ေအးဟုတ္တယ္ဟ အကုန္ခြၽတ္ေလ်ာက္ၾကစို႔” အၿပံဳးကိုယ္စီနဲ႔ သံုးေယာက္လံုးထံမွ တစ္ညီတစ္ညာတည္း ထြက္ေပၚလာေသာ အသံေပတည္း။

ထိုအသံမ်ားမွာ အခ်ိန္၅မိနစ္ အတြင္း ဆက္တိုက္ထြက္ေပၚ လာျခင္းျဖစ္သည္။ ဤအသံမ်ားသည္ စာအုပ္ထဲမွ လာျခင္းမဟုတ္ စာသင္ခန္းတြင္းမွာ လာျခင္းမဟုတ္

ႀကိဳတင္တိုက္ထားျခင္းလည္းမဟုတ္ စာက်က္ထားျခင္းလည္းမဟုတ္ ထိုအသံမ်ား အဘယ္က လာသနည္း။ ႏွလံုးသားက တိုက္ရိုက္ဆင္းသက္လာျခင္း ေပတည္း။

သူတို႔ အၿပံဳးကိုယ္စီနဲ႔ ေပ်ာ္ရႊင္စြာရယ္ေမာ၍ ဆက္ လက္ထြက္ခြါ သြားၾကေပသည္။ သို႔ေသာ္ ကြၽန္ေတာ့္ ရင္ထဲ ပီတိျဖစ္မိၿပီး

အေတြးစမ်ား ေျမာက္မ်ား စြာျဖင့္ ဆက္လက္ထြက္ခြါ လာမိခဲ့ပါသည္။ ေကာင္းေကာင္း(အညတရ) 18/8/2022

(Unicodeဖြင့် ဖတ်ရန်)

၉တန်း ၁၀တန်းအရွယ် ကျောင်းသားလေး ၄ယောက် ကျောင်းဆင်းလို့ ပြေးထွက် လာကြတယ်။ လမ်းပေါ်ရောက်လို့ ကျွန်တော့်ရှေ့လည်းရောက်ရော

တစ်ယောက်ထံမှ အသံ တစ်ခု ထွက်လာတယ်။ “ဟာ ငါ့ဖိနပ် ပြတ်သွားပြီကွ” ဘယ်ဘက်ဘေးက တစ်ယောက်က ပေးပေး ငါပြန်တပ်ပေးမယ်ဆိုပြီး

ယူလိုက်ပြီး “ဟာ မရတော့ဘူးကွ” တဲ့။ လွယ်အိတ်အဖြူနဲ့ ကလေးထံမှ ထပ်ကြားရသော အသံမှာ “မစီးပါနဲ့တော့ကွာ ဒီတိုင်းလျောက် မိုးရွာနေတာမို့ ပြတ်တာ ဘယ်သူမှ မသိပါဘူး”

ဆက်တိုက် ထွက်ပေါ်လာသော အသံများ ဆက်လက်နားစွင့်နေချိန် ထီးလေးဆောင်းထားတဲ့ ကလေးထံမှ ကျတော်ကြားလိုက်တဲ့ အသံကြောင့် အတော်မှင်သက် အံ့ဩ ဖြစ်သွားရတယ်။

ထိုအသံမှာ “ဟာ ငါတို့အားလုံး ဖိနပ် ချွတ် လျှောက်လိုက် မယ်လေကွာ ” ”သူဖိနပ်ပြတ်တာ ဘယ်သူမှမသိတော့ဘူးကွ အားလုံး မိုးရွာလို့ဖိနပ်ချွတ်လျောက် တယ်ပေါ့”

ဆက်လက် ထွက်ပေါ်လာသော အသံကြောင့် ကျွန်တော် ဓါတ်ပုံရိုက်ယူမိလောက်အောင် ရင်ကို ရိုက်ခတ်လာပါသည်။ထိုအသံ မှာ

“အေးဟုတ်တယ်ဟ အကုန်ချွတ်လျောက်ကြစို့” အပြုံးကိုယ်စီနဲ့ သုံးယောက်လုံးထံမှ တစ်ညီတစ်ညာတည်း ထွက်ပေါ်လာသော အသံပေတည်း။

ထိုအသံများမှာ အချိန်၅မိနစ် အတွင်း ဆက်တိုက်ထွက်ပေါ် လာခြင်းဖြစ်သည်။ ဤအသံများသည် စာအုပ်ထဲမှ လာခြင်းမဟုတ် စာသင်ခန်းတွင်းမှာ လာခြင်းမဟုတ်

ကြိုတင်တိုက်ထားခြင်းလည်းမဟုတ် စာကျက်ထားခြင်းလည်းမဟုတ် ထိုအသံများ အဘယ်က လာသနည်း။ နှလုံးသားက တိုက်ရိုက်ဆင်းသက်လာခြင်း ပေတည်း။

သူတို့ အပြုံးကိုယ်စီနဲ့ ပျော်ရွှင်စွာရယ်မော၍ ဆက် လက်ထွက်ခွါ သွားကြပေသည်။ သို့သော် ကျွန်တော့် ရင်ထဲ ပီတိဖြစ်မိပြီး

အတွေးစများ မြောက်များ စွာဖြင့် ဆက်လက်ထွက်ခွါ လာမိခဲ့ပါသည်။ကောင်းကောင်း(အညတရ) 18/8/2022