ဖခင်ဖြစ်သူခင်လှိုင်ရဲ့ ကိုယ်စား မင်းမော်ကွန်းကို ပြန်လည်​တုန့်ပြန် ဖြေရှင်းလာတဲ့ သဇင်ထူးမြင့်

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ ျပည္သူ႔အခ်စ္ေတာ္ မင္းသားမင္းေမာ္ကြန္းမွ ဝါရင့္ ဟာသလူရႊင္ေတာ္ သရုပ္ေဆာင္ ခင္လိႈင္အား စီးပြားေရးေတြ အမ်ားႀကီး ပိုင္ဆိုင္ထားရဲ့နဲ႔

အြန္လိုင္းေပၚမွာ Liveလႊင့္ကာ စီးပြားရွာေနရတဲ့ အေၾကာင္းအရင္းဟာ ဘာေၾကာင့္မ်ားလဲ ဆိုၿပီး ေမးခြန္းထုတ္ ပို႔စ္တင္လာခဲ့တာ ပရိသတ္ႀကီးအားလံုး သိၿပီးျဖစ္မွာပါေနာ္။

အခုအခါမွာေတာ့ ၪီးခင္လိႈင္၏ သမီးျဖစ္သူ တက္သစ္စ သရုပ္ေဆာင္ မင္းသမီးေလး သဇင္ထူးျမင့္မွ ဖခင္ကိုယ္စား မင္းေမာ္ကြန္းထံသို႔ အခုလို ေရးသား တုန္႔ျပန္ေျဖရွင္းလာ ခဲ့ပါတယ္။

သဇင္ထူးျမင့္က “ေလးစားရပါေသာအကိုေက်ာ္ေက်ာ္ေဌးလြင္ရွင္၊ စကားအမွားပါသြားခဲ့ရင္ ႀကိဳေတာင္းပန္ပါတယ္။ ညီမအေကာင့္ကေန

အကို႔ကို တစ္ခါမွ မblockခဲ့ဖူးပါဘူး အကို႔ဘက္ကပဲ ညီမကို blockထားတဲ့အတြက္ ဒီစာေလးကို တစ္ဆင့္ျပေပးပါရွင့္။ ညီမတို႔မ်က္ရည္ခံ ထိုးေနျခင္း မဟုတ္ပါ

ညီမတို႔ အားလံုး အတူတူရိွခဲ့ၾကသည္ မွန္ပါသည္ တခါေလးမွအေပၚယံစိတ္နဲ႔ မလုပ္ခဲ့ဖူးပါ။ ဒုကၡမ်ားစြာလည္း ရင္ဆိုင္ခဲ့ရပါတယ္။ အဆံုးထိ စြန္႔လႊတ္ခဲ့တဲ့သူေတြနဲ႔ ယွဉ္ၿပီး

မေျပာပေလာက္ေပမယ့္ တစ္မိသားစုလံုး ေရာက္ခဲ့တဲ့ ဒုကၡတိုင္းကို အနားက သူေတြ အသိၾကဆံုးပါ။ ညီမတို႔အလုပ္ေတြကို တစ္ႏွစ္လံုးနားခဲ့တာပါ။

ဘာဝင္ေငြမွ မရိွပဲေနခဲ့တာပါ ေမေမ့က်န္းမာေရး ေအာက္ပိုင္းေသမလိုထိ ျဖစ္တဲ့ခ်ိန္မွာ ညီမ ပိုက္ဆံအရမ္းလိုလို႔ ေၾကာ္ျငာေလး ျပန္စရိုက္ပါတယ္။ ၿပီးေတာ့

ေမေမသက္သာခ်ိန္မွာ ေဖေဖ ဆီးေက်ာက္တည္တာကေန ေသြးအန္တဲ့ထိျဖစ္လို႔ မနည္းျပန္ကုထား ရတာပါ ။ ေရာဂါေတြ တခုၿပီးတခု ျဖစ္ၾကခ်ိန္ ဝင္ေငြ အရမ္းလိုအပ္ပါတယ္။

ဒါေတြ အနားက လူေတြသာ အသိဆံုးပါ။ ညီမတို႔ကို အခ်မ္းသာဆံုး လူရႊင္ေတာ္လို႔ ေျပာတဲ့တိုင္းေလး တကယ္ ျဖစ္ခ်င္ပါတယ္။ ဒီလိုအကုန္ခက္ခဲေနတဲ့ ကာလမွာ

ဘယ္လိုလူမ်ိဳးမို႔လို႔ ဘာအလုပ္မွမလုပ္ပဲ ထိုင္စားႏိုင္မွာလဲရွင့္။ ညီမတို႔လည္း သာမန္ျပည္သူထဲက ျပည္သူေတြပါ ဒုကၡေတြဆိုတာ လူတိုင္းမွာရိွပါတယ္။

ေဖေဖလည္း အမ်ားနည္းတူ မိသားစုအတြက္ ရိုးရိုးသားသား liveေစ်းေရာင္းတာပါ ေပ်ာ္ရႊင္ေနတဲ့ဘဝကို liveႀကီး လႊင့္ၿပီး ခ်ျပေနတာ မဟုတ္ပါဘူးရွင့္။

မေန့ကလည္း ေဖေဖ အကို႔ကို မblockခဲ့ပါဘူးရွင္ စျဖစ္ျဖစ္ခ်င္း liveရပ္ခဲ့ပါတယ္။ ေဖေဖစိတ္မေကာင္းမွာ စိုးလို႔ စာေတြ မဖတ္မိေအာင္ Facebook messenger ေတြ

ညီမကိုယ္တိုင္appကို ဖ်က္ထားေပးတာပါ မblockတာကို ညီမတို႔အသိဆံုးပါ။ စီးပြါးေရးလို႔ ႀကီးႀကီးက်ယ္က်ယ္ေျပာလို႔ရေအာင္ထိ ဝင္ေငြမ်ားရိွခဲ့ရင္

ဘာတစ္ခုမွ အလုပ္မလုပ္ေတာ့ပဲတကယ္ ေနခ်င္ပါတယ္။ မိသားစုစားဝတ္ေနေရးတြက္ အလုပ္ေလးေတာ့ လုပ္ပါရေစရွင့္။ မိသားစုမွာျဖစ္ေပၚေနတဲ့

ခ်ျပလို႔ မရတဲ့ အခက္ခဲေတြ ဝန္ထုပ္ဝန္ပိုးေတြကို အဆင္ေျပသလိုေလး ႀကိဳးစား ေျဖရွင္းေနရတာပါ။ အခုလိုအခက္ခဲေတြ အၾကပ္တည္းေတြ ရင္ဆိုင္ေနရခ်ိန္မွာ

မန္းေလးမွာရိွတဲ့ အေဒၚမိသားစုက ကူညီ ေစာင့္ေရွာက္ေပးခဲ့တဲ့ ေက်းဇူးေၾကာင့္သာ ညီမတို႔မိသားစုေလး ဟန္မပ်က္ ေနႏိုင္ခဲ့တာပါ။ အဲ့ဒီေက်းဇူးေတြေၾကာင့္

အေဒၚမိသားစုပိုင္ဆိုင္တဲ့ ဆိုင္ေလးကို တတ္ႏိုင္တဲ့ အႏုပညာေလးနဲ႔ ညီမတို႔ ဝိုင္းဝန္းေၾကာ္ညာေပးခဲ့တယ္။ ညီမတို႔ကို အားေပးခဲ့တဲ့သူေတြေၾကာင့္သာ

ယခုအေျခေနေလး ေရာက္ခဲ့တာပါ။ လက္ရိွအေျခေနမွာ ညီမတ္ို႔မိသားစုလုပ္ရပ္က ပစ္တင္ရႈတ္ခ်စရာ ျဖစ္ေနခဲ့ရင္လည္း ေက်နပ္စြာ လက္ခံပါ့မယ္။

အမွားမ်ား ပါခဲ့ရင္လည္း ထပ္ၿပီးေတာင္းပန္ပါတယ္။ မိသားစုအခက္အခဲနဲ႔ စားဝတ္ေနေရးမ်ားေၾကာင့္ အလုပ္ေလးေတာ့ ဆက္လုပ္သြားမွာမို႔ ေလးစားခ်စ္ခင္စြာေလးအသိေပးပါရေစရွင့္။

ခ်စ္ခင္ေလးစားလ်က္ပါ အကိုေရ စိတ္က်န္းမာ ကိုယ္ခ်မ္းသာၿပီး အစစအရာရာ အဆင္ေျပ ေခ်ာ့ေမြ့ပါေစ အကို🙏။” ဆိုၿပီး

အမ်ားျပည္သူမ်ားနည္းတူ သူမတို႔မိသားစုလည္း ခက္ခဲေနသလို က်န္းမာေရးေတြလည္း မေကာင္းတာမို႔ ဒုကၡေရာက္ေနရကာ အေဒၚမိသားစုေၾကာင့္သာ

ဟန္မပ်က္ ဆက္လက္ရပ္တည္ေန ႏိုင္တာျဖစ္ေၾကာင္းနဲ႔ ေျပာျပလို႔ မရတဲ့ အခက္အခဲေတြလည္း ရိွတာေၾကာင့္ အလုပ္ေတြကို မနားႏိုင္ဘဲ ဆက္လက္ လုပ္ကိုင္သြားမွာ ျဖစ္ေၾကာင္း

သဇင္ထူးျမင့္က ဖခင္ျဖစ္သူ ၪီးခင္လိႈင္အစား သရုပ္ေဆာင္မင္းေမာ္ကြန္းအား ျပန္လည္ေျဖရွင္း တုန္႔ျပန္ ေျပာၾကား လာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် မင်းသားမင်းမော်ကွန်းမှ ဝါရင့် ဟာသလူရွှင်တော် သရုပ်ဆောင် ခင်လှိုင်အား စီးပွားရေးတွေ အများကြီး ပိုင်ဆိုင်ထားရဲ့နဲ့

အွန်လိုင်းပေါ်မှာ Liveလွှင့်ကာ စီးပွားရှာနေရတဲ့ အကြောင်းအရင်းဟာ ဘာကြောင့်များလဲ ဆိုပြီး မေးခွန်းထုတ် ပို့စ်တင်လာခဲ့တာ ပရိသတ်ကြီးအားလုံး သိပြီးဖြစ်မှာပါနော်။

အခုအခါမှာတော့ ဦးခင်လှိုင်၏ သမီးဖြစ်သူ တက်သစ်စ သရုပ်ဆောင် မင်းသမီးလေး သဇင်ထူးမြင့်မှ ဖခင်ကိုယ်စား မင်းမော်ကွန်းထံသို့ အခုလို ရေးသား တုန့်ပြန်ဖြေရှင်းလာ ခဲ့ပါတယ်။

သဇင်ထူးမြင့်က “လေးစားရပါသောအကိုကျော်ကျော်ဌေးလွင်ရှင်၊ စကားအမှားပါသွားခဲ့ရင် ကြိုတောင်းပန်ပါတယ်။ ညီမအကောင့်ကနေ

အကို့ကို တစ်ခါမှ မblockခဲ့ဖူးပါဘူး အကို့ဘက်ကပဲ ညီမကို blockထားတဲ့အတွက် ဒီစာလေးကို တစ်ဆင့်ပြပေးပါရှင့်။ ညီမတို့မျက်ရည်ခံ ထိုးနေခြင်း မဟုတ်ပါ

ညီမတို့ အားလုံး အတူတူရှိခဲ့ကြသည် မှန်ပါသည် တခါလေးမှအပေါ်ယံစိတ်နဲ့ မလုပ်ခဲ့ဖူးပါ။ ဒုက္ခများစွာလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အဆုံးထိ စွန့်လွှတ်ခဲ့တဲ့သူတွေနဲ့ ယှဉ်ပြီး

မပြောပလောက်ပေမယ့် တစ်မိသားစုလုံး ရောက်ခဲ့တဲ့ ဒုက္ခတိုင်းကို အနားက သူတွေ အသိကြဆုံးပါ။ ညီမတို့အလုပ်တွေကို တစ်နှစ်လုံးနားခဲ့တာပါ။

ဘာဝင်ငွေမှ မရှိပဲနေခဲ့တာပါ မေမေ့ကျန်းမာရေး အောက်ပိုင်းသေမလိုထိ ဖြစ်တဲ့ချိန်မှာ ညီမ ပိုက်ဆံအရမ်းလိုလို့ ကြော်ငြာလေး ပြန်စရိုက်ပါတယ်။ ပြီးတော့

မေမေသက်သာချိန်မှာ ဖေဖေ ဆီးကျောက်တည်တာကနေ သွေးအန်တဲ့ထိဖြစ်လို့ မနည်းပြန်ကုထား ရတာပါ ။ ရောဂါတွေ တခုပြီးတခု ဖြစ်ကြချိန် ဝင်ငွေ အရမ်းလိုအပ်ပါတယ်။

ဒါတွေ အနားက လူတွေသာ အသိဆုံးပါ။ ညီမတို့ကို အချမ်းသာဆုံး လူရွှင်တော်လို့ ပြောတဲ့တိုင်းလေး တကယ် ဖြစ်ချင်ပါတယ်။ ဒီလိုအကုန်ခက်ခဲနေတဲ့ ကာလမှာ

ဘယ်လိုလူမျိုးမို့လို့ ဘာအလုပ်မှမလုပ်ပဲ ထိုင်စားနိုင်မှာလဲရှင့်။ ညီမတို့လည်း သာမန်ပြည်သူထဲက ပြည်သူတွေပါ ဒုက္ခတွေဆိုတာ လူတိုင်းမှာရှိပါတယ်။

ဖေဖေလည်း အများနည်းတူ မိသားစုအတွက် ရိုးရိုးသားသား liveစျေးရောင်းတာပါ ပျော်ရွှင်နေတဲ့ဘဝကို liveကြီး လွှင့်ပြီး ချပြနေတာ မဟုတ်ပါဘူးရှင့်။

မနေ့ကလည်း ဖေဖေ အကို့ကို မblockခဲ့ပါဘူးရှင် စဖြစ်ဖြစ်ချင်း liveရပ်ခဲ့ပါတယ်။ ဖေဖေစိတ်မကောင်းမှာ စိုးလို့ စာတွေ မဖတ်မိအောင် Facebook messenger တွေ

ညီမကိုယ်တိုင်appကို ဖျက်ထားပေးတာပါ မblockတာကို ညီမတို့အသိဆုံးပါ။ စီးပွါးရေးလို့ ကြီးကြီးကျယ်ကျယ်ပြောလို့ရအောင်ထိ ဝင်ငွေများရှိခဲ့ရင်

ဘာတစ်ခုမှ အလုပ်မလုပ်တော့ပဲတကယ် နေချင်ပါတယ်။ မိသားစုစားဝတ်နေရေးတွက် အလုပ်လေးတော့ လုပ်ပါရစေရှင့်။ မိသားစုမှာဖြစ်ပေါ်နေတဲ့

ချပြလို့ မရတဲ့ အခက်ခဲတွေ ဝန်ထုပ်ဝန်ပိုးတွေကို အဆင်ပြေသလိုလေး ကြိုးစား ဖြေရှင်းနေရတာပါ။ အခုလိုအခက်ခဲတွေ အကြပ်တည်းတွေ ရင်ဆိုင်နေရချိန်မှာ

မန်းလေးမှာရှိတဲ့ အဒေါ်မိသားစုက ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့်သာ ညီမတို့မိသားစုလေး ဟန်မပျက် နေနိုင်ခဲ့တာပါ။ အဲ့ဒီကျေးဇူးတွေကြောင့်

အဒေါ်မိသားစုပိုင်ဆိုင်တဲ့ ဆိုင်လေးကို တတ်နိုင်တဲ့ အနုပညာလေးနဲ့ ညီမတို့ ဝိုင်းဝန်းကြော်ညာပေးခဲ့တယ်။ ညီမတို့ကို အားပေးခဲ့တဲ့သူတွေကြောင့်သာ

ယခုအခြေနေလေး ရောက်ခဲ့တာပါ။ လက်ရှိအခြေနေမှာ ညီမတ်ို့မိသားစုလုပ်ရပ်က ပစ်တင်ရှုတ်ချစရာ ဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာ လက်ခံပါ့မယ်။

အမှားများ ပါခဲ့ရင်လည်း ထပ်ပြီးတောင်းပန်ပါတယ်။ မိသားစုအခက်အခဲနဲ့ စားဝတ်နေရေးများကြောင့် အလုပ်လေးတော့ ဆက်လုပ်သွားမှာမို့ လေးစားချစ်ခင်စွာလေးအသိပေးပါရစေရှင့်။

ချစ်ခင်လေးစားလျက်ပါ အကိုရေ စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး အစစအရာရာ အဆင်ပြေ ချော့မွေ့ပါစေ အကို🙏။” ဆိုပြီး

အများပြည်သူများနည်းတူ သူမတို့မိသားစုလည်း ခက်ခဲနေသလို ကျန်းမာရေးတွေလည်း မကောင်းတာမို့ ဒုက္ခရောက်နေရကာ အဒေါ်မိသားစုကြောင့်သာ

ဟန်မပျက် ဆက်လက်ရပ်တည်နေ နိုင်တာဖြစ်ကြောင်းနဲ့ ပြောပြလို့ မရတဲ့ အခက်အခဲတွေလည်း ရှိတာကြောင့် အလုပ်တွေကို မနားနိုင်ဘဲ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း

သဇင်ထူးမြင့်က ဖခင်ဖြစ်သူ ဦးခင်လှိုင်အစား သရုပ်ဆောင်မင်းမော်ကွန်းအား ပြန်လည်ဖြေရှင်း တုန့်ပြန် ပြောကြား လာခဲ့တာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။