အရင်လို ရုပ်ရည်မျိုး မဟုတ်တော့ဘဲ စုတ်ပြတ်နေတာပဲ ဆိုပြီး လှောင်ပြောင်နေသူတွေကို ပြတ်ပြတ်သားသား ​တုန့်ပြန်လာတဲ့ ဦးကျော်သက်လင်း

(Zawgyiျဖင့္ ဖတ္ရန္)

တခ်ိန္က ျမန္မာ့အသံရဲ့ သတင္းေၾကာ္ျငာသူတစ္ဦးျဖစ္ၿပီ ခန္႔ညားတည္ၾကည္ေသာ ရုပ္ရည္ႏွင့္ အသံၾသဇာ ျပည့္ဝမႈတို႔ေၾကာင့္

ရွားရွားပါးပါး ျပည္သူ႔အခ်စ္ေတာ္ သတင္းေၾကျငာတင္ဆက္သူ တစ္ၪီး ျဖစ္တဲ့ ဦးေက်ာ္သက္လင္းဟာ ႏိုင္ငံအေရးမွာေတာ့ သူ႔ကိုခ်စ္ေသာျပည္သူေတြႏွင့္အတူ

တစ္သားတည္း ရပ္တည္ခဲ့သလို လက္ရိွအခ်ိန္မွာလည္း CDM လုပ္ၿပီး ၿမိဳ႔ျပနဲ႔ ေဝးကြာတဲ့ လြတ္ေျမာက္နယ္ေျမ (သို႔မဟုတ္) ေတာ္လွန္ေရး နယ္ေျမမွာ ေရာက္ရိွေနပါတယ္။

ဒါေၾကာင့္လည္း မိသားစုရဲ့စြန႔္လႊတ္ျခင္းကို ခံခဲ့ရၿပီး တခ်ိဳ႕ေသာမိတ္ေဆြဆိုသူေတြရဲ့စိမ္းကားမႈေတြကို ေတြ့ႀကံဳခံစားခဲ့ရေၾကာင္း သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္းက ရင္ဖြင့္ေျပာျပခဲ့ ဖူးပါတယ္။

ယခုလည္း ၪီးေက်ာ္သက္လင္း က သူ႔ရဲ့လက္ရိွ အသားအရည္နဲ႔ ရုပ္ရည္ ျဖစ္တည္မႈကို ေလွာင္ေျပာင္စကားေတြ ဆိုလာတဲ့သူေတြကို အံ့ၾသစိတ္နဲ႔ ယခုလို တုန္႔ျပန္လိုက္ပါတယ္။

ျပည္သူ႔အခ်စ္ေတာ္ ၪီးေက်ာ္သက္လင္းမွ “ခင္ဗ်ားတို႔ သတိမထားမိတာလား ဘာလားေတာ့ မသိ။ feb 1 ကစလို႔ က်ေနာ့္postေတြ မဟီးဟီးဟားဟား လိလိလားလား တစ္ခုမွ မတင္ခဲ့ဘူး ဒီေန့အထိ။

က်ေနာ္ အကုန္စြန႔္ၿပီး ယံုၾကည္ရာကို ေနာက္ျပန္မလွၫ့္တမ္း ေလ်ွာက္တဲ့အခါမွာလည္း ဘယ္သူ႔ကိုမွ ျပစ္တင္ေစာ္ကားျခင္း မလုပ္ခဲ့ဘူး။ သူမ်ားpostေတြ မွာလည္း မေထာ္မနန္း ဝင္ၿပီးမေရးခဲ့ဘူး။

အတတ္ႏိုင္ဆံုး စိတ္ကို ထိန္းခ်ဳပ္ၿပီး ေနထိုင္ခဲ့တယ္။ ျပည္သူေတြ အားကိုးရာျဖစ္ေအာင္ လုပ္စရာရိွတာလုပ္ၿပီး ေနခဲ့တယ္။ ေသခ်ာတာကေတာ့ က်ေနာ္ေဝဖန္ကဲ့ရဲ့ ျပစ္တင္တာကို ခံႏိုင္တယ္။

ေတာ္လွန္ေရးလုပ္တာပဲ ေတာထဲေနရတာ စုတ္ျပတ္သ တ္ေနတာ ပိန္သြားတာ က်န္းမာေရး မေကာင္းတာ လူရုပ္မေပါက္ေတာ့တာ ျဖစ္မွာေပါ့။ အိမ္မွာေန သလို မျဖစ္ေတာ့တာကိုပဲ

ပ်က္ရယ္ျပဳ ေလွာင္ေျပာင္ ေခတ္အဆက္ဆက္နဲ႔ ႏိႈင္းယွဉ္ျပၿပီး မေအာင္ျမင္ႏိုင္ဘူး ေျပာေနၾကတဲ့သူေတြ ကိုလည္း ေတာ္ေတာ္အံ့ၾသမိတယ္ ဒီေလာက္ပါပဲဗ်ာ။

က်ေနာ္တို႔က ေပးဆပ္ေနတာ မဟုတ္ဘူး၊ ယံုၾကည္ရာကို ေလ်ွာက္ေနၾကတာ။ ခင္ဗ်ားတို႔ဖာသူ ခင္ဗ်ားတို႔ မဂၤလာပဲ ေဆာင္ေဆာင္ ေအာ ကားပဲရိုက္ရိုက္

ကာရာအိုေကပဲ သြားသြား က်ူပ္ကေတာ့ အျပစ္မျမင္ အျပစ္မတင္ဘူး။ေၾကာင္က ေညာင္၊ ေခြးက ဝုတ္ ၊ ႏြားက ဘြတ္အဲ၊ လူက ေတာ့ အသံမ်ိဳး စံုလုပ္တတ္ၾက တာပဲေလ။ ဘာဆန္းလို႔လဲ။ ” ဆိုၿပီး

ျပည္သူ႔ဘက္ေတာ္သားႀကီး ဦးေက်ာ္သက္လင္း ကေတာ့ ေတာထဲေတာင္ထဲမွာ ရုန္းကန္လႈပ္ရွားရင္း ယံုၾကည္ရာ အတြက္ ေတာ္လွန္ေရ႔ွဆက္ေနတဲ့ သူ႔လိုလူကို

အိမ္မွာေနသလိုမ်ိဳး သတင္းတင္ဆက္ခ်ိန္က လိုမ်ိဳး နဂိုဟန္ပန္ရုပ္ရည္မ်ိဳး မရိွေတာ့လို႔ဆိုၿပီး အခ်ိဳ႕လူေတြရဲ့ ေလွာင္ေျပာင္တာကို ခံေနရတဲ့ အတြက္

အံ့ၾသမိေၾကာင္း ေျပာၾကားလာရင္း ထိုသူမ်ားအား ျပတ္သားစြာ တုန္႔ျပန္ ေျပာလာတာပဲ ျဖစ္ပါတယ္ေနာ္။ ယံုၾကည္ရာအတြက္ ရဲရင့္ျပတ္သားေသာ

စိတ္ဓာတ္ခိုင္မာေသာ ဦးေက်ာ္သက္လင္း တစ္ေယာက္ ‌က်န္းမာ ေဘးကင္းၿပီး တခ်ိန္မွာ ျပည္သူခ်စ္ေသာ သတင္းတင္ဆက္ေၾကျငာသူႀကီး အျဖစ္ ျပန္လည္ျမင္ေတြ့ရပါေစေၾကာင္း ဆုေတာင္းေပးခဲ့ၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

တချိန်က မြန်မာ့အသံရဲ့ သတင်းကြော်ငြာသူတစ်ဦးဖြစ်ပြီ ခန့်ညားတည်ကြည်သော ရုပ်ရည်နှင့် အသံသြဇာ ပြည့်ဝမှုတို့ကြောင့်

ရှားရှားပါးပါး ပြည်သူ့အချစ်တော် သတင်းကြေငြာတင်ဆက်သူ တစ်ဦး ဖြစ်တဲ့ ဦးကျော်သက်လင်းဟာ နိုင်ငံအရေးမှာတော့ သူ့ကိုချစ်သောပြည်သူတွေနှင့်အတူ

တစ်သားတည်း ရပ်တည်ခဲ့သလို လက်ရှိအချိန်မှာလည်း CDM လုပ်ပြီး မြို့ပြနဲ့ ဝေးကွာတဲ့ လွတ်မြောက်နယ်မြေ (သို့မဟုတ်) တော်လှန်ရေး နယ်မြေမှာ ရောက်ရှိနေပါတယ်။

ဒါကြောင့်လည်း မိသားစုရဲ့စွန့်လွှတ်ခြင်းကို ခံခဲ့ရပြီး တချို့သောမိတ်ဆွေဆိုသူတွေရဲ့စိမ်းကားမှုတွေကို တွေ့ကြုံခံစားခဲ့ရကြောင်း သတင်းတင်ဆက်သူ ဦးကျော်သက်လင်းက ရင်ဖွင့်ပြောပြခဲ့ ဖူးပါတယ်။

ယခုလည်း ဦးကျော်သက်လင်း က သူ့ရဲ့လက်ရှိ အသားအရည်နဲ့ ရုပ်ရည် ဖြစ်တည်မှုကို လှောင်ပြောင်စကားတွေ ဆိုလာတဲ့သူတွေကို အံ့သြစိတ်နဲ့ ယခုလို တုန့်ပြန်လိုက်ပါတယ်။

ပြည်သူ့အချစ်တော် ဦးကျော်သက်လင်းမှ “ခင်ဗျားတို့ သတိမထားမိတာလား ဘာလားတော့ မသိ။ feb 1 ကစလို့ ကျနော့်postတွေ မဟီးဟီးဟားဟား လိလိလားလား တစ်ခုမှ မတင်ခဲ့ဘူး ဒီနေ့အထိ။

ကျနော် အကုန်စွန့်ပြီး ယုံကြည်ရာကို နောက်ပြန်မလှည့်တမ်း လျှောက်တဲ့အခါမှာလည်း ဘယ်သူ့ကိုမှ ပြစ်တင်စော်ကားခြင်း မလုပ်ခဲ့ဘူး။ သူများpostတွေ မှာလည်း မထော်မနန်း ဝင်ပြီးမရေးခဲ့ဘူး။

အတတ်နိုင်ဆုံး စိတ်ကို ထိန်းချုပ်ပြီး နေထိုင်ခဲ့တယ်။ ပြည်သူတွေ အားကိုးရာဖြစ်အောင် လုပ်စရာရှိတာလုပ်ပြီး နေခဲ့တယ်။ သေချာတာကတော့ ကျနော်ဝေဖန်ကဲ့ရဲ့ ပြစ်တင်တာကို ခံနိုင်တယ်။

တော်လှန်ရေးလုပ်တာပဲ တောထဲနေရတာ စုတ်ပြတ်သ တ်နေတာ ပိန်သွားတာ ကျန်းမာရေး မကောင်းတာ လူရုပ်မပေါက်တော့တာ ဖြစ်မှာပေါ့။ အိမ်မှာနေ သလို မဖြစ်တော့တာကိုပဲ

ပျက်ရယ်ပြု လှောင်ပြောင် ခေတ်အဆက်ဆက်နဲ့ နှိုင်းယှဉ်ပြပြီး မအောင်မြင်နိုင်ဘူး ပြောနေကြတဲ့သူတွေ ကိုလည်း တော်တော်အံ့သြမိတယ် ဒီလောက်ပါပဲဗျာ။

ကျနော်တို့က ပေးဆပ်နေတာ မဟုတ်ဘူး၊ ယုံကြည်ရာကို လျှောက်နေကြတာ။ ခင်ဗျားတို့ဖာသူ ခင်ဗျားတို့ မင်္ဂလာပဲ ဆောင်ဆောင် အော ကားပဲရိုက်ရိုက်

ကာရာအိုကေပဲ သွားသွား ကျူပ်ကတော့ အပြစ်မမြင် အပြစ်မတင်ဘူး။ကြောင်က ညောင်၊ ခွေးက ဝုတ် ၊ နွားက ဘွတ်အဲ၊ လူက တော့ အသံမျိုး စုံလုပ်တတ်ကြ တာပဲလေ။ ဘာဆန်းလို့လဲ။ ” ဆိုပြီး

ပြည်သူ့ဘက်တော်သားကြီး ဦးကျော်သက်လင်း ကတော့ တောထဲတောင်ထဲမှာ ရုန်းကန်လှုပ်ရှားရင်း ယုံကြည်ရာ အတွက် တော်လှန်ရှေ့ဆက်နေတဲ့ သူ့လိုလူကို

အိမ်မှာနေသလိုမျိုး သတင်းတင်ဆက်ချိန်က လိုမျိုး နဂိုဟန်ပန်ရုပ်ရည်မျိုး မရှိတော့လို့ဆိုပြီး အချို့လူတွေရဲ့ လှောင်ပြောင်တာကို ခံနေရတဲ့ အတွက်

အံ့သြမိကြောင်း ပြောကြားလာရင်း ထိုသူများအား ပြတ်သားစွာ တုန့်ပြန် ပြောလာတာပဲ ဖြစ်ပါတယ်နော်။ ယုံကြည်ရာအတွက် ရဲရင့်ပြတ်သားသော

စိတ်ဓာတ်ခိုင်မာသော ဦးကျော်သက်လင်း တစ်ယောက် ‌ကျန်းမာ ဘေးကင်းပြီး တချိန်မှာ ပြည်သူချစ်သော သတင်းတင်ဆက်ကြေငြာသူကြီး အဖြစ် ပြန်လည်မြင်တွေ့ရပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါအုံးနော်။