ပရိသတ်ပြည်သူတွေကို ရွဲ့စောင်းပြီး ပို့စ်တင်ကာ ပြည်သူ့မေတ္တာတော်ကို ထပ်မံခံယူ လာခဲ့ပြန်သော ငြိမ်းသော်

(Zawgyiဖြင့် ဖတ်ရန်)



မင်္ဂလာပါ ပရိသတ်ကြီးရေ ငြိမ်းသော်ကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဉီး ရိုက်ကူးတင်ဆက်ခဲ့သော “ည”ရုပ်ရှင် ဇာတ်ကားနဲ့ လူသိများလာသော သရုပ်ဆောင် တစ်ဉီး ဖြစ်ပါတယ်နော်။














(Unicodeဖြင့် ဖတ်ရန်)

မသင့်တော်လို့ တားမြစ်ခဲ့တဲ့ ပရိသတ် ပြည်သူတွေကို ရွဲ့စောင်းခဲ့တဲ့အပြင် ဂရုမစိုက်သလို ပုံစံမျိုးနဲ့ စော်ကားခဲ့ပြီး

အခုထပ်မံပြီး ပရိသတ်တွေ မေ့လောက်ပြီ ထင်တဲ့ အချိန်ရောက် လာတဲ့ အခါမှာလည်း ဂရုမစိုက်တဲ့ပုံစံနဲ့ ထပ်လုပ်ပြလာပြန်သော ငြိမ်းသော်

မင်္ဂလာပါ ပရိသတ်ကြီးရေ ငြိမ်းသော်ကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတင်ဆက်ခဲ့သော “ည”ရုပ်ရှင် ဇာတ်ကားနဲ့ လူသိများလာသော သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်နော်။

သို့ပေမယ့် ပရိသတ်တွေ အားပေးမှုကို လျစ်လျူရှု့ကာ မော်ဒယ်လ်တစ်ယောက် ဖြစ်သလို သရုပ်ဆောင်တသ်ယောက်လည်း ဖြစ်တဲ့ ငြိမ်းသော်ကတော့

နိုင်ငံအတွင်း မငြိမ်သက်နဲ့ သောကတွေပွေနေချိန်မှာ Tomorrow Land ဂီတဖျော်ဖြေပွဲကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအလံကို အသုံးပြုခဲ့ကာ

ပျော်ရွှင်ကြည်နူးတဲ့ ပုံစံတွေနဲ့ ပုံတွေရိုက်ကာ လူမှုကွန်ယက်ပေါ်သို့ တင်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာ ပဲဖြစ်ပါတယ်။

ငြိမ်းသော်ဟာ ပရိသတ်ပြည်သူတွေအပြင် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသော မင်းမော်ကွန်း၊ ဟားငါးကောင်၊ နိုဗန်ထူး ပန်ဆယ်လို စသူတို့ဆီက ဝေဖန်ဆဲဆိုမှုတွေရရှိပြီးတဲ့နောက်မှာ

သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာထက်က နေပြီးတော့ ပြန်လည်ပြီး အနူးအညွတ် တောင်းပန်ပါကြောင်း တောင်းပန်စာ တစ်သောင် ရေးသားပြီး တင်ခဲ့သလို

“ပွဲသွားပြီး နောက်ရက်တွေ စိတ်ညစ်စွာနေ နေပါတယ်”ဆိုပြီး ခပ်ထေ့ထေ့ရေးသားခဲ့ခြင်းကြောင့် ပရိသတ်ပြည်သူတွေကြားမှာ ပြောဆိုစရာ ဖြစ်ခဲ့ ရပြန်ပါတယ်။

ဒါ့အပြင် ငြိမ်းသော် ဟာ သူ့ရဲ့လူမှုကွန်ယက် အကောင့်မှ ပရိုဖိုင်ပုံတွေကိုလည်း မဲ့ရွဲ့နေသော မထေ့မဲ့မြင်လုပ်ပြနေသော ပုံတွေကို ချိန်းပြခဲ့ပါသေးတယ်။

ထိုကဲ့သို့ ပြုလုပ်ခဲ့သော ငြိမ်းသော်ကတော့ အခုအခါမှာလည်း ပရိသတ်တွေ မေ့လောက်ပြီ ဆိုတဲ့ အထင်အမြင်နဲ့ မယုံနိုင်စရာအပြုအမူတွေကို ထပ်မံပြုလုပ် လာခဲ့ပြန်ပါတယ်။

ဒီနေ့မှာ မော်ဒယ်လ်ငြိမ်းသော်က နိုင်ငံခြားခရီးစဉ်မှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်လာခဲ့ပြီး “စိတ်ညစ်စွာဖြင့် 😎😀🤍 ” ဆိုပြီး

ရေးသားကာ ထပ်မံလှောင်လာခဲ့ပြန်ပါတယ်။ သူတင်လိုက်သော ပို့စ်အတွက် ပရိသတ်တွေထံမှ ဝေဖန်မှုတွေ ထပ်မံရရှိခဲ့မှ ဖေ့စ်ဘုတ်ကပ်ပရှင်ကို ပြောင်းလဲခဲ့သလို

မကြာမှီမှပဲ ပို့စ်ကို ပြန်ဖျက်သွားခဲ့ ပါတယ်။ သို့ပေမယ့် အကြိမ်ကြိမ် ထပ်ခါထပ်ခါ ပြက်ရယ်ပြုကာ မထေ့မဲ့မြင် ပြုလုပ်နေသော ငြိမ်းသော်အား

ပရိသတ်ပြည်သူများမှ သည်းခံနိုင်စွမ်း မရှိတော့သဖြင့် ငြိမ်းသော်ရဲ့ပို့စ်တွေ အောက်မှာ ပြင်းထန်စွာ ဝေဖန် ပြောဆိုနေကြတာကို တွေ့နေရဆဲပဲ ဖြစ်ပါ တယ်နော်။

အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အကြိမ်ကြိမ် အခါခါ ပရိသတ်တွေကို လှောင်ပြောင်ဟန်တွေ ပြုလုပ်နေတဲ့ ငြိမ်းသော်ရဲ့လုပ်ရပ်တွေဟာ တကယ်ပင် အံ့သြစရာပါပဲနော် ပရိသတ်ကြီး။