ရန်ကုန် မြို့လယ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကျောချမ်းစရာ အဖြစ်အပျက်ကို ပရိသတ်ပြည်သူများ သတိထားနိုင်ဖို့ မျှဝေပြောပြလာတဲ့ ဒေါင်းဝေ
(Zawgyiဖြင့် ဖတ်ရန်)
ကျရာဇာတ်ရုပ်တိုင်းကို သူ တက်စွမ်းသမျှ အနုပညာနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက် ပေးနိုင်စွမ်းတဲ့သူမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ တစ်ဉီးဖြစ်သလို
အနုပညာ လှုပ်ရှားမှုတွေကို သာမက သူ့ရဲ့တစ်နေ့တာ ဖြစ်ပျက်သမျှနဲ့ ဖြတ်သန်းကြုံတွေ့ ရသမျှတွေကိုပါ ပရိသတ်တွေကို မျှဝေပေးလေ့ ရှိသူတစ်ဉီးဖြစ်ပြီး
(Unicodeဖြင့် ဖတ်ရန်)
ရန်ကုန်မြို့ရဲ့ လူစည်ကားရာ မြို့လည်ခေါင်ကြီးမှာဆောင် စိတ်မချရတော့တဲ့ အဖြစ်နဲ့ ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်အကြောင်းကို အားလုံးသိကာ သတိပြုနိုင်ဖို့ ပြောပြလာတဲ့ ဒေါင်းဝေ
မင်္ဂလာပါ ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တစ်ယောက် ဖြစ်သလို အဆိုတော် တစ်ယောက်လည်း ဖြစ်တဲ့ ဒေါင်းဝေကိုတော့
ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါနော်။ သရုပ်ဆောင်ဒေါင်းဝေဟာ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပြီး
ကျရာဇာတ်ရုပ်တိုင်းကို သူ တက်စွမ်းသမျှ အနုပညာနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက် ပေးနိုင်စွမ်းတဲ့သူမို့ ပရိသတ်တွေရဲ့ အားပေးမှုကိုု အခိုင်အမာ ရရှိထားသူ တစ်ဦးဖြစ်သလို
ပရိသတ်တွေနဲ့ ရင်းနှီးနွေးထွေးသွာ ဆက်ဆံတတ်သောကြောင့် လူချစ်လူခင်များသူ တစ်ဦးလည်း ဖြစ်ပါတယ်နော်။ ဒေါင်းဝေက သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာထက်က နေပြီးတော့
အနုပညာ လှုပ်ရှားမှုတွေကို သာမက သူ့ရဲ့တစ်နေ့တာ ဖြစ်ပျက်သမျှနဲ့ ဖြတ်သန်းကြုံတွေ့ ရသမျှတွေကိုပါ ပရိသတ်တွေကို မျှဝေပေးလေ့ ရှိသူတစ်ဦးဖြစ်ပြီး
ဒီတစ်ခါမှာလည်း သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့လည်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပရိသတ်ပြည်သူများ သတိထား သိထား ဂရုစိုက်နိုင်ကြ စေရန်အတွက်
စေတနာရှေ့ထားပြီး ဝေမျှပြောပြပေးလာ ခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းဝေက သူကြုံတွေ့ခဲ့ရတဲ့ ကျောချမ်စစရာ အဖြစ်အပျက်ကို အခုလိုပဲ ပြောပြလို့ လာခဲ့တာပါ။
“သုဝနမီးပွိုင့်မှာ မီးပွိုင့်မိနေတုန်း ကားထဲ လက်ကြီးဝင်လာပြီး ဒက်ဘုတ်ပေါ် တင်ထားတဲ့ ဖုန်းကို အတင်းဝင်လုတယ်၊ လက်ကို ပိတ်ရိုက်ပြီး
ကားတံခါးမှန် အမြန်တင်လိုက်တာ တစ်ယောက်တည်းမှန်းလည်း သိရော၊ ဘေးတံခါးကို အတင်းလိုက်ဆွဲဖွင့်တယ်။ လူနှစ်ယောက် ခါးကြားဓားပါ ထိုးထားတာ
မီးပွိုင့်လွှတ်တာ မြန်လို့ တော်သေးတယ် ဂရုစိုက်ကြပါ ကားမှန်တင်မောင်းကြပါ ရန်ကုန် ။” ဆိုပြီး သတိပေး လာခဲ့တာပဲ ဖြစ်ပါတယ်နော်။
ပရိသတ်ကြီးရေ ဒေါင်းဝေကတော့ ရန်ကုန်မြို့လည်ခေါင်ကြီးမှာ ကားမောင်းနေတုန်း ဖုန်းလုခံရလု နီးပါးဖြစ်ခဲ့ ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်အကြောင်းကို
ပရိသတ်ပြည်သူများ အားလုံးလည်း သတိထား ရအောင် ပြောပြလာခဲ့တာပဲဖြစ် ပါတယ်နော်။ ဖတ်ရှု့အားပေးနေကြသော ပရိသတ်ပြည်သူများလည်း
ခေတ်ကာလ အခြေအနေအရ အသွားအလာတိုင်းကို အဖော်အပေါင်းနဲ့ ဂရုတစိုက်နဲ့ သွားလာကြပြီး ၊ မဖြစ်မနေ တစ်ယောက်ထဲ သွားလာရခြင်းမျိုးမှာ
အစစ အရာရာ ပိုမို သတိပြု ဂရုစိုက်ကာ သွားလာကြပါလို့ မေတ္တာဖြင့် တိုက်တွန်းအပ် ပါသည်နော်။ ပရိသတ်ပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး
လိုချင်တောင့်တမှုများ အမြန်ပြည့်ဝကာ လွတ်လပ်ပျော်ရွှင်စွာ နေထိုင် သွားလာနိုင်သော နေ့ရက်များ အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မေတ္တာလောင်း၍ စိတ်စေတနာကောင်းဖြင့် ဆုတောင်းပေးအပ်ပါသည်။