ပရိသတ်တွေကြား မကျေနပ်မှုများကာ ပွဲဆူပြီး ဝေဖန်ခံနေရတဲ့ ယခုနှစ် မိသားစုပြိုင်ပွဲ

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိတ္သတ္ႀကီးေရ Channel 7 ရုပ္သံလိုင္း ကေန စေနနဲ႔ တနဂၤေနြေန့ ေတြမွာ ညစဥ္ ထုတ္လႊင့္ျပသၿပီး

တစ္ႏိုင္ငံလံုးက လူႀကီး၊ လူငယ္ သာမက ကေလးေတြပါ ႏွစ္သက္သေဘာက် ၾကရတဲ့ ပရိသတ္ အားလံုးရဲ့ အားေပးမႈကို ရရိွထားတဲ့ ”မိသားစုၿပိဳင္ပြဲ” အစီအစဉ္ဟာ ဆိုရင္

ပရိသတ္ႀကီးတို႔ အားလံုး သိရိွၿပီးသား ျဖစ္သည့္အတိုင္း အေမရိကန္ နာမည္ႀကီး ဂိမ္းရိႈးတစ္ခု ျဖစ္တဲ့ Family Feud ကို ကူးယူထားတဲ့ အစီအစဉ္တစ္ခု ျဖစ္ပါတယ္။

ဒီမိသားစုၿပိဳင္ပြဲ အစီအစဥ္ဟာ ပရိသတ္ျပည္သူေတြ အတြက္ စိတ္အပန္းေျပေစသလို မိသားစုအတူတူ ၾကည့္ကာ စိတ္ခ်မ္းေျမ့ရတဲ့ အစီအစဥ္ေကာင္း တစ္ခုလည္းပဲ ျဖစ္ပါတယ္။

“မိသားစုၿပိဳင္ပြဲ” အစီအစဉ္ကို ပရိသတ္ျပည္သူေတြ ကလည္း လာေရာက္ ယွဉ္ၿပိဳင္ၾကသလို နာမည္ႀကီး အႏုပညာရွင္ေတြလည္း မၾကာမၾကာဆိုသလို လာေရာက္ပါဝင္ယွဉ္ၿပိဳင္ ၾကတဲ့အတြက္

ပရိသတ္မ်ား သေဘာက် ႏွစ္သက္ကာ မေမ့မေလ်ာ့ ေစာင့္ၾကည့္ၾကရတဲ့အထိ ေအာင္ျမင္ေနတဲ့ အစီအစဥ္တစ္ခုလည္းျဖစ္ ပါတယ္။ ပရိတ္သတ္ေတြ တစ္ခဲနက္ဆိုသလို

အားေပးခဲ့ၾက ရတဲ့ ” မိသားစုၿပိဳင္ပြဲ” အစီအစဉ္ရဲ့ ပင္တိုင္ တင္ဆက္သူဟာဆိုရင္ ႏိုင္ငံေက်ာ္ အစီအစဥ္ တင္ဆက္သူ တစ္ၪီးအျဖစ္ နာမည္ႀကီးကာ လူႀကိဳက္မ်ားေသာ

ပရိသတ္အခ်စ္ေတာ္ အစီအစဉ္ တင္ဆက္သူ ေကာင္းထက္ေဇာ္ပဲ ျဖစ္ပါတယ္ေနာ္။ မိသားစုၿပိဳင္ပြဲ စတင္ထဲက ႏွစ္အေတာ္ၾကာေအာင္ေကာင္းထက္ေဇာ္ကပဲ ပင္တိုင္တင္ဆက္ လာတဲ့အတြက္

ပရိတ္သတ္ေတြရဲ့စိတ္ထဲမွာလည္း ”မိသားစုၿပိဳင္ပြဲ” အစီအစဉ္ဆိုရင္ ကိုေကာင္းႀကီး (ခ) ေကာင္းထက္ေဇာ္နဲ႔ပဲ တြဲျမင္ေနၾကတာလည္း ျဖစ္ပါတယ္ေနာ္။ ဒါေပမယ့္

ၿပီးခဲ့တဲ့ အပတ္ကစၿပီး ” မိသားစုၿပိဳင္ပြဲ” အစီအစဉ္ဟာ ပံုစံအသစ္ တမ်ိဳးအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး အစီအစဉ္တင္ဆက္သူေနရာ မွာလည္း ေကာင္းထက္ေဇာ္ အစား

ဂ်ီေဟာ့သူမွာ ေတာ္မီ ေနရာမွ သရုပ္ေဆာင္ခဲ့ကာ လူသိမ်ားလာေသာ သရုပ္ေဆာင္ စိုးထြန္းဝင္းက ေျပာင္းလဲ တင္ဆက္လာခဲ့တာကို ေတြ့ျမင္ ရပါတယ္။

မိသားစု ၿပိဳင္ပြဲကို အစဥ္တစိုက္ အားေပးလာခဲ့ၾကတဲ့ ပရိသတ္ျပည္သူေတြ ကေတာ့ ႏွစ္ေပါင္းမ်ားစြာ ၾကၫ့္ရႈလာခဲ့တဲ့ မိသားစုၿပိဳင္ပြဲအစီအစဉ္ကို

သူတို႔ခ်စ္ၾကေသာ ျမင္ေနၾကျဖစ္ေသာ ေကာင္းထက္ေဇာ္ တင္ဆက္တာကိုပဲ ပိုမိုသေဘာက် ေနခဲ့ၾကၿပီး စိုးထြန္းဝင္း တင္ဆက္တဲ့ “မိသားစုၿပိဳင္ပြဲ”အစီအစဉ္ ကိုေတာ့

စိတ္တိုင္း မက်မႈေတြ ရိွေနကာ ပရိသတ္အေပၚ ဆြဲေဆာင္ႏိုင္မႈ အားနည္းတယ္ဆိုၿပီး ေဝဖန္သံေတြ မွတ္ခ်က္ျပဳသံေတြ စီစီညံေအာင္ ထြက္ေပၚလ်ွက္ ရိွတာကို ေတြ့ရပါတယ္။

Channel7 ႏွင့္ မိသားစုၿပိဳင္ပြဲေပ့ခ်္မွာလည္း ပရိသတ္ေတြက အရင္အစီအစဥ္ အရင္ပံုစံနဲ႔ပဲ ကိုေကာင္းႀကီး(ခ) ေကာင္းထက္ေဇာ္နဲ႔ ဆက္လက္ လုပ္ကိုင္ေပးဖို႔ ေတာင္းဆိုတဲ့အထိကို

ပြဲဆူေနလ်ွက္ ရိွတာကို ေတြ့ရပါတယ္။ တခ်ိဳ႕ေသာ ပရိသတ္မ်ားက ေကာင္းထက္ေဇာ္(ခ) ကိုေကာင္းႀကီးသာလ်ွင္ အလိုက္ဖက္ဆံုး ျဖစ္တဲ့အတြက္ ကို​ေကာင္းႀကီးနဲ႔ပဲ

ဆက္လက္ လုပ္ကိုင္ဖို႔ တိုက္တြန္းေနသလို၊ အခ်ိဳ႕ေသာပရိသတ္မ်ား ကေတာ့ စိုးထြန္းဝင္း(ခ) ကိုစိုးႀကီး တင္ဆက္ပံုဟာလည္း ေကာင္းေသာ္လည္း

မူလပင္တိုင္ တင္ဆက္သူျဖစ္ေသာ ေကာင္းထက္ေဇာ္ကိုသာ ျပန္လည္ခန္႔အပ္ဖို႔ တိုက္တြန္းေနၾကတာကို ေတြ့ျမင္ ရပါတယ္။ ဖတ္ရႈ႔အားေပးေနၾကေသာ

ပရိသတ္ႀကီးတို႔ထဲမွာလည္း မိသားစုၿပိဳင္ပြဲအစီအစဥ္ကို အားေပးၾကည့္ရႈ႔ၾကေသာ ပရိသတ္မ်ား ပါဝင္လ်ွက္ရိွမည္ဆိုပါက ယခင္မိသားစုၿပိဳင္ပြဲႏွင့္ ယခုမိသားစုၿပိဳင္ပြဲ အစီအစဥ္၊

ယခင္တင္ဆက္သူ ေကာင္းထက္ေဇာ္ ႏွင့္ ယခု တင္ဆက္သူ စိုးထြန္းဝင္း တို႔မွာ မည္သည့္အစီအစဥ္ႏွင့္ တင္ဆက္သူမည္သူကို ပိုမို သေဘာက် ႏွစ္သက္ေၾကာင္း မွတ္ခ်က္မ်ား ေရးသားကာ ေျပာၾကား ေပးခဲ့ ၾကပါအံုး ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ Channel 7 ရုပ်သံလိုင်း ကနေ စနေနဲ့ တနင်္ဂနွေနေ့ တွေမှာ ညစဥ် ထုတ်လွှင့်ပြသပြီး

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် သာမက ကလေးတွေပါ နှစ်သက်သဘောကျ ကြရတဲ့ ပရိသတ် အားလုံးရဲ့ အားပေးမှုကို ရရှိထားတဲ့ ”မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ဆိုရင်

ပရိသတ်ကြီးတို့ အားလုံး သိရှိပြီးသား ဖြစ်သည့်အတိုင်း အမေရိကန် နာမည်ကြီး ဂိမ်းရှိုးတစ်ခု ဖြစ်တဲ့ Family Feud ကို ကူးယူထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ဒီမိသားစုပြိုင်ပွဲ အစီအစဥ်ဟာ ပရိသတ်ပြည်သူတွေ အတွက် စိတ်အပန်းပြေစေသလို မိသားစုအတူတူ ကြည့်ကာ စိတ်ချမ်းမြေ့ရတဲ့ အစီအစဥ်ကောင်း တစ်ခုလည်းပဲ ဖြစ်ပါတယ်။

“မိသားစုပြိုင်ပွဲ” အစီအစဉ်ကို ပရိသတ်ပြည်သူတွေ ကလည်း လာရောက် ယှဉ်ပြိုင်ကြသလို နာမည်ကြီး အနုပညာရှင်တွေလည်း မကြာမကြာဆိုသလို လာရောက်ပါဝင်ယှဉ်ပြိုင် ကြတဲ့အတွက်

ပရိသတ်များ သဘောကျ နှစ်သက်ကာ မမေ့မလျော့ စောင့်ကြည့်ကြရတဲ့အထိ အောင်မြင်နေတဲ့ အစီအစဥ်တစ်ခုလည်းဖြစ် ပါတယ်။ ပရိတ်သတ်တွေ တစ်ခဲနက်ဆိုသလို

အားပေးခဲ့ကြ ရတဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ရဲ့ ပင်တိုင် တင်ဆက်သူဟာဆိုရင် နိုင်ငံကျော် အစီအစဥ် တင်ဆက်သူ တစ်ဦးအဖြစ် နာမည်ကြီးကာ လူကြိုက်များသော

ပရိသတ်အချစ်တော် အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်ပဲ ဖြစ်ပါတယ်နော်။ မိသားစုပြိုင်ပွဲ စတင်ထဲက နှစ်အတော်ကြာအောင်ကောင်းထက်ဇော်ကပဲ ပင်တိုင်တင်ဆက် လာတဲ့အတွက်

ပရိတ်သတ်တွေရဲ့စိတ်ထဲမှာလည်း ”မိသားစုပြိုင်ပွဲ” အစီအစဉ်ဆိုရင် ကိုကောင်းကြီး (ခ) ကောင်းထက်ဇော်နဲ့ပဲ တွဲမြင်နေကြတာလည်း ဖြစ်ပါတယ်နော်။ ဒါပေမယ့်

ပြီးခဲ့တဲ့ အပတ်ကစပြီး ” မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ပုံစံအသစ် တမျိုးအဖြစ် ပြောင်းလဲသွားခဲ့ပြီး အစီအစဉ်တင်ဆက်သူနေရာ မှာလည်း ကောင်းထက်ဇော် အစား

ဂျီဟော့သူမှာ တော်မီ နေရာမှ သရုပ်ဆောင်ခဲ့ကာ လူသိများလာသော သရုပ်ဆောင် စိုးထွန်းဝင်းက ပြောင်းလဲ တင်ဆက်လာခဲ့တာကို တွေ့မြင် ရပါတယ်။

မိသားစု ပြိုင်ပွဲကို အစဥ်တစိုက် အားပေးလာခဲ့ကြတဲ့ ပရိသတ်ပြည်သူတွေ ကတော့ နှစ်ပေါင်းများစွာ ကြည့်ရှုလာခဲ့တဲ့ မိသားစုပြိုင်ပွဲအစီအစဉ်ကို

သူတို့ချစ်ကြသော မြင်နေကြဖြစ်သော ကောင်းထက်ဇော် တင်ဆက်တာကိုပဲ ပိုမိုသဘောကျ နေခဲ့ကြပြီး စိုးထွန်းဝင်း တင်ဆက်တဲ့ “မိသားစုပြိုင်ပွဲ”အစီအစဉ် ကိုတော့

စိတ်တိုင်း မကျမှုတွေ ရှိနေကာ ပရိသတ်အပေါ် ဆွဲဆောင်နိုင်မှု အားနည်းတယ်ဆိုပြီး ဝေဖန်သံတွေ မှတ်ချက်ပြုသံတွေ စီစီညံအောင် ထွက်ပေါ်လျှက် ရှိတာကို တွေ့ရပါတယ်။

Channel7 နှင့် မိသားစုပြိုင်ပွဲပေ့ချ်မှာလည်း ပရိသတ်တွေက အရင်အစီအစဥ် အရင်ပုံစံနဲ့ပဲ ကိုကောင်းကြီး(ခ) ကောင်းထက်ဇော်နဲ့ ဆက်လက် လုပ်ကိုင်ပေးဖို့ တောင်းဆိုတဲ့အထိကို

ပွဲဆူနေလျှက် ရှိတာကို တွေ့ရပါတယ်။ တချို့သော ပရိသတ်များက ကောင်းထက်ဇော်(ခ) ကိုကောင်းကြီးသာလျှင် အလိုက်ဖက်ဆုံး ဖြစ်တဲ့အတွက် ကို​ကောင်းကြီးနဲ့ပဲ

ဆက်လက် လုပ်ကိုင်ဖို့ တိုက်တွန်းနေသလို၊ အချို့သောပရိသတ်များ ကတော့ စိုးထွန်းဝင်း(ခ) ကိုစိုးကြီး တင်ဆက်ပုံဟာလည်း ကောင်းသော်လည်း

မူလပင်တိုင် တင်ဆက်သူဖြစ်သော ကောင်းထက်ဇော်ကိုသာ ပြန်လည်ခန့်အပ်ဖို့ တိုက်တွန်းနေကြတာကို တွေ့မြင် ရပါတယ်။ ဖတ်ရှု့အားပေးနေကြသော

ပရိသတ်ကြီးတို့ထဲမှာလည်း မိသားစုပြိုင်ပွဲအစီအစဥ်ကို အားပေးကြည့်ရှု့ကြသော ပရိသတ်များ ပါဝင်လျှက်ရှိမည်ဆိုပါက ယခင်မိသားစုပြိုင်ပွဲနှင့် ယခုမိသားစုပြိုင်ပွဲ အစီအစဥ်၊

ယခင်တင်ဆက်သူ ကောင်းထက်ဇော် နှင့် ယခု တင်ဆက်သူ စိုးထွန်းဝင်း တို့မှာ မည်သည့်အစီအစဥ်နှင့် တင်ဆက်သူမည်သူကို ပိုမို သဘောကျ နှစ်သက်ကြောင်း မှတ်ချက်များ ရေးသားကာ ပြောကြား ပေးခဲ့ ကြပါအုံး နော်။