သူမကိုယ်တိုင်လည်း အကြိမ်ကြိမ် ပေးဆပ်ခဲ့သူမို့ နှိုင်းယှဥ်မှုတွေ မပြုကြဖို့ ပြောလာတဲ့ ဖူးပွင့်ခိုင်

(Zawgyiဖြင့် ဖတ်ရန်)














(Unicodeဖြင့် ဖတ်ရန်)

သူ ကိုယ်တိုင်ကလည်း ယခုကြုံတွေ့နေရသော နိုင်ငံ့အရေးမှာနဲ့ ပေးဆပ်ခဲ့ဖူးတာတွေ ရှိတာမို့ မြတ်နိုးအေးနဲ့နှိုင်းယှဉ်ပြောဆိုတာမျိုးတွေ မလုပ်သင့်ဘူးဆိုတဲ့ ဖူးပွင့်ခိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ နာမည်ကြီး ဆက်စီ မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ဖူးပွင့်ခိုင် ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူနိုင်ရင် ကိုယ်လုံးတီး Liveလွှင့်ပြမယ်ဆိုပြီး

အမှန်တကယ်လည်း လိုက်ခ်လွှင့်ခဲ့တာမို့ ပရိသတ်ပြည်သူတွေ ကြားမှာ ဂယက်ထ ပွဲဆူနေခဲ့ရတာ ပဲဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေမကောင်းတဲ့အချိန်မှာ

ပြည်သူတွေကို အာရုံလွဲအောင်ပြုလုပ်ခဲ့ တယ်ဆိုတဲ့ ပြောဆိုမှုတွေရဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိခဲ့တာပဲဖြစ် ပါတယ်။ ဒါ့အပြင် ဆက်စီ မော်ဒယ်လ်ဖူးပွင့်ခိုင် Live လွှင့်တဲ့ တချိန်ထဲမှာပဲ

တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသော သရုပ်ဆောင် မင်းသမီး မြတ်နိုးအေးကလည်း တော်လှန်ရေး ရန်ပုံငွေအတွက် Liveလွင့်တာနဲ့

အချိန်ကာလ တိုက်ဆိုင် တူညီနေတာကြောင့်လည်း ပရိသတ်တွေက ဖူးပွင့်ခိုင်ရဲ့အဖော် အချွတ်Liveနဲ့ မြတ်နိုးအေးLiveနဲ့ နှိုင်းယှဉ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖူးပွင့်ခိုင်က “မနေ့က Liveမှာ အမတစ်ယောက်နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့ရပါတယ်ရှင်။ အမှန်တော့ အဲလိုမျိုး မလုပ်သင့်ပါဘူးရှင်။

ညီမလည်း ပေးဆပ်ခဲ့တာတွေ အများကြီး ရှိပါတယ်ရှင်။ ညီမအရင်က ထိုင်းမီဒီယာတွေမှာ အင်တာဗျူးဖြေတဲ့အထိပါ ညီမ ပါဝင်ခဲ့ပါသေးတယ်ရှင်။

ညီမလည်းအများကြီး တတ်နိင်သလောက် စည်းလုံးလုပ်ဆောင်ပေးခဲ့ပါ တယ်ရှင်။ ညီမ ခံဝန်နဲ့ထွက်လာတာ ၂ခေါက်မြှောက် ရှိပါပြီရှင်။

လိုင်းပေါ် သတင်းဖြန့် မခံခဲ့ရပါဘူးရှင်။ အခုကလည်း ဟိုအမlive ကိုညီမထပ် အဆပေါင်းများစွာ သွားကြည့်စေချင် ပါတယ်ရှင်။

ညီမ ပွဲရှာတာမျိုး မဟုတ်ပဲ ညီမဒီအလုပ်နဲ့ ရပ်တည်လုပ်ကိုင် ရတာမျိုးဖြစ်လို့ ညီမလုပ်ခဲ့ တာပါရှင်။ ကြေငြာလေးတွေ ရခဲ့ရင်လည်း

ညီမအတတ်နိင်ဆုံး မပြည့်စုံတဲ့သူတွေကို တစ်ဆင့်လှူပေးပါတယ် ရှင်🙏 ပြောချင်တာက ညီမအလုပ်လေး ညီမလုပ်နေတဲ့သူ ဖြစ်တာမို့

ဘယ်သူ့ကိုမှ ထိခိုက်ပါစေလို့ မရည်ရွယ်ခဲ့ ပါဘူးရှင်။ Live ကြည့်လည်းရတယ် မကြည့်လည်းရပါတယ်ရှင် ကိုယ်ပိုင်ဆုံးဖြက်ချက်နဲ့ကိုယ် ကြည့်လို့ရပါတယ်ရှင် ❤️” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။