ခင်ပွန်းလောင်းက တစ်ခုလပ်ဆိုပြီး ဝေဖန်နေကြတဲ့အပေါ် ပြတ်သားစွာ တုန့်ပြန်လာတဲ့ ခေးဆက်သွင်

(Zawgyiျဖင့္ ဖတ္ရန္)

မၾကာမွီရက္ပိုင္းက လက္ထပ္ခြင့္ေတာင္းလာၿပီး သူမက လက္ခံလိုက္တဲ့ သူမရဲ့ခင္ပြန္းေလာင္းဟာ တစ္ခုလပ္ ျဖစ္ေနတဲ့အတြက္

အြန္လိုင္းထက္မွာ ေဝဖန္ေျပာဆို ေနၾကတဲ့ အေပၚ အခ်က္က်က်နဲ႔ ျပန္လည္ တံု႔ျပန္ ေျပာဆိုလိုက္တဲ့ သရုပ္ေဆာင္ ေခးဆက္သြင္

မဂၤလာပါ ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ မင္းသမီးေလး ျဖစ္တဲ့ သရုပ္ေဆာင္ မင္းသမီးေခ်ာေလး ေခးဆက္သြင္ကေတာ့

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ လက္ထပ္ခြင့္ေတာင္းတာကို လက္ခံလိုက္ကာ သူမရဲ့ခ်စ္သူေလးနဲ႔ ေရႊလက္တြဲေတာ့မယ့္အေၾကာင္း ပရိသတ္ေတြကို အသိေပး လာခဲ့ပါတယ္။

အခုလို ေၾကာ္ျငာၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ သူမရဲ့ခင္ပြန္းေလာင္းနဲ႔ ပတ္သက္ၿပီး ေနာက္ေၾကာင္းေတြ ေဖာ္ေနတာေတြကို ေခးဆက္သြင္ဟာ ႀကံဳေတြ့ေနခဲ့ ရပါတယ္။

ဒီလိုေနာက္ေၾကာင္းေဖာ္ကာ ေျပာေနၾကတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေခးဆက္သြင္က “ဟုတ္ကဲ့ ေခးခ်စ္သူက တစ္ခုလပ္ပါ။ လက္ရိွအိမ္ေထာင္လည္း မရိွပါဘူးရွင့္။

ကြဲခဲ့တာ ၾကာပါၿပီ။ ဘာလို႔ ယူဖို႔ဆံုးျဖတ္လည္း ဆိုေတာ့ ခ်စ္လို႔ပါ ေယာက်ာ္းေကာင္း ပီသလို႔ပါ။ နားလည္မႈ တာဝန္ယူမႈရိွၿပီး မေဖာက္ျပန္လို႔ပါ။

စDate ကတည္းက အားလံုး မကြယ္မဝွက္ ပြင့္ပြင့္လင္းလင္း ေျပာျပထားၿပီးသားပါ။ သူ႔မိသားစုနဲ႔လည္း ခဏခဏ ေတြ့ၾကၫ့္ၿပီး ရင္းႏွီးၿပီးသားပါ။

ပတ္ဝန္းက်င္ သူငယ္ခ်င္း မိတ္ေဆြၾကားမွာလည္း မေကာင္းသတင္း မၾကားရတဲ့ မိသားစုပါ။ သူတို႔ေဆြမ်ိဳးေတြၾကားမွာ ျဖစ္တဲ့ အိမ္တြင္းေရးျပႆနာနဲ႔

အမႈအခင္း ကိစၥေတြက ေခး သိၿပီးသားပါရွင့္။ ခ်စ္လို႔ ခင္လို႔ လာေျပာျပၾကတဲ့ ေစတနာေတြကို နားလည္ေပမယ့္ တခ်ိဳ႕က အရွက္ခြဲခ်င္လို႔

အားလံုးရိွတဲ့ ေခးရဲ့ post ေအာက္က public commentမွာ လာမန႔္တာေတြ သတင္း media page ေအာက္မွာ ဝင္ေရးတဲ့ သူေတြက်ေတာ့ ဘယ္လို နားလည္ရမွန္း မသိလို႔ပါရွင္။

တကယ္သိေစခ်င္လို႔ ခ်စ္တဲ့စိတ္ရိွသူတိုင္းက Cbက လာေျပာၾကပါတယ္။ ခ်စ္လို႔ခင္လို႔ ေစတနာထားၾကတာ ေက်းဇူးပါေနာ္။

တစ္စိတ္ကို တစ္အိတ္ မျဖစ္ေစခ်င္လို႔ပါ။ ေခး အဆင္ေျပပါတယ္” ဆိုၿပီး ခင္ပြန္းေလာင္းနဲ႔ ပတ္သက္သမ်ွ မိသားစုကိစၥ အေၾကာင္းေတြ အကုန္လံုးကို

သူမအေနနဲ႔ သိရိွထားၿပီး​တဲ့အတြက္ ခ်စ္တဲ့စိတ္နဲ႔ ပူပန္ေနၾကသူေတြ စိတ္မပူၾကဖို႔အတြက္ ျပန္လည္ေျဖရွင္း ေျပာျပ လာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး။

(Unicodeဖြင့် ဖတ်ရန်)

မကြာမှီရက်ပိုင်းက လက်ထပ်ခွင့်တောင်းလာပြီး သူမက လက်ခံလိုက်တဲ့ သူမရဲ့ခင်ပွန်းလောင်းဟာ တစ်ခုလပ် ဖြစ်နေတဲ့အတွက်

အွန်လိုင်းထက်မှာ ဝေဖန်ပြောဆို နေကြတဲ့ အပေါ် အချက်ကျကျနဲ့ ပြန်လည် တုံ့ပြန် ပြောဆိုလိုက်တဲ့ သရုပ်ဆောင် ခေးဆက်သွင်

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေး ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ကာ သူမရဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေး လာခဲ့ပါတယ်။

အခုလို ကြော်ငြာပြီးတဲ့ နောက်ပိုင်းမှာတော့ သူမရဲ့ခင်ပွန်းလောင်းနဲ့ ပတ်သက်ပြီး နောက်ကြောင်းတွေ ဖော်နေတာတွေကို ခေးဆက်သွင်ဟာ ကြုံတွေ့နေခဲ့ ရပါတယ်။

ဒီလိုနောက်ကြောင်းဖော်ကာ ပြောနေကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခေးဆက်သွင်က “ဟုတ်ကဲ့ ခေးချစ်သူက တစ်ခုလပ်ပါ။ လက်ရှိအိမ်ထောင်လည်း မရှိပါဘူးရှင့်။

ကွဲခဲ့တာ ကြာပါပြီ။ ဘာလို့ ယူဖို့ဆုံးဖြတ်လည်း ဆိုတော့ ချစ်လို့ပါ ယောကျာ်းကောင်း ပီသလို့ပါ။ နားလည်မှု တာဝန်ယူမှုရှိပြီး မဖောက်ပြန်လို့ပါ။

စDate ကတည်းက အားလုံး မကွယ်မဝှက် ပွင့်ပွင့်လင်းလင်း ပြောပြထားပြီးသားပါ။ သူ့မိသားစုနဲ့လည်း ခဏခဏ တွေ့ကြည့်ပြီး ရင်းနှီးပြီးသားပါ။

ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေကြားမှာလည်း မကောင်းသတင်း မကြားရတဲ့ မိသားစုပါ။ သူတို့ဆွေမျိုးတွေကြားမှာ ဖြစ်တဲ့ အိမ်တွင်းရေးပြဿနာနဲ့

အမှုအခင်း ကိစ္စတွေက ခေး သိပြီးသားပါရှင့်။ ချစ်လို့ ခင်လို့ လာပြောပြကြတဲ့ စေတနာတွေကို နားလည်ပေမယ့် တချို့က အရှက်ခွဲချင်လို့

အားလုံးရှိတဲ့ ခေးရဲ့ post အောက်က public commentမှာ လာမန့်တာတွေ သတင်း media page အောက်မှာ ဝင်ရေးတဲ့ သူတွေကျတော့ ဘယ်လို နားလည်ရမှန်း မသိလို့ပါရှင်။

တကယ်သိစေချင်လို့ ချစ်တဲ့စိတ်ရှိသူတိုင်းက Cbက လာပြောကြပါတယ်။ ချစ်လို့ခင်လို့ စေတနာထားကြတာ ကျေးဇူးပါနော်။

တစ်စိတ်ကို တစ်အိတ် မဖြစ်စေချင်လို့ပါ။ ခေး အဆင်ပြေပါတယ်” ဆိုပြီး ခင်ပွန်းလောင်းနဲ့ ပတ်သက်သမျှ မိသားစုကိစ္စ အကြောင်းတွေ အကုန်လုံးကို

သူမအနေနဲ့ သိရှိထားပြီး​တဲ့အတွက် ချစ်တဲ့စိတ်နဲ့ ပူပန်နေကြသူတွေ စိတ်မပူကြဖို့အတွက် ပြန်လည်ဖြေရှင်း ပြောပြ လာခဲ့တာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။