အစာလည်း ဖြတ်စရာ မလိုသလို လက်တွေ့လည်း အကျိုးရှိတဲ့ သူမ ကိုယ်တိုင် ပြုကျင့်ခဲ့တဲ့ ကိုယ်တွေ့ ဝိတ်ချနည်းလေးကို စေတနာဖြင့် အခမဲ့ တင်ပေးလာတဲ့ မြတ်သူသူ

(Zawgyiဖြင့် ဖတ်ရန်)


























(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီး သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူ ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးသလို

ယခုအခါမှာလည်း ဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးပြီး အောင်မြင်မှု ရရှိနေတဲ့ သရုပ်ဆောင်ပီပြင် ကောင်းမွန်သော မင်းသမီးလေး တစ်လက် ဖြစ်ပါတယ်နော်။

မြတ်သူသူဟာ ဆိုရင် ယခုနှစ်ပိုင်းတွေမှာ ခန္ဓာကိုယ်လေး ပြည့်ကာ ဝလာတယ်ဟု ပရိသတ်တွေက မေတ္တာဖြင့် သတိပေးပြောပြခြင်း ခံရတဲ့အထိ ဝိတ်တက်လာခဲ့ ပါသေးတယ်။

ဒီလိုပရိသတ်တွေရဲ့ မေတ္တာဖြင့် ပြောပြမှုကို လိုက်နာပြီး မြတ်သူသူက သာမရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းကာ ဝိတ်ပြန်ချခဲ့ရမှာတော့ ပေါင်ချိန်၁၅၀ ကနေ

ပေါင် ၁၃၀ ထိ ရောက်အောင် အောင်မြင်စွာ ချနိုင်ခဲ့ပြီး ယခုရက်ပိုင်းမှာတော့ အချိုးအစား ကျနကာ ပိုမိုလှပလာတဲ့ ပုံလေးတွေကို တင်ပေး လာတာကို တွေ့ရပါ တယ်နော်။

ဒီနေ့မှာတော့ ပရိသတ်အချစ်တော် မင်းသမီးလေး မြတ်သူသူက ပရိသတ်ကြီးတို့ရဲ့ စေတနာမေတ္တာနဲ့ ချစ်ခင်အားပေးမှုကို တုန့်ပြန်သောအားဖြင့်

သူမကိုယ်တိုင် လိုက်နာကျင့်သုံးပြီး ပြုလုပ်ခဲ့သော အမှန်တကယ် အကျိုးဖြစ်ထွန်း ဝိတ်ကျစေတဲ့ ဝိတ်ချနည်း Plan လေးကို ပရိသတ်များအတွက် စေတနာဖြင့် အခမဲ့နည်းလမ်းပေး ပြောပြလာခဲ့ပါတယ်။

ဒီအကြောင်းလေးကို သရုပ်ဆောင် မြတ်သူသူက “အလကား တင်ပေးလို့ တန်ဖိုးမရှိဘူး မထင်ပါနဲ့နော်၊ အရင်က မြတ်သူရဲ့Gp ထဲမှာ တင်ပေးခဲ့တာပါ။

အားလုံး လိုက်လုပ်လို့ရအောင် အခု Page ကနေ ပြန်တင်ပေးလိုက်တာ အတိအကျ စိတ်ခိုင်ခိုင်နဲ့ လိုက်မလုပ်ရင်လည်း ဝိတ်မကျပါဘူးနော်။

တကယ် လိုက်လုပ်ကြည့်ပါ၊ ထမင်း လုံးဝ မဖြတ်နိုင်သေးတဲ့ သူတွေအတွက်ပါ၊ တနေ့ ရေ 3 လီတာသောက်ပေး ရပါမယ်။

ရေခဲရေ အချိုရည်တွေ ရှောင်ပေးပါ အပြင်စာတွေ ဆီကြော်တွေ လုံးဝမစားပါနဲ့၊ ​ညကို စောစောအိပ် ပေးပါနော်။

Day (1) ကနေ Day (30) အထိ အတိအကျလိုက် လုပ်ကြရင်း မပင်မပန်းပဲ ဝိတ်ချရအောင်နော် အားလုံး Fighting ❤️

*အချိန်ရရင်တော့ တနေ့နာရီဝက်လောက် လမ်းလျှောက်ပေးပါ* အစားလုံးဝ မလျှော့နိုင်ဘူး ထမင်းမဖြတ်နိုင်ဘူးဆိုလို့ အခု Plan လေး တင်ပေးတာပါ။

ဒါကိုမှ လိုက်မလုပ်နိုင်ဘူးဆိုရင် ဝိတ်ချဖို့ ပိုခက်သွားမယ်နော် ကြိုးစားပြီး လိုက်လုပ်ကြည့်ပါနော် ❤️” ဆိုပြီး အမှာစကားလေး ပြောလာခဲ့သလို

ထမင်းကို ဇွန်းအတိအကျနဲ့ စားရာမှာလည်း “ထမင်းကိုလေ ထမင်းစား စတီးဇွန်းနဲ့ ခပ်နော် ယောင်းမကြီးနဲ့ မခပ်နဲ့နော် 😝” ချစ်စဖွယ် စနောက်လို့ မှာလာခဲ့ ပါသေးတယ်။

ဒါ့အပြင် တစ်လကို ဘယ်လောက် အတိုင်းအတာထိ ဝိတ်ကျစေနိုင်လဲလို့ မေးလာတဲ့ သူတွေကိုလည်း “အမလေး တလ ဘယ်လောက်ကျကို ကျရမယ်ဆိုပြီး အာမမခံနိုင်ပါဘူးရှင်

မြတ်သူက ပိုက်ဆံယူပြီးတင်ပေးတာမဟုတ်ပါဘူး၊ တယောက်နဲ့တယောက် ဖွဲ့စည်းပုံခြင်း ကြိုးစားအားထုတ်ကြပုံချင်း မတူနိုင်ဘူးလေနော်။

ဒီနည်းလမ်းလေးအတိုင်း ဖြေးဖြေးမှန်မှန် ကြိုးစားသွားရင်တော့ ဝိတ်ကျမယ်ပဲ ပြောရဲတယ် 😁” ဟုဆိုကာ ဝိတ်ကျဖို့တော့ အာမခံရဲပေမယ့်

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနေအထား ဖွဲ့စည်းထားသော ပုံစံ မတူညီသောကြောင့် ဘယ်နှစ်ပေါင် ဘယ်မျှ အတိအကျတော့ မပြောနိုင်ကြောင်း ပြောကြားလာခဲ့သလို

သူမရဲ့ပို့စ်အောက် မန့်မှာတော့ သူမရဲ့နည်းလမ်းလေးအတိုင်း အတိအကျ လိုက်နာပြီး လုပ်ဆောင်ကာ ဝိတ်ချသော သူတစ်ယောက်ရဲ့ ပြောကြားချက်လေးကို

ပြန်လည်ဖော်ပြ ပေးရာမှာတော့ တစ်လထဲနဲ့ ၂၁ပေါင်ထိတောင်မှ ချနိုင်ခဲ့ကြောင်း အံ့သြဖွယ်ရာ သိမြင် ရပါတယ်နော် ပရိသတ်ကြီး။

ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့ထဲမှာလည်း အကုန်အကျလည်း သက်သာပြီး အိမ်မှာနေရင်း ဝိတ်ချလို သူများအတွက်

အခကြေးငွေ မယူဘဲ စေတနာနဲ့ နည်းလမ်းလေး မျှဝေပေးလာတဲ့ မြတ်သူသူရဲ့ ၁လ planလေးအတိုင်း ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ချိန်ဆတွက်ဆပြီး

လိုက်လုပ်ကြည့်မယ် ဆိုရင် အကျိုးထူးလေး ရှိနိုင်တာမို့ ပရိသတ်ကြီးတို့ အတွက် မြတ်သူသူရဲ့ ကိုယ်တွေ့ဝိတ်ချနည်းလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးများအားလုံး ကျန်းမာလှပပြီး လိုလားတောင့်တမှုများ ပြည့်ဝကာ လွတ်လပ်ပျော်ရွှင်သော နေ့သစ်များ အမြန်ပိုင်ဆိုင် နိုင်ကြပါစေသောဝ်။