ပရိသတ်တွေက ကြာကူလီကြီး နှာပူးကြီးဆိုပြီး မုန်းခဲ့ကြသလို မင်းသမီးတွေကလည်း ကြောက်လို့ ပြန်ပြေးကြ သူတွေရှိတယ်” ဆိုတဲ့အကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ဗီလိန်မင်းသားကြီး စိုင်းအောင်တင့်

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ လူၾကမ္းသရုပ္ေဆာင္ စိုင္းေအာင္တင့္ကို လူတိုင္းသိၿပီးသား ျဖစ္မွာပါေနာ္။သူဟာက်ရာ ဇာတ္ရုပ္ကို

ပရိသတ္ေတြ မုန္းတာခံရတဲ့အထိကို အပီအျပင္ဆံုး သရုပ္ေဆာင္ႏိုင္တဲ့လူၾကမ္း သရုပ္ေဆာင္ေကာင္း တစ္ေယာက္ ျဖစ္ပါတယ္။

ေဇာေခြၽးေတြ ပ်ံၿပီး မ်က္ႏွာ အဆီတဝင္းဝင္းနဲ႔ မေတာ္တေရာ္ခန္း ေတြကိုသာ အမ်ားဆံုး သရုပ္ေဆာင္ခဲ့ရတဲ့ ၪီးစိုင္းေအာင္တင့္ဟာ ဇာတ္ကားေတြထဲမွာ

အျမင္ကပ္စရာေကာင္း ေလာက္ေအာင္ ပီျပင္စြာ သရုပ္ေဖာ္ႏိုင္သူ ျဖစ္ေသာ္လည္း အျပင္လက္ေတြ့ ဘဝမွာေတာ့ ရိုးေျဖာင့္ၿပီး ဘာသာတရား ကိုင္းရိႈင္းသူ တစ္ၪီးပါ။

သူဟာ ယခုခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြ အားလံုးရပ္နား ထားၿပီးမိသားစုနဲ႔အတူ ဘ၀ကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနတဲ့ အႏုပညာရွင္ တစ္ေယာက္ လည္းျဖစ္ပါတယ္။

သူ႔ရဲ့ သရုပ္ေဆာင္ ပီျပင္ခ်က္ေတြေၾကာင့္ လူငယ္တခ်ိဳ႕က အျပင္မွာ ဆံုတဲ့အခါမွာ ခ်မလားဆိုၿပီး စိန္ေခၚၾကတာမ်ိဳး ႀကံဳရလို႔ ၊ ၪီးက မခ်ရဲပါဘူး ေၾကာက္ပါတယ္ဆိုၿပီး

အႏူးအၫြတ္ ေတာင္းပန္ခဲ့ရသလို၊ ေက်ာင္းသူေလး တခ်ိဳ႕နဲ႔ဆံုစဥ္ကလည္း ၪီးစိုင္းေအာင္တင့္ ရွင့္ကို အရမ္းမုန္းတယ္ဆိုၿပီး အေျပာခဲ့ခဲ့ရသျဖင့္

အရမ္းမုန္းေနရင္လည္း လူခ်င္းေတြ့ေနမွေတာ့ ရို က္ခ်င္လည္း ရို က္လိုက္ပါ သမီးတို႔ရယ္ဆိုၿပီး ေျပာခဲ့ရဖူးေၾကာင္းေတြကို ရင္ဖြင့္လာ ခဲ့ရွာပါတယ္။

ဒါ့အျပင္ ဇာတ္ကားရိုက္စဥ္က အေတြ့အႀကံဳေတြကိုလည္း “ဒါရိုက္တာကို မိုက္တီးရိုက္တဲ့ကားမွာ အူဝဲနဲ႔ဆံုေတာ့ အူဝဲက ဦးစိုင္းကို အရမ္းကို အျမင္ကပ္ၿပီး

မ်က္ႏွာကို တံေတြးနဲ႔ ေထြးရတဲ့ အခန္းပါတယ္။အူဝဲက သူ မလုပ္ခ်င္ဘူးေပါ့ေနာ္။ အဲ့ဒီအခန္းကို ရိုက္ဖို႔ သူေတာ္ေတာ္ၾကာၾကာ အခ်ိန္ယူရတယ္။”ဆိုၿပီး

ျပည္သူ႔အခ်စ္ေတာ္ မင္းသမီး အိႁႏၵာေက်ာ္ဇင္ရဲ့ စိတ္ထားေလးကို ေျပာျပခဲ့သလို “တခ်ိဳ႕မင္းသမီး အသစ္ေလးေတြဆိုလည္း ဦးစိုင္းနဲ႔ရိုက္ရေတာ့မယ္ဆို ေၾကာက္လို႔

ရႈတင္ကေန ျပန္သြားၾကတယ္”ဆိုၿပီး စိတ္မေကာင္းစြာ ေျပာလာခဲ့ပါတယ္။ ဒါ့အျပင္ လူၾကမ္းျဖစ္လို႔ရြံ႔ရွာမုန္းတီးခံရေၾကာင္း ယခုလိုပဲ ထပ္မံ ေျပာျပလာပါတယ္။

“က်ေနာ္ဇာတ္ကားေတြ ဘာေတြ ရိုက္ရင္ မင္းသမီးငယ္ေတြကအစ သရုပ္မေဆာင္ခ်င္ ၾကဘူး။ က်ေနာ္နဲ႔ ရိုက္ရမွာမလို႔ ငိုတဲ့မင္းသမီးေတြေတာင္ ရိွတယ္၊

က်ေနာ့္ကို ဇာတ္ကားထဲမွာ ရြံ႔ရွာမုန္းတီးၾကပါ။ က်ေနာ္က အျပင္မွာစိတ္ထားေကာင္းပါတယ္ ဇာတ္ကားေတြထဲကလို မယုတ္မာတတ္ပါဘူး၊ ခ်စ္ေမႊးပါ ပါတယ္”ဆိုၿပီး ရင္ဖြင့္ ပန္ၾကား လာတာပဲ ျဖစ္ပါတယ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် စိုင်းအောင်တင့်ကို လူတိုင်းသိပြီးသား ဖြစ်မှာပါနော်။သူဟာကျရာ ဇာတ်ရုပ်ကို

ပရိသတ်တွေ မုန်းတာခံရတဲ့အထိကို အပီီအပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့လူကြမ်း သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။

ဇောချွေးတွေ ပျံပြီး မျက်နှာ အဆီတဝင်းဝင်းနဲ့ မတော်တရော်ခန်း တွေကိုသာ အများဆုံး သရုပ်ဆောင်ခဲ့ရတဲ့ ဦးစိုင်းအောင်တင့်ဟာ ဇာတ်ကားတွေထဲမှာ

အမြင်ကပ်စရာကောင်း လောက်အောင် ပီပြင်စွာ သရုပ်ဖော်နိုင်သူ ဖြစ်သော်လည်း အပြင်လက်တွေ့ ဘဝမှာတော့ ရိုးဖြောင့်ပြီး ဘာသာတရား ကိုင်းရှိုင်းသူ တစ်ဦးပါ။

သူဟာ ယခုချိန်မှာတော့ အနုပညာအလုပ်တွေ အားလုံးရပ်နား ထားပြီးမိသားစုနဲ့အတူ ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ အနုပညာရှင် တစ်ယောက် လည်းဖြစ်ပါတယ်။

သူ့ရဲ့ သရုပ်ဆောင် ပီပြင်ချက်တွေကြောင့် လူငယ်တချို့က အပြင်မှာ ဆုံတဲ့အခါမှာ ချမလားဆိုပြီး စိန်ခေါ်ကြတာမျိုး ကြုံရလို့ ၊ဦးက မချရဲပါဘူး ကြောက်ပါတယ်ဆိုပြီး

အနူးအညွတ် တောင်းပန်ခဲ့ရသလို၊ ကျောင်းသူလေး တချို့နဲ့ဆုံစဥ်ကလည်း ဦးစိုင်းအောင်တင့် ရှင့်ကို အရမ်းမုန်းတယ်ဆိုပြီး အပြောခဲ့ခဲ့ရသဖြင့်

အရမ်းမုန်းနေရင်လည်း လူချင်းတွေ့နေမှတော့ ရို က်ချင်လည်း ရို က်လိုက်ပါ သမီးတို့ရယ်ဆိုပြီး ပြောခဲ့ရဖူးကြောင်းတွေကို ရင်ဖွင့်လာ ခဲ့ရှာပါတယ်။

ဒါ့အပြင် ဇာတ်ကားရိုက်စဥ်က အတွေ့အကြုံတွေကိုလည်း “ဒါရိုက်တာကို မိုက်တီးရိုက်တဲ့ကားမှာ အူဝဲနဲ့ဆုံတော့ အူဝဲက ဦးစိုင်းကို အရမ်းကို အမြင်ကပ်ပြီး

မျက်နှာကို တံတွေးနဲ့ ထွေးရတဲ့ အခန်းပါတယ်။အူဝဲက သူ မလုပ်ချင်ဘူးပေါ့နော်။ အဲ့ဒီအခန်းကို ရိုက်ဖို့ သူတော်တော်ကြာကြာ အချိန်ယူရတယ်။”ဆိုပြီး

ပြည်သူ့အချစ်တော် မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ စိတ်ထားလေးကို ပြောပြခဲ့သလို “တချို့မင်းသမီး အသစ်လေးတွေဆိုလည်း ဦးစိုင်းနဲ့ရိုက်ရတော့မယ်ဆို ကြောက်လို့

ရှုတင်ကနေ ပြန်သွားကြတယ်” ဆိုပြီး စိတ်မကောင်းစွာ ပြောလာခဲ့ပါတယ်။ ဒါ့အပြင် လူကြမ်းဖြစ်လို့ရွံ့ရှာမုန်းတီးခံရကြောင်း ယခုလိုပဲ ထပ်မံ ပြောပြလာပါတယ်။

“ကျနော်ဇာတ်ကားတွေ ဘာတွေ ရိုက်ရင် မင်းသမီးငယ်တွေကအစ သရုပ်မဆောင်ချင် ကြဘူး။ ကျနော်နဲ့ ရိုက်ရမှာမလို့ ငိုတဲ့မင်းသမီးတွေတောင် ရှိတယ်၊

ကျနော့်ကို ဇာတ်ကားထဲမှာ ရွံ့ရှာမုန်းတီးကြပါ။ ကျနော်က အပြင်မှာစိတ်ထားကောင်းပါတယ် ဇာတ်ကားတွေထဲကလို မယုတ်မာတတ်ပါဘူး၊ ချစ်မွှေးပါ ပါတယ်”ဆိုပြီး ရင်ဖွင့် ပန်ကြား လာတာပဲ ဖြစ်ပါတယ်။