ချက်ချင်းလက်ငင်း အရမ်းတွေ မွဲပြနေသော တစ်ယောက်သောသူအား ခိုင်မာတဲ့စိတ်ဓာတ်က ဘယ်လိုမျိုးလဲဆိုတာ ချပြလိုက်တဲ့ Double J

(Zawgyiဖြင့် ဖတ်ရန်)





ယခုရက်ပိုင်း ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းမော်ကွန်းမှ နာမည်ကြီးဟာသသရုပ်ဆောင် လူရွှင်တော် တစ်ဉီးကို ပြင်ပစီးပွားရေးတွေ များစွာရှိရဲ့နဲ့

အွန်လိုင်းပေါ်ထိ liveလွှင့် ဈေးရောင်းနေရတဲ့ အကြောင်းရင်းဟာ ဘာများလဲ ဆိုပြီး မေးခွန်းထုတ်ထားတာကို ထိုလူရွှင်တော်ကြီး၏ သမီးမှ








(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ လူငယ်ပရိသတ်တွေကြား အထူးရေပန်းစားပြီး လူကြိုက်များလှတဲ့ အဆိုတော် Double Jကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါနော်။

Double Jဟာ လူငယ်တွေ ကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ သီချင်းတွေကြောင့် သာမက သူ့ရဲ့စတိုင်လ်ကပါ

ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။Double J ဟာ တက်ကြွရဲရင့်သော လူငယ်တစ်ယောက်ပီပီ လက်ရှိကာလမှာလည်း

သူ့ရဲ့ရပ်တည်ချက်နဲ့ ခံယူချက်ကို ပြတ်သားစွာ ပြသ ဖော်ထုတ် ရေးသားတတ်သူ တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ပရိသတ်တွေချစ် ရတဲ့Double Jဟာ

ယခုရက်ပိုင်း ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းမော်ကွန်းမှ နာမည်ကြီးဟာသသရုပ်ဆောင် လူရွှင်တော် တစ်ဦးကို ပြင်ပစီးပွားရေးတွေ များစွာရှိရဲ့နဲ့

အွန်လိုင်းပေါ်ထိ liveလွှင့် စျေးရောင်းနေရတဲ့ အကြောင်းရင်းဟာ ဘာများလဲ ဆိုပြီး မေးခွန်းထုတ်ထားတာကို ထိုလူရွှင်တော်ကြီး၏ သမီးမှ

သူမတို့ မိသားစု စီးပွားရေးဟာ ဘာမှ မရှိကြောင်း၊ သူမတို့ဆိုင်ဆိုတာကလည်း သူမတို့ဆိုင် မဟုတ်ကြောင်း အဒေါ်ဖြစ်သူက ပျက်လုလုမိသာစစု ဘဝကို ကယ်ထားတာဖြစ်ကြောင်းတွေ

နေ့ချင်းညချင်း ရုတ်တရက် မွဲဆင်းသွားတဲ့ အပေါ် DoubleJက သူ့ရဲ့အမြင်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောလာတာကို တွေ့ရပါတယ် နော်။

Double J က “တစ်ခုပြောပြမယ် ဒီကာလကြီးထဲမှာတင် အမေ့ကိုလည်းဆုံးရှုံးသွားခဲ့ပြီးပြီ။ အခုဆို အဖေ ဆေးရုံတင်နေရတဲ့ အခြေအနေမှာတောင်

မင်းတို့လို တစ်ပြားမှ မရှိလို့ ပွဲလက်ခံလိုက် တာပါဆိုတဲ့ အကြောင်းပြချက် ငါ့မှာ မရှိခဲ့ဖူးဘူး။ ဒီလောက်ဆို မင်းတို့လည်း ခံစားတတ်ကြမှာပါ 😅’” ဆိုပြီး

သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြတ်သားစွာ ပြောလာပါတယ်။Double J ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့မှာ နိုင်ငံရေးပိုစ့်တွေကြောင့် ထိန်းသိမ်းခံရတဲ့အထိ

သူ့ရဲ့ ပြတ်သားသော ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြသထားသူ တစ်ယောက်လည်း ပဲဖြစ်ပါတယ်။ ပရိသတ် မချစ်သော သူတွေအတွက်တော့ အထွေအထူး မပြောလိုပေမယ့်

ပရိသတ်ချစ်တဲ့ Double J တစ်ယောက် ပရိသတ်တွေနှင့်အတူ အဆင်ပြေသော နေ့ရက်တွေ အမြန်ဆုံး ရောက်ရှိလာပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။