တောထဲမှာ နေရတာမို့ အရင်လို နုနယ်လှပမှုတွေ မရှိတော့ပေမယ့် သဘာဝဆန်တဲ့ အလှတရားနဲ့ ပရိသတ်အချစ်တွေ သိမ်းပိုက်ထားနိုင်ဆဲ မြနှင်းရည်လွင်

(Zawgyiဖြင့် ဖတ်ရန်)












(Unicodeဖြင့် ဖတ်ရန်)

တောထဲတောင်ထဲ မှာမို့ မင်းသမီးတစ်ယောက်လိုမျိုး နူးညံ့ချောမွတ်တဲ့ အသားအရည်မျိုး မရှိတော့ပေမယ့်လည်း

စိတ်ထားလေး ဖြူစင်သူမို့ ချစ်စရာကောင်းအောင် လှပနေဆဲဖြစ်တဲ့ အမှန်တရားဘက်တော်သား သရုပ်ဆောင် မင်းသမီးချောလေး မြနှင်းရည်လွင်

မြနှင်းရည်လွင် ကတော့ MRTV4 ဇာတ်လမ်းတွဲ များဖြင့် နာမည်ကြီးလာခဲ့တဲ့ မင်းသမီး တစ်လက်ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ တိုင်းမှာ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့

သဘာဝကျလွန်းတဲ့ အိုက်တင်တွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားသော တက်သစ်စ မင်းသမီးချောလေး တစ်ယောက်ပဲ ဖြစ်ပါ တယ်နော်။

အာဏာသိမ်း ခံရပြီး နောက်ပိုင်းမှာ သရုပ်ဆောင်မင်းသမီးလေး မြနှင်းရည်လွင်က ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ကာ လမ်းမပေါ်ထွက်ကာ အာဏာရှင်ကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မြနှင်းရည်လွင်ဟာ အောင်မြင်မှု အားလုံးကို စွန့်လွှတ်ပြီး ယုံကြည်ချက် ခိုင်မာစွာနဲ့ ပြတ်သားရဲရင့်စွာ တောထဲကို ရောက်ရှိလာခဲ့တာ လည်းဖြစ်ပါတယ်။

ယခုအခါ မှာတော့ မြနှင်းရည်လွင်ဟာ တောထဲမှာ အနေကြာလာပြီမို့ အရင်လို မင်းသမီးတစ်ယောက် ဘဝနဲ့ နေထိုင်ခဲ့ရသလို နူးညံ့တဲ့ အသားအရည်တွေ မရှိတော့တာကို တွေ့ရပါတယ်။

အရင်လိုလှလှပပ ပြုပြင်ပြီး အသားအရည်ကို မထိန်းသိမ်းတော့ပေမယ့် ဖြူစင်ပြီးမြင့်မြတ်တဲ့ စိတ်ထားလေးကြောင့် မြနှင်းရည်လွင် ဟာ ပရိသတ်တွေ အမြင်မှာတော့

သဘာဝဆန်သော အလှတရားတွေ ရင့်ကျက်မှုတွေနဲ့ ပြည့်စုံပြီး အရမ်းတွေ လှနေဆဲ ဖြစ်ပါတယ်နော်။ ပရိသတ်ပြည်သူတို့ လိုလား တောင့်တသော

နေ့ရက်များ ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အခါရောက်ရင်လည်း ပရိသတ်ပြည်သူချစ်သော အနုပညာရှင်မင်းသမီးလေး မြနှင်းရည်လွင်ရဲ့ အနာဂတ် အနုပညာလမ်းက

ပရိသတ်တွေရဲ့ ချစ်ခင် အားပေး ဝန်းရံမှုနဲ့အတူ သူမရဲ့ အနုပညာအရည်အသွေး တို့ကြောင့် ပိုမိုတောက်ပကာ လှပနေနိုင်မှာ အသေအချာ ပါပဲ နော်။