တောဓလေ့ ရွာဓလေ့ကို နှစ်သက်ရင် ရွာကို အလည်ဝင် ခဲ့ကြပါဗျ ဆိုပြီး ပရိသတ်တွေကို ဖိတ်ခေါ်လာတဲ့ ကောင်းမြတ်စံ

(Zawgyiဖြင့် ဖတ်ရန်)










(Unicodeဖြင့် ဖတ်ရန်)

ရွာလေးသို့ အလည်လာဖို့ ချစ်ရတဲ့ ပရိတ်သတ်ကြီးကို လှိုက်လှဲစွာ ဖိတ်ခေါ်လာတဲ့ သရုပ်ဆောင် မင်းသားချော လေး ကောင်းမြတ်စံ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းသား ချောလေး ကောင်းမြတ်စံ ကတော့ MRTV4 ဇာတ်လမ်းတွဲတွေနဲ့ လူသိများလာတဲ့ မင်းသားတစ်လက် ဖြစ်ပြီး

ချောမောတဲ့ ရုပ်ရည်နဲ့ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထား သူဖြစ်ပါတယ် နော်။

သရုပ်ဆောင်မှု ပီပြင်တဲ့အပြင် ပွင့်လင်းရိုးသားသော ပြောဟန်ဆိုဟန်လေးတွေ ကြောင့်လည်း ပရိသတ်တွေအနေနဲ့ ကောင်းမြတ်စံကို ပိုပြီး ချစ်ခင် အားပေး ဝန်းရံနေကြတာလည်းဖြစ် ပါတယ်။

ယခုအခါမှာတော့ MRTV4ကနေပြီးတော့ ကောင်းမြတ်စံနဲ့ မေမြင့်မိုရ်တို့ရဲ့ “ရွာလည်တဲ့ ဖူးစာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ထုတ်လွှင့် ပြသနေတာ ဖြစ်ပြီး ပရိသတ်တွေကလည်း

အချစ်ဟာသ ဇာတ်မြူးလေးဖြစ်တဲ့ ရွာလည်တဲ့ဖူးစာ ဇာတ်လမ်းတွဲလေးကို အပိုင်းတိုင်း မလွတ်တမ်း စောင့်မျှော်ကြည့်ရှု့ အားပေးနေကြတာ လည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့သရုပ်ဆောင် မင်းသားချောလေး ကောင်းမြတ်စံမှ ချစ်စရာကျေးလက်ဒေသ သဘာဝကျကျ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလာရင်း

ချစ်သောပရိသတ်ကြီးအား “ကြုံလို့ရှိရင် ရွာကို အလည်ခေါ် ချင်သေး တာဗျ” ဆိုပြီး ဖိတ်ခေါ် လာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးတို့ထဲမှာကော

မင်းသားချောလေး ကောင်းမြတ်စံနဲ့ အတူတူ တောဓလေ့ ရွာဓလေ့မှာ ကျေးလက်အငွေ့အသက်လေးတွေ ခံစားပြီး ရွာလေးမှာ အတူ ပျော်မွေ့ရှိနေချင်သူတွေ ရှိလား ပြောခဲ့ကြပါအုံးနော်။