နောက်ဆုံး အမှတ်တရ ဖြစ်ခဲ့ရသော ပထမဆုံးဆုံတွေ့ခဲ့ကြ ရတဲ့ ရိုက်ကူးရေး အမှတ်တရတွေကို ထုတ်ဖော်ပြသလာတဲ့ သရုပ်ဆောင် မြတ်နိုးအေး

(Zawgyiျဖင့္ ဖတ္ရန္)

ျပည္သူ႔အခ်စ္ေတာ္ ကိုေဇယ်ာေသာ္နဲ႔ ပထမဦးဆံုးနဲ႔ ေနာက္ဆံုးအႀကိမ္ဆံုေတြ့ခဲ့ရတဲ့ သီခ်င္း MV ရိုက္ကြင္းေပၚက အမွတ္တရ ပံုရိပ္ေလးေတြကို ျပသလာခဲ့တဲ့ ျမတ္ႏိုးေအး

ပရိသတ္ျပည္သူမ်ား ခ်စ္ခင္ အားေပးခဲ့ၾကရတဲ့ အဆိုေတာ္ သူရဲေကာင္းႀကီး ၿဖိဳးေဇယ်ာေသာ္ကေတာ့ သူခ်စ္ေသာတိုင္းျပည္နဲ႔

သူခ်စ္ေသာ ဂီတ၊ သူခ်စ္တဲ့သူေတြနဲ႔ သူ႔ကိုခ်စ္တဲ့ လူေတြထံမွေရာ မယံုႏိုင္စရာေကာင္းတဲ့ ျဖစ္စဥ္ႀကီးနဲ႔ ရုတ္တရက္ ခြဲခြာသြားခဲ့ ရတဲ့အတြက္ ပရိသတ္ျပည္သူေတြ အားလံုး

စိတ္ထဲမွာ ႏွေျမာတသစိတ္ေတြနဲ႔အတူ ဂုဏ္ျပဳေလးစားမႈေတြနဲ႔ တသသ ျဖစ္က်န္ခဲ့ ၾကရတာပါေနာ္။ မိသားစုဝင္မ်ားနဲ႔ ပရိသတ္ျပည္သူမ်ားအတြက္ေတာ့

သူတို႔ေလးစား ခ်စ္ခင္ရတဲ့ ကိုေဇယ်ာေသာ္ဟာ ေကာင္းသတင္းေတြနဲ႔ နာမည္က်န္ကာ ဘယ္ေတာ့မွ မေသေသာသူ တစ္ေယာက္အျဖစ္ ထာဝစဥ္ တည္ရိွေနမွာ အမွန္ပါ။

ယေန့မွာလည္း ပရိသတ္အခ်စ္ေတာ္ တစ္ေယာက္ ျဖစ္သလို တက္သစ္စသရုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္တဲ့ ျပည္သူ႔အခ်စ္ေတာ္ေလး ျမတ္ႏိုးေအး ကလည္း

ကိုၿဖိဳးေဇယ်ာေသာ္ နဲ႔အတူတူ ရိုက္ကူးေရး တစ္ႀကိမ္ပဲလုပ္ခဲ့ဖူးၿပီး ထိုတစ္ႀကိမ္ကလည္း တစ္သက္စာ အမွတ္တရ ျဖစ္ခဲ့ရတဲ့ အေၾကာင္းကို အခုလိုပဲ ေျပာျပလို႔ လာခဲ့ ပါတယ္။

သရုပ္ေဆာင္ျမတ္ႏိုးေအးက ၂၀၁၈ခုႏွစ္က ACID အဖြဲ႔ရဲ့ တစ္ေယာက္တစ္မ်ိဳးသီခ်င္း MV မွာ ပါဝင္သရုပ္ေဆာင္ ခဲ့ရဖူးတဲ့အေၾကာင္း ေျပာျပလာခဲ့တာပါ။

ဒီကေန့ မွာေတာ့ သရုပ္ေဆာင္ ျမတ္ႏိုးေအး က “တစ္ေယာက္တစ္မ်ိဳး” သီခ်င္း MV ရိုက္ကူးခဲ့စဉ္က ဓာတ္ပံုေတြကိုမ်ွေဝၿပီး “😔 လြန္ခဲ့တဲ့ေလးႏွစ္တဲ့၊

ပထမဆံုးနဲ႔ ေနာက္ဆံုး ဆံုခဲ့ရတဲ့ mv shoot ေလး ျဖစ္သြားတာပဲ🥺” ဆိုၿပီး ထိုစဥ္က အခ်ိန္ေတြႏွင့္အတူ သူေလးစားခ်စ္ခင္ရတဲ့ အႏုပညာရွင္ သူရဲေကာင္း ေဇယ်ာေသာ္အား

ႏွေျမာတသ သတိရစိတ္ေတြနဲ႔ ရိုက္ကူးေရး အမွတ္တရ ပံုရိပ္မ်ားကို ထုတ္ေဖာ္ျပသ လာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ မင္းသမီးေလး ျမတ္ႏိုးေအးဟာလည္း

အာဏာသိမ္း ခံရမႈျဖစ္စဉ္အစကတည္းက ျပည္သူေတြနဲ႔အတူ မားမားမတ္မတ္ ရပ္တည္ေပးခဲ့သူ တစ္ၪီး ျဖစ္ကာ ေတာ္လွန္ေရးမွာ ႏိုင္ရာတာဝန္ေတြကို ထမ္းရြက္ပါဝင္ေနသလို

ေအာင္ျမင္မႈေတြ ရရိွလာေနခဲ့ေသာ သူမရဲ့အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး ေတာ္လွန္ေရးအတြက္ အက်ိဳးျဖစ္ထြန္းေစမယ့္ ရန္ပံုေငြဇာတ္ကား အခ်ိဳ႕ကိုသာ ရိုက္ကူးခဲ့သူျဖစ္ ပါတယ္။

ပရိသတ္ႀကီးတို႔လည္း သရုပ္ေဆာင္ျမတ္ႏိုးေအး ထုတ္ေဖာ္ ျပသလာတဲ့ ေလးစားရတဲ့ ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ရိုက္ကူးေရး ပံုရိပ္ေတြကို ၾကည့္ၿပီး

ဟိုးအရင္တခ်ိန္တုန္းက ACIDအဖြဲ႔မွ ေဇယ်ာေသာ္ရဲ့သီဆိုမႈပံုရိပ္နဲ႔ သီခ်င္းေတြကို အမွတ္ရတမ္းတမိ ၾကသလို လႊတ္ေတာ္အမတ္အေနနဲ႔ သြားလာလႈပ္ရွား ခဲ့ကာ

ႏိုင္ငံ့အက်ိဳး သယ္ပိုးေဆာင္ရြက္ခဲ့တဲ့ အားလံုးခ်စ္ရတဲ့ ကိုၿဖိဳးေဇယ်ာေသာ္ရဲ့ ပံုရိပ္ေတြကို ျပန္ျမင္ေယာင္ကာ လြမ္းဆြတ္ တမ္းတမိၾကမယ္ ထင္ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

ပြည်သူ့အချစ်တော် ကိုဇေယျာသော်နဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့ရတဲ့ သီချင်း MV ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်လေးတွေကို ပြသလာခဲ့တဲ့ မြတ်နိုးအေး

ပရိသတ်ပြည်သူများ ချစ်ခင် အားပေးခဲ့ကြရတဲ့ အဆိုတော် သူရဲကောင်းကြီး ဖြိုးဇေယျာသော်ကတော့ သူချစ်သောတိုင်းပြည်နဲ့

သူချစ်သော ဂီတ၊ သူချစ်တဲ့သူတွေနဲ့ သူ့ကိုချစ်တဲ့ လူတွေထံမှရော မယုံနိုင်စရာကောင်းတဲ့ ဖြစ်စဥ်ကြီးနဲ့ ရုတ်တရက် ခွဲခွာသွားခဲ့ ရတဲ့အတွက် ပရိသတ်ပြည်သူတွေ အားလုံး

စိတ်ထဲမှာ နှမြောတသစိတ်တွေနဲ့အတူ ဂုဏ်ပြုလေးစားမှုတွေနဲ့ တသသ ဖြစ်ကျန်ခဲ့ ကြရတာပါနော်။ မိသားစုဝင်များနဲ့ ပရိသတ်ပြည်သူများအတွက်တော့

သူတို့လေးစား ချစ်ခင်ရတဲ့ ကိုဇေယျာသော်ဟာ ကောင်းသတင်းတွေနဲ့ နာမည်ကျန်ကာ ဘယ်တော့မှ မသေသောသူ တစ်ယောက်အဖြစ် ထာဝစဥ် တည်ရှိနေမှာ အမှန်ပါ။

ယနေ့မှာလည်း ပရိသတ်အချစ်တော် တစ်ယောက် ဖြစ်သလို တက်သစ်စသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့ ပြည်သူ့အချစ်တော်လေး မြတ်နိုးအေး ကလည်း

ကိုဖြိုးဇေယျာသော် နဲ့အတူတူ ရိုက်ကူးရေး တစ်ကြိမ်ပဲလုပ်ခဲ့ဖူးပြီး ထိုတစ်ကြိမ်ကလည်း တစ်သက်စာ အမှတ်တရ ဖြစ်ခဲ့ရတဲ့ အကြောင်းကို အခုလိုပဲ ပြောပြလို့ လာခဲ့ ပါတယ်။

သရုပ်ဆောင်မြတ်နိုးအေးက ၂၀၁၈ခုနှစ်က ACID အဖွဲ့ရဲ့ တစ်ယောက်တစ်မျိုးသီချင်း MV မှာ ပါဝင်သရုပ်ဆောင် ခဲ့ရဖူးတဲ့အကြောင်း ပြောပြလာခဲ့တာပါ။

ဒီကနေ့ မှာတော့ သရုပ်ဆောင် မြတ်နိုးအေး က “တစ်ယောက်တစ်မျိုး” သီချင်း MV ရိုက်ကူးခဲ့စဉ်က ဓာတ်ပုံတွေကိုမျှဝေပြီး “😔 လွန်ခဲ့တဲ့လေးနှစ်တဲ့၊

ပထမဆုံးနဲ့ နောက်ဆုံး ဆုံခဲ့ရတဲ့ mv shoot လေး ဖြစ်သွားတာပဲ🥺” ဆိုပြီး ထိုစဥ်က အချိန်တွေနှင့်အတူ သူလေးစားချစ်ခင်ရတဲ့ အနုပညာရှင် သူရဲကောင်း ဇေယျာသော်အား

နှမြောတသ သတိရစိတ်တွေနဲ့ ရိုက်ကူးရေး အမှတ်တရ ပုံရိပ်များကို ထုတ်ဖော်ပြသ လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်နိုးအေးဟာလည်း

အာဏာသိမ်း ခံရမှုဖြစ်စဉ်အစကတည်းက ပြည်သူတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်ပေးခဲ့သူ တစ်ဦး ဖြစ်ကာ တော်လှန်ရေးမှာ နိုင်ရာတာဝန်တွေကို ထမ်းရွက်ပါဝင်နေသလို

အောင်မြင်မှုတွေ ရရှိလာနေခဲ့သော သူမရဲ့အနုပညာအလုပ်တွေကို ရပ်နားထားပြီး တော်လှန်ရေးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ရန်ပုံငွေဇာတ်ကား အချို့ကိုသာ ရိုက်ကူးခဲ့သူဖြစ် ပါတယ်။

ပရိသတ်ကြီးတို့လည်း သရုပ်ဆောင်မြတ်နိုးအေး ထုတ်ဖော် ပြသလာတဲ့ လေးစားရတဲ့ ကိုဖြိုးဇေယျာသော်နဲ့ ရိုက်ကူးရေး ပုံရိပ်တွေကို ကြည့်ပြီး

ဟိုးအရင်တချိန်တုန်းက ACIDအဖွဲ့မှ ဇေယျာသော်ရဲ့သီဆိုမှုပုံရိပ်နဲ့ သီချင်းတွေကို အမှတ်ရတမ်းတမိ ကြသလို လွှတ်တော်အမတ်အနေနဲ့ သွားလာလှုပ်ရှား ခဲ့ကာ

နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်ခဲ့တဲ့ အားလုံးချစ်ရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ကာ လွမ်းဆွတ် တမ်းတမိကြမယ် ထင်ပါတယ်နော်။