မမွေးဖွားခင်ထဲက ထင်မှတ်မထားလောက်အောင် အကျိုးပေးကောင်းလွန်းလှတဲ့ သမီးလေး ဘီလီယံ​ကြောင့် ဝမ်းသာမျက်ရည် ကျခဲ့ရတဲ့ မေမေ ဘေဘီမောင်
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ဟာ ဆိုရင် ဗီဒီယို ဗီစီဒီခေတ်ထဲက ပရိသတ်တွေ အားပးခဲ့ကြရတဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်နော်။
နောက်ပိုင်းမှာ အနုပညာလောကနဲ့ အချိန်အတန်ကြား ကင်းကွာခဲ့ပေမယ့် ယနေ့ခေတ် လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက်ပေါ် မှာ ပရိသတ်တွေနဲ့
ရင်းနှီး နွေးထွေးစွာ ဆက်ဆံရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆက်လက် ရရှိပိုင်ဆိုင်နိုင်ခဲ့ သူလေးလည်း ဖြစ်ပါတယ်နော်။
ယခုနှစ်ပိုင်းတွေမှာတော့ ဘေဘီမောင်ဟာ Live Salesလေးတွေ လွှင့်ကာ ရောင်းချပေးရာမှာ သူမကို ချစ်သော ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲ အားပေးမှုကို ရရှိကာ
အွန်လိုင်း Live Sales လောကမှာ ရောင်းအား အကောင်းဆုံးသော အနုပညာရှင်များထဲမှ တစ်ယောက် အဖြစ် ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်နော်။
ယခုအခါမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်က အဆိုတော် သားဂန်းနဲ့ မေတ္တာမျှကာ ရွှေလက်တွဲ လက်ထပ်ခဲ့ကြပြီး
မျိုးဆက်သစ် ရတနာလေးကို လွယ်ထားရပြီဖြစ်ကာ မကြာခင်ရက်ပိုင်းအတွင်းမှာ သမီးလေးကို မွေးဖွားတော့မှာ ဖြစ်ပါတယ်နော်။ မွေးဖွားလာမယ့်
သမီးလေးရဲ့ နာမည်ကိုလည်း အဓိပ္ပါယ် ပြည့်ဝပြီး လှပေကာ ချစ်စရာကောင်းသော နာမည်လေးဖြစ်တဲ့ “ဘီလီယံ”ဆိုသော နာမည်လေးပေးထားတယ်လို့ သိရပါတယ်နော်။
သမီးလေးဘီလီယံ ကတော့ နာမည်နဲ့ လိုက်ဖက်စွာပင် မေမေဘေဘီမောင်ရဲ့ ဗိုက်ဗိုက်လေးထဲကနေ ပြင်ပကမ္ဘာကို မရောက်ခင်မှာကိုပဲ ချစ်ခင်ကြသူများက
ပေးပို့လာသော လက်ဆောင်ပစ္စည်းများနဲ့ ဘီလီယံလေးအတွက် ဆိုပြီး လွှဲပို့ပေးလာသော ပိုက်ဆံမုန့်ဖိုးလေးများကိုပင် ရရှိထားပြီပဲ ဖြစ်ပါ တယ်နော်။
ဒီအကြောင်းလေးကို မေမေဘေဘီမောင် က “သမီး ဘီလီယံ လေးအတွက်ဆိုပြီး ပို့လိုက်တဲ့ လက်ဆောင်လေး တွေရော မီးမီးအတွက်
သုံးချင်ရာ သုံးဖို့အတွက် ဆိုပြီး လွှဲပေးထားတဲ့ ငွေတွေရော လက်ခံရရှိထား ပါတယ်ရှင့်🙏🏻 ဖေဖေဂန်း နောက်ကျရင် ပုံလေးတွေ တင်ပေးပါလိမ့်မယ်နော်🙏🏻
သမီးလေးကို ချစ်ပေးကြတဲ့ အတွက်ကျေးဇူး အများကြီး တင်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻 မေမေဗိုက်ကတော့ သမီးအတွက် ပိတီဖြစ်လို့ မျက်ရည်ပါကျ😢🤰🏼❤️🙏🏻” ဆိုပြီး
မမွေးဖွား လာခင် အချိန်ထဲက လူချစ်လူခင် ပေါများကာ လက်ဆောင်တွေ မုန့်ဖိုးတွေ ရနေပြီဖြစ်သော သမီးလေးရဲ့ ကံအကျိုးပေး ကောင်းပုံလေးကြောင့်
မိခင်စိတ်နဲ့ ဝမ်းသာ ပီတိဖြာကာ မျက်ရည်များပင် ကျမိကြောင်းကို ကြည်နူးစိတ်လေးနဲ့ မျှဝေ ပြောပြကာ ကျေးဇူးတင်စကား ဆိုလာတာပဲ ဖြစ်ပါ တယ် နော်။
မကြာခင်ရက်ပိုင်း အတွင်းမှာ ဖွားမြင်လာတော့မယ့် သမီးလေးဘီလီယံလေးနဲ့ ခွဲမမွေးဘဲ ရိုးရိုးမီးဖွားမယ့် မေမေဘေဘီမောင်တို့ အတွက် မေတ္တာစကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော် ပရိသတ်ကြီး။