ဒီနေ့ကျရောက်တဲ့ မွေးနေ့မှာ သူ့ရဲ့ဘဝ အကြောင်းကို ပြောပြရင်း မြန်မာပြည်သူများအတွက် ဆုမွန်ကောင်းများ တောင်းပေးလာခဲ့တဲ့ ဇဏ်ခီ

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ သရုပ္ေဆာင္ မင္းသားေခ်ာ ဇဏ္ခီကေတာ့ ေပါေလာကလို႔ အေျပာခံေနရတဲ့ ျမန္မာ့ရုပ္ရွင္ေလာကကို လႈပ္ကိုင္ႏိုင္ခဲ့သူျဖစ္သလို

ပရိသတ္ျပည္သူေတြရဲ့ အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္ခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ သရုပ္ေဆာင္ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္ေနာ္။ ဇဏ္ခီဟာ အႏုပညာစြမ္းရည္ ျပၫ့္ဝလွၿပီး ဇာတ္ရုပ္တိုင္းကို ပီျပင္စြာသရုပ္ေဆာင္ႏိုင္ခဲ့သလို

သူ႔ရဲ့ဇနီးျဖစ္သူ ဒါရိုက္တာ ခရစၥတီးနားခီဟာလည္း ဒါရိုက္တာတစ္ၪီးအျဖစ္နဲ႔ ပီျပင္ေျပာင္ေျမာက္လွေသာ ဇာတ္ကားမ်ားကို ရိုက္ကူးၿပီး ဇာတ္ကားေကာင္းမ်ားကို ဖန္တီးျပႏိုင္ခဲ့သျဖင့္

သူတို႔ဇနီးေမာင္ႏွံဟာ ခီေမာင္ႏွံ ဆိုၿပီး အခ်ိန္တိုတိုအတြင္းမွာ ပရိသတ္ ျပည္သူ ေတြရဲ့ အားေပးခ်စ္ခင္မႈကို အျပၫ့္အဝ သိမ္းပိုက္ႏိုင္ခဲ့ တာပဲျဖစ္ပါတယ္။

ဒီေန့ၾသဂုတ္လ (၂၅)ရက္ေန့ေလးကေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္မင္းသား ျဖစ္တဲ့ သရုပ္ေဆာင္ မင္းသားေခ်ာ ဇဏ္ခီရဲ့ ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္ေနာ္။

ဇဏ္ခီဟာ ဒီေန့ေမြးေန့ရက္ျမတ္ေလးမွာ အသက္ (၄၂)ႏွစ္ ျပၫ့္ေျမာက္သြားခဲ့ၿပီ ျဖစ္ၿပီး ဇဏ္ခီရဲ့ ေမြးေန့အတြက္ အႏုပညာရွင္ေမာင္ႏွမေတြကလည္း

ဆုမြန္ေကာင္းမ်ား ေတာင္းေပးခဲ့ၾကတာ ေတြ့ရပါ တယ္ေနာ္။ ဇဏ္ခီကလည္း ဒီေန့ ေမြးေန့ရက္ျမတ္ေလးမွာ သူ႔ရဲ့ဘဝမွာ ႀကံဳခဲ့ခံစားခဲ့ရတာေတြကို ရင္ဖြင့္ ေျပာျပရင္း

ျမန္မာျပည္သူျပည္သားမ်ားအတြက္ အခုလို ဆုမြန္ေကာင္းမ်ား ေတာင္းေပးလို႔ လာခဲ့ပါတယ္။ ဇဏ္ခီက “ေမြးေန့ဆုေတာင္း၊ ဦးစြာဝန္ခံျခင္း က်ေနာ္ အသက္ေတာ္ေတာ္ ရတဲ့အထိ

မိသားစု ခ်စ္ျခင္းေမတၲာဆိုတာကို နားမလည္ႏိုင္ခဲ့ဘူး။ တျခားမိသားစုေတြ တေယာက္နဲ႔တေယာက္ ခ်စ္ၾက ဂရုစိုက္ၾကရင္ က်ေနာ္ခံစားလို႔ မရခဲ့ဘူး။

လံုးဝ စက္ရုပ္တရုပ္လိုပဲ နားမလည္ႏိုင္ခဲ့ဘူး။ အေၾကာင္းကို ၾကည့္လိုက္ေတာ့ ရွင္းပါတယ္။ က်ေနာ့္မိသားစုက broken family (ေခၚ) dysfunctional family ျဖစ္ေနတာကိုး။

က်ေနာ့္ကိုယ္ပိုင္မိသားစုေလး ျဖစ္လာေတာ့မွ တျခားမိသားစုေတြမွာ တေယာက္အတြက္ တေယာက္အေရးပါမႈေတြ၊ ကေလးေတြဆိုရင္လည္း

က်ေနာ့္ရဲ့သားအေပၚမွာ က်ေနာ္ထားမိတဲ့ေမတၲာကေနမွ တဆင့္ မိဘတိုင္းရဲ့သားသမီးေပၚမွာ ထားတဲ့ေမတၲာဆိုတာေတြကို သိရိွနားလည္ ခံစားႏိုင္လာခဲ့တယ္။

ဘယ္ေလာက္ခ်မ္းသာၿပီး ျပည့္စံုစံု ဘယ္ေလာက္ ဆင္းရဲၿပီး ႏံုခ်ာခ်ာ အတူတူပဲ ဆိုတာကိုလည္း ပိုသိလာတယ္။ ေျပာခ်င္တာကေတာ့

ကိုယ့္မိသားစုတခုထဲကိုပဲ မၾကည့္တတ္ေတာ့ပဲ မိသားစုေတြအားလံုးရဲ့ အေရးပါမႈ တန္ဖိုးႀကီးမႈေတြကို ကိုယ္တိုင္ကိုယ္က် သိရိွခြင့္ရခဲ့တယ္။

ဒီတခ်က္က က်ေနာ့္ရဲ့မိသားစုဘဝကေနရခဲ့တဲ့ တန္ဖိုးအရိွဆံုး အျမတ္တခုပဲ။ ကိုယ့္မိသားစုနဲ႔ ႏိႈင္းယွဉ္ၿပီး တျခားမိသားစုေတြကို တန္ဖိုးထား တတ္သြားတယ္။

က်ေနာ့္ေမြးေန့မွာ ဆုေတာင္းခ်င္တာကေတာ့🙏 အခုက်ေနာ္တို႔ႏိုင္ငံမွာ ဒုကၡဆင္းရဲမႈေပါင္း မ်ားစြာကို ရင္စီးခံေနၾကရတဲ့ ေျမာက္မ်ားစြာေသာမိသားစုေတြ အကုန္လံုး

အျမန္ဆံုး ေအးခ်မ္းမႈေတြ ရၾကပါေစ။ 🙏 တကြဲတျပား ျဖစ္ေနတဲ့မိသားစုေတြအကုန္လံုးလည္း အႏၲရာယ္အေပါင္းမွ ကင္းေဝးၿပီး ျပန္လည္ဆံုစည္း ႏိုင္ၾကပါေစ။

🙏 ျမန္မာျပည္ႀကီးလည္း ဥပေဒအထက္ ဘယ္သူမွ မရိွေတာ့တဲ့အေနအထားတခုကို အျမန္ဆံုးေရာက္ႏိုင္ၿပီး ျပည္သူအကုန္လံုးဥပေဒရဲ့ကာကြယ္မႈေတြကို ျပန္လည္ရရိွႏိုင္ၾကပါေစ။

🙏ဓမၼအတြက္ အသက္ေပးသြားၾကေသာ သူရဲေကာင္းအေပါင္း ျမင့္ျမတ္တဲ့ ဘံုဗိမၼာန္ေတြမွာ အနားရၾကပါေစ။ ေမြးေနဆုေတာင္းသူမ်ား အားလံုးလည္း ေဘးရန္ကင္းကြာၿပီး

စိတ္ႏွလံုး ေအးခ်မ္းၾက ပါေစ။ ❤️🙏❤️” ဆိုၿပီး ေမြးေန့အမွတ္တရ ဆုေတာင္းစကားေလး ေျပာၾကားလို႔ လာခဲ့တာပဲ ျဖစ္ပါ တယ္ေနာ္။ ပရိသတ္ႀကီးတို႔ကလည္း

ျပည္သူ႔အခ်စ္ေတာ္ မင္းသားေခ်ာ ဇဏ္ခီရဲ့ ယေန့မွာက်ေရာက္ေသာ ေမြးေန့ရက္ျမတ္အတြက္ ေမြးေန့ဆုေတာင္းစကားမ်ား ေျပာၾကား ခ်ီးျမႇင့္ေပးခဲ့ ၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ဇဏ်ခီကတော့ ပေါလောကလို့ အပြောခံနေရတဲ့ မြန်မာ့ရုပ်ရှင်လောကကို လှုပ်ကိုင်နိုင်ခဲ့သူဖြစ်သလို

ပရိသတ်ပြည်သူတွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ဇဏ်ခီဟာ အနုပညာစွမ်းရည် ပြည့်ဝလှပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သလို

သူ့ရဲ့ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီဟာလည်း ဒါရိုက်တာတစ်ဦးအဖြစ်နဲ့ ပီပြင်ပြောင်မြောက်လှသော ဇာတ်ကားများကို ရိုက်ကူးပြီး ဇာတ်ကားကောင်းများကို ဖန်တီးပြနိုင်ခဲ့သဖြင့်

သူတို့ဇနီးမောင်နှံဟာ ခီမောင်နှံ ဆိုပြီး အချိန်တိုတိုအတွင်းမှာ ပရိသတ် ပြည်သူ တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ တာပဲဖြစ်ပါတယ်။

ဒီနေ့သြဂုတ်လ (၂၅)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသား ဖြစ်တဲ့ သရုပ်ဆောင် မင်းသားချော ဇဏ်ခီရဲ့ ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်။

ဇဏ်ခီဟာ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာ အသက် (၄၂)နှစ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပြီး ဇဏ်ခီရဲ့ မွေးနေ့အတွက် အနုပညာရှင်မောင်နှမတွေကလည်း

ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြတာ တွေ့ရပါ တယ်နော်။ ဇဏ်ခီကလည်း ဒီနေ့ မွေးနေ့ရက်မြတ်လေးမှာ သူ့ရဲ့ဘဝမှာ ကြုံခဲ့ခံစားခဲ့ရတာတွေကို ရင်ဖွင့် ပြောပြရင်း

မြန်မာပြည်သူပြည်သားများအတွက် အခုလို ဆုမွန်ကောင်းများ တောင်းပေးလို့ လာခဲ့ပါတယ်။ ဇဏ်ခီက “မွေးနေ့ဆုတောင်း၊ ဦးစွာဝန်ခံခြင်း ကျနော် အသက်တော်တော် ရတဲ့အထိ

မိသားစု ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ တခြားမိသားစုတွေ တယောက်နဲ့တယောက် ချစ်ကြ ဂရုစိုက်ကြရင် ကျနော်ခံစားလို့ မရခဲ့ဘူး။

လုံးဝ စက်ရုပ်တရုပ်လိုပဲ နားမလည်နိုင်ခဲ့ဘူး။ အကြောင်းကို ကြည့်လိုက်တော့ ရှင်းပါတယ်။ ကျနော့်မိသားစုက broken family (ခေါ်) dysfunctional family ဖြစ်နေတာကိုး။

ကျနော့်ကိုယ်ပိုင်မိသားစုလေး ဖြစ်လာတော့မှ တခြားမိသားစုတွေမှာ တယောက်အတွက် တယောက်အရေးပါမှုတွေ၊ ကလေးတွေဆိုရင်လည်း

ကျနော့်ရဲ့သားအပေါ်မှာ ကျနော်ထားမိတဲ့မေတ္တာကနေမှ တဆင့် မိဘတိုင်းရဲ့သားသမီးပေါ်မှာ ထားတဲ့မေတ္တာဆိုတာတွေကို သိရှိနားလည် ခံစားနိုင်လာခဲ့တယ်။

ဘယ်လောက်ချမ်းသာပြီး ပြည့်စုံစုံ ဘယ်လောက် ဆင်းရဲပြီး နုံချာချာ အတူတူပဲ ဆိုတာကိုလည်း ပိုသိလာတယ်။ ပြောချင်တာကတော့

ကိုယ့်မိသားစုတခုထဲကိုပဲ မကြည့်တတ်တော့ပဲ မိသားစုတွေအားလုံးရဲ့ အရေးပါမှု တန်ဖိုးကြီးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိခွင့်ရခဲ့တယ်။

ဒီတချက်က ကျနော့်ရဲ့မိသားစုဘဝကနေရခဲ့တဲ့ တန်ဖိုးအရှိဆုံး အမြတ်တခုပဲ။ ကိုယ့်မိသားစုနဲ့ နှိုင်းယှဉ်ပြီး တခြားမိသားစုတွေကို တန်ဖိုးထား တတ်သွားတယ်။

ကျနော့်မွေးနေ့မှာ ဆုတောင်းချင်တာကတော့🙏 အခုကျနော်တို့နိုင်ငံမှာ ဒုက္ခဆင်းရဲမှုပေါင်း များစွာကို ရင်စီးခံနေကြရတဲ့ မြောက်များစွာသောမိသားစုတွေ အကုန်လုံး

အမြန်ဆုံး အေးချမ်းမှုတွေ ရကြပါစေ။ 🙏၊တကွဲတပြား ဖြစ်နေတဲ့မိသားစုတွေအကုန်လုံးလည်း အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ပြန်လည်ဆုံစည်း နိုင်ကြပါစေ။

🙏 မြန်မာပြည်ကြီးလည်း ဥပဒေအထက် ဘယ်သူမှ မရှိတော့တဲ့အနေအထားတခုကို အမြန်ဆုံးရောက်နိုင်ပြီး ပြည်သူအကုန်လုံးဥပဒေရဲ့ကာကွယ်မှုတွေကို ပြန်လည်ရရှိနိုင်ကြပါစေ။

🙏ဓမ္မအတွက် အသက်ပေးသွားကြသော သူရဲကောင်းအပေါင်း မြင့်မြတ်တဲ့ ဘုံဗိမ္မာန်တွေမှာ အနားရကြပါစေ။ မွေးနေဆုတောင်းသူများ အားလုံးလည်း ဘေးရန်ကင်းကွာပြီး

စိတ်နှလုံး အေးချမ်းကြ ပါစေ။ ❤️🙏❤️” ဆိုပြီး မွေးနေ့အမှတ်တရ ဆုတောင်းစကားလေး ပြောကြားလို့ လာခဲ့တာပဲ ဖြစ်ပါ တယ်နော်။ ပရိသတ်ကြီးတို့ကလည်း

ပြည်သူ့အချစ်တော် မင်းသားချော ဇဏ်ခီရဲ့ ယနေ့မှာကျရောက်သော မွေးနေ့ရက်မြတ်အတွက် မွေးနေ့ဆုတောင်းစကားများ ပြောကြား ချီးမြှင့်ပေးခဲ့ ကြပါအုံးနော်။