မင်းသမီးတစ်ယောက် ဖြစ်ပြီး ပြည်သူတွေ ခက်ခဲနေချိန်မှာ ပေါ်ပင်လုပ်ကာ ဂုဏ်ဖော်ကြွားတယ် ဆိုပြီး ဝေဖန်ခံနေရတဲ့အပေါ် ပြန်လည် ​တုန့်ပြန်လာတဲ့ မြတ်သူသူ

(Zawgyiဖြင့် ဖတ်ရန်)


















(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူကတော့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ သိရှိခဲ့သူ ဖြစ်ပြီး

ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေမှာ ပါဝင် ရိုက်ကူးရင်း ဇာတ်ကောင် စရိုက်နဲ့ လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်တတ်မှုနဲ့ သရုပ်ဆောင် ကောင်းမွန်မှုကြောင့်

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင် လာနိုင်ခဲ့တဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်နော်။ အနုပညာလမ်းပေါ်မှာ ကြိုးစားဖြတ်သန်းရင်းနဲ့ မြတ်သူသူဟာ

တစ်နေ့ထက်တစ်နေ့ ဆိုသလို ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိခဲ့ပြီး အလုပ်တွေလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်လာနေရတာ ပဲဖြစ်ပါ တယ်။

ယခု နောက်ပိုင်းမှာလည်း မြတ်သူသူက သူမအနေနဲ့ ဝိတ်တွေ တက်ပြီး ခန္ဓာကိုယ်ပြည့် လာတယ်ဆိုပြီး ပြောခံရတာများ သဖြင့် အရင်လို ခန္ဓာကိုယ် သွယ်လျအောင်

လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်ကာ ဝိတ်ချထားပြီ ဖြစ်တဲ့အကြောင်း သူမရဲ့ သွယ်လျလာတဲ့ ခန္ဓာကိုယ်လေးကို ထုတ်ဖော် ပြသလာ ခဲ့တာကိုလည်း တွေ့ရပါတယ်နော်။

ဒီနေ့မှာတော့ မြတ်သူသူက သိန်းရာကျော်ဖိုးလောက် ရှိတဲ့ ဖုန်းတွေကို တန်းစီ ချထားပြီး ဓာတ်ပုံရိုက်ပြ လာခဲ့တာကြောင့် ပရိသတ်ပြည်သူ အချို့ရဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

အခုလိုကာလ အများပြည်သူ ပရိသတ်တွေ ခက်ခဲနေချိန်မှာ မင်းသမီးတစ်ယောက် ဖြစ်ပြီး မလိုအပ်ဘဲ ပေါ်ပင်လုပ်ကာ ထုတ်ကြွားတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မြတ်သူသူက တန်ဖိုးကြီး iPhone တွေကို လေးလုံးလောက် တန်းစီ ချပြီး ဓာတ်ပုံရိုက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှု ကြုံခဲ့ရတာကို

“အလုပ်ကိစ္စတွေနဲ့မို့ ဖုန်း 3/4 လုံးကိုင်ရတာပါ။ ဓါတ်ပုံရိုက်ရင် ဘေးနားချထားမိတဲ့ ဖုန်းတွေ မဖယ်ပဲ ရိုက်မိတာ ပါနော်😖

ဝိတ်ချထားတော့ ပုံလှလှလေး ရိုက်ချင်စိတ်ပဲ ရှိတာပါ မကြွားရဲပါဘူး။ ကိုယ့်ထက်သာသူတွေမှ တပုံကြီးလေ😫 ကိုယ်က ဘာမှမဟုတ်တာ ဘာကြွားစရာရှိလဲနော့ 😣

အနုပညာအလုပ် လုပ်ခဲ့မိလို့ ဝေဖန်ခံနိုင်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြီးကျ အရေးမကြီးတာကြီး အထူးအဆန်းလို ပြောနေတော့

မြင်ရတဲ့သူတွေလည်း အကုသိုလ်များရတယ်လေနော်။ ကြွားချင်စိတ်တကယ်ပေါ်လာတဲ့နေ့ကျမှ မရှိ ရှိသမျှ အကုန်ဆွဲထုတ် ပုံသေချာသီးသန့်ရိုက်ပြီး ကြွားပါ့မယ်😝”ဆိုပြီး

သူမရဲ့ လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက်မှာ ရေးသားကာ ပြောကြား လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မြတ်သူသူကတော့ အလုပ်ကိစ္စအတွက်မို့

ဖုန်းတွေ အများကြီးကိုင်ထား တန်းစီပြီး ချထားရတာဖြစ်ပြီး ဝိတ်ချထားလို့ လှနေတဲ့ပုံလေးကို ဓာတ်ပုံရိုက်ရင်း အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့တာ​မို့

ပရိသတ်တွေအနေနဲ့ အထင်မလွဲစေချင်ကြောင်းနဲ့ သူမအနေနဲ့လည်း ကြွားလောက်တဲ့ အနေအထား မရှိသေးကြောင်းနှင့် ကြွားချင်စိတ်ပေါက်တဲ့နေ့မှ

မရှိရှိတာတွေ အကုန်ထုတ်ကာ ပုံတွေ သေချာရိုက်ပြီး ကြွားလိုက် တော့မယ် ဆိုပြီး ဖြေရှင်း ပြောကြားလာခဲ့ တာပဲဖြစ် ပါတယ် နော်။