ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေး ဘီလီယံကို အောင်မြင်စွာ မွေးဖွားခဲ့ပြီ ဖြစ်တဲ့ မေမေ ဘေဘီမောင်
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ဟာ ဆိုရင် ဗီစီဒီခေတ်ထဲက ပရိသတ်တွေ အားပေးခဲ့ကြရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး
ဗီဒီယို ဇာတ်ကားပေါင်း များစွာကိုလည်း ခေါင်းဆောင်မင်းသမီး တစ်လက်အနေနဲ့ ရိုက်ကူးကာ ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင် ခဲ့တဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်နော်။
ဘေဘီမောင်ဟာ နောက်ပိုင်းမှာ အနုပညာလောကနဲ့ အချိန်အတန်ကြား ကင်းကွာခဲ့ပေမယ့် ယနေ့ခေတ် လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက်ပေါ် မှာ ပရိသတ်တွေနဲ့
ရင်းနှီး နွေးထွေးစွာ ဆက်ဆံရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆက်လက် ရရှိပိုင်ဆိုင်နိုင်ခဲ့ သူလေးလည်း ဖြစ်ပါတယ်နော်။
ယခုနှစ်ပိုင်းတွေမှာတော့ ဘေဘီမောင်ဟာ Live Salesလေးတွေ လွှင့်ကာ ရောင်းချပေးရာမှာ သူမကို ချစ်သော ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲ အားပေးမှုကို ရရှိကာ
အွန်လိုင်း Live Sales လောကမှာ ရောင်းအား အကောင်းဆုံးသော အနုပညာရှင်များထဲမှ တစ်ယောက် အဖြစ် ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်နော်။
ယခုအခါမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်က အဆိုတော် သားဂန်းနဲ့ မေတ္တာမျှကာ ရွှေလက်တွဲ လက်ထပ်ခဲ့ကြပြီး
သမီးဦးကိုယ်ဝန်လေးကို လွယ်ထားခဲ့ရတာမို့ အရမ်းကို ပီတိဖြစ် ပျော်ရွှင်နေတာလည်းဖြစ် ပါတယ်နော်။ သမီးလေးရဲ့ နာမည်လေးကိုလည်း ချစ်စနိုးနဲ့
ဘီလီယံ လို့ ကြိုတင် ပေးထားခဲ့ပြီး ဘီလီယံလေးဟာ မိခင်ဝမ်းထဲ ရှိစဥ်ကာလမှာထဲက ချစ်သူခင်သူတွေ ပေါများကာ လက်ဆောင်ပစ္စည်းများ ပို့ပေးကြသူများနှင့်
ဘီလီယံလေးအတွက် လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့အတွက် ဆိုပြီး မုန့်ဖိုးပိုက်ဆံများလည်း အများအပြား လက်ခံရရှိ သဖြင့် လာခြင်းကောင်းတဲ့ သမီးလေးအတွက်
မေမေဘေဘီမောင်ဟာ ပီတိမျက်ရည်ဖြာ ခဲ့ရကြောင်း မကြာမှီရက်ပိုင်းက ပီတိဖြစ်စွာ ရေးသားခဲ့ပါသေးတယ်နော်။ ဒီနေ့မှာတော့ သရုပ်ဆောင် ဘေဘီမောင်ဟာ
သမီးလေး ဘီလီယံကို အောင်မြင်စွာ မွေးဖွားခဲ့ပြီ ဖြစ်ကြောင်း ဘေီဘီမောင်ရဲ့ လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်ထက်မှာ ပုံလေးတွေ တင်ကာ ပရိသတ်ကြီးများအတွက် တင်ပေးလာခဲ့ပါတယ်နော်။
သရုပ်ဆောင်ဘေဘီမောင်ရဲ့ သမီးလေး ဘီလီယံလေးကို ချစ်ခင်နေကြပြီး မြင်တွေ့ချင်ကြသော ပရိသတ်ကြီးများအတွက် ဘီလီယံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်နော်။