လူကြမ်းက မင်းသားကို ထိ မိလို့ မရဘူး၊ ဒါပေမယ့် မင်းသားတွေကြောင့် လူကြမ်းတွေ ထိသွားရင် ဆောတီးတစ်လုံးပဲ ပြန်ရတယ်၊ ပရိသတ်ရဲ့အချစ်တွေကို လိုချင်မိတယ် ဟု ရင်နင့်စွာ ဖွင့်ဟလာတဲ့ လူကြမ်းသရုပ်ဆောင် ဂျစ်သား

(Zawgyiျဖင့္ ဖတ္ရန္)

ျမန္မာႏိုင္ငံရဲ့ လက္ရိွႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အႏုပညာရွင္ေတြအားလံုးဟာ အလုပ္အကိုင္အခြင့္အလမ္း နည္းပါးေနၿပီး

အခ်ိဳ႕အႏုပညာရွင္ေတြ ဆိုရင္ ကင္မရာေရ႔ွက ေပ်ာက္ကြယ္ေနၿပီး အႏုပညာကို လံုးဝ ရပ္နားထားတဲ့အထိ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ

အႏုပညာအလုပ္နဲ႔ပဲ အသက္ေမြးတတ္ၿပီး ေငြေၾကး မခ်မ္းသာတဲ့ ဇာတ္ပို႔၊ဇာတ္ရန္နဲ႔ လူၾကမ္းသရုပ္ေဆာင္ အႏုပညာရွင္ေတြအားလံုးလိုလို ဒုကၡေရာက္ ၾကရပါတယ္။

လူၾကမ္းသရုပ္ေဆာင္ ေတြထဲမွာမွ ႏႈတ္ခမ္းေမႊးထူထူနဲ႔ လူၾကမ္းတစ္ဦးျဖစ္တဲ့ ကိုဂ်စ္သားႀကီး ကိုေတာ့ အားလံုးပဲ မ်က္မွန္းတန္းမိကာ မွတ္မိၾကမယ္ ထင္ပါတယ္ေနာ္။

လက္ရိွကာလမွာ သူကေတာ့ တစ္လမွာ တစ္ခါႏွစ္ခါေလာက္ ဇာတ္ကားရိုက္ကူးမူ႔ေလးေတြမွာ ပါဝင္ၿပီး မိသားစု စားဝတ္ေနေရးကို ခက္ခဲစြာေျဖရွင္းေနရပါတယ္။

လူၾကမ္းသရုပ္ေဆာင္ ဂ်စ္သား ဟာဇာတ္ကားေတြ ေပါေပါမ်ားမ်ားရိုက္ကူးခဲ့ရတဲ့ အခ်ိန္မွာေတာင္ အႏုပညာမွ ရတဲ့ အႏုပညာေၾကး (ခ) ေငြေၾကးနဲ႔

မိသားစုရဲ့ အိမ္စရိတ္မေလာက္ ေလာက္ေအာင္ ၿခိဳးၿခံသံုးစြဲခဲ့ ရၿပီး အခုလို အႏုပညာလုပ္ငန္းေတြ ရပ္နားထားတဲ့ အခ်ိန္မွာဆိုရင္ အရမ္းကို ခက္ခဲေနတာ ပဲျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ေခ်းဌားသံုးေနရၿပီး အဆင္ေျပတဲ့အခ်ိန္ ျပန္ဆပ္လိုက္နဲ႔ ဒီလိုပံုစံနဲ႔ လည္ပတ္ေနရ တာပါပဲလို႔ ဆိုလာပါတယ္။ ဇာတ္ကားရိုက္ကူးရင္း

ျမင္းေပၚကေန က်ခဲ့လို႔ ခါးဆစ္ရိုး က်ိဳးခဲ့ရတဲ့ လူၾကမ္းသရုပ္ေဆာက္ ဂ်စ္ဟာ အသက္ပိုင္းကလည္း ႀကီးရင့္လာတာေၾကာင့္ အရင္လို႔ေတာ့ ဖိုက္တင္းေတြ မထိုးႏိုင္ေတာ့ပါဖူး။

လူၾကမ္းတစ္ေယာက္အေနနဲ႔ ဖိုက္တင္ေတြ ထိုးခဲ့ရတဲ့အခ်ိန္တုန္းကလည္း ဖိုက္တင္ထိုးတဲ့ေနရာမွာ မင္းသားတစ္လက္ကို ထိေအာင္သြားထိုးလို႔မရဘူး

ထိသြားရင္ အပယ္ခံရမွာလို႔ ရင္ဖြင့္ထားပါတယ္။ သရုပ္ေဆာင္ ဂ်စ္သားက “လူၾကမ္းေတြ ဘဝမွာ မင္းသားေတြကို ထိတယ္ဆိုတာ ေတာ္ေတာ္ ရွားပါတယ္။ ကိုလူေခ်ာေတြက

မင္းသားေတြကို ဘယ္ေတာ့မွ မထိဘူး၊ ထိလည္းထိခဲတယ္ မေတာ္တဆ ထိမိရင္လည္း အပယ္ခံရတယ္။ ဒါေပမယ့္ လူၾကမ္းေတြကို ထိရင္ေတာ့ ေဆာတီးတစ္လံုးနဲ႔ပဲ ၿပီးသြားၾကတယ္” လို႔ ဆိုပါတယ္။

ေနာက္ၿပီး “ဗီဒီယိုတစ္ကား ရုပ္ရွင္တစ္ကား ျဖစ္ေျမာက္ဖို႔အတြက္ လူၾကမ္းေတြ၊စက္အဖြဲ႔ေတြရယ္၊ ကင္မရာမန္းေတြ အားလံုးက ေနာက္ကြယ္ကေန အရမ္းကို အားထုတ္ ႀကိဳးစားခဲ့တာပါ။

ပရိသတ္ေတြက ရုပ္ရွင္မင္းသားမင္းသမီးေတြကိုပဲ ခ်စ္ၾကတယ္။ ဒါေပမယ့္ လူၾကမ္းေတြမွာလဲ ႏူးညံ့တဲ့အသည္းႏွလံုး ရိွပါတယ္။ ကြၽန္ေတာ္တို႔အဖြဲ႔ကိုလည္း ခ်စ္ေပးၾကပါအုန္း”လို႔ ေတာင္းဆိုသြားခဲ့ပါေသးတယ္။

ပရိသတ္ႀကီးေရ လူၾကမ္းသရုပ္ေဆာင္အလႊာ ဆိုတာကေတာ့ မင္းသား မင္းသမီးေတြလို အႏုပညာေၾကး ေျမာက္မ်ားစြာ မရရိွသလို ပရိသတ္ေတြရဲ့ မုန္းတီးမႈကိုလည္း ခံရယူေတြမို႔

အဖက္ဖက္က မ်က္ႏွာငယ္ရ ရွာသူေတြပါေနာ္။ လူၾကမ္းသရုပ္ေဆာင္ႀကီးေတြဟာ ဇာတ္ကားထဲမွာသာ ၾကမ္းေပ့ရမ္းေပ့အျဖစ္ ပီျပင္ေအာင္

ဇာတ္ေကာင္စရိုက္ကို ပံုေဖာ္ သရုပ္ေဆာင္ျပ ေနခဲ့ၾကရေပမယ့္ အျပင္လက္ေတြ့ ဘဝမွာေတာ့ မိသားစုအတြက္ ရုန္းကန္ႀကိဳးစားေနၾက ရရွာတဲ့

ရိုးသားလြန္းတဲ့ သူေတျြဖစ္ပါတယ္ေနာ္။ ဒါ့ေၾကာင့္မို႔ ပရိသတ္ႀကီးတို႔ အေနနဲ႔ လူၾကမ္းသရုပ္ေဆာင္(ခ) လူၾကမ္းမင္းသားႀကီးေတြကိုလည္း ခ်စ္ေပးၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာရှင်တွေအားလုံးဟာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေပြီး

အချို့အနုပညာရှင်တွေ ဆိုရင် ကင်မရာရှေ့က ပျောက်ကွယ်နေပြီး အနုပညာကို လုံးဝ ရပ်နားထားတဲ့အထိ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ

အနုပညာအလုပ်နဲ့ပဲ အသက်မွေးတတ်ပြီး ငွေကြေး မချမ်းသာတဲ့ ဇာတ်ပို့၊ဇာတ်ရန်နဲ့ လူကြမ်းသရုပ်ဆောင် အနုပညာရှင်တွေအားလုံးလိုလို ဒုက္ခရောက် ကြရပါတယ်။

လူကြမ်းသရုပ်ဆောင် တွေထဲမှာမှ နှုတ်ခမ်းမွှေးထူထူနဲ့ လူကြမ်းတစ်ဦးဖြစ်တဲ့ ကိုဂျစ်သားကြီး ကိုတော့ အားလုံးပဲ မျက်မှန်းတန်းမိကာ မှတ်မိကြမယ် ထင်ပါတယ်နော်။

လက်ရှိကာလမှာ သူကတော့ တစ်လမှာ တစ်ခါနှစ်ခါလောက် ဇာတ်ကားရိုက်ကူးမူ့လေးတွေမှာ ပါဝင်ပြီး မိသားစု စားဝတ်နေရေးကို ခက်ခဲစွာဖြေရှင်းနေရပါတယ်။

လူကြမ်းသရုပ်ဆောင် ဂျစ်သား ဟာဇာတ်ကားတွေ ပေါပေါများများရိုက်ကူးခဲ့ရတဲ့ အချိန်မှာတောင် အနုပညာမှ ရတဲ့ အနုပညာကြေး (ခ) ငွေကြေးနဲ့

မိသားစုရဲ့ အိမ်စရိတ်မလောက် လောက်အောင် ခြိုးခြံသုံးစွဲခဲ့ ရပြီး အခုလို အနုပညာလုပ်ငန်းတွေ ရပ်နားထားတဲ့ အချိန်မှာဆိုရင် အရမ်းကို ခက်ခဲနေတာ ပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း ချေးဌားသုံးနေရပြီး အဆင်ပြေတဲ့အချိန် ပြန်ဆပ်လိုက်နဲ့ ဒီလိုပုံစံနဲ့ လည်ပတ်နေရ တာပါပဲလို့ ဆိုလာပါတယ်။ ဇာတ်ကားရိုက်ကူးရင်း

မြင်းပေါ်ကနေ ကျခဲ့လို့ ခါးဆစ်ရိုး ကျိုးခဲ့ရတဲ့ လူကြမ်းသရုပ်ဆောက် ဂျစ်ဟာ အသက်ပိုင်းကလည်း ကြီးရင့်လာတာကြောင့် အရင်လို့တော့ ဖိုက်တင်းတွေ မထိုးနိုင်တော့ပါဖူး။

လူကြမ်းတစ်ယောက်အနေနဲ့ ဖိုက်တင်တွေ ထိုးခဲ့ရတဲ့အချိန်တုန်းကလည်း ဖိုက်တင်ထိုးတဲ့နေရာမှာ မင်းသားတစ်လက်ကို ထိအောင်သွားထိုးလို့မရဘူး

ထိသွားရင် အပယ်ခံရမှာလို့ ရင်ဖွင့်ထားပါတယ်။ သရုပ်ဆောင် ဂျစ်သားက “လူကြမ်းတွေ ဘဝမှာ မင်းသားတွေကို ထိတယ်ဆိုတာ တော်တော် ရှားပါတယ်။ ကိုလူချောတွေက

မင်းသားတွေကို ဘယ်တော့မှ မထိဘူး၊ ထိလည်းထိခဲတယ် မတော်တဆ ထိမိရင်လည်း အပယ်ခံရတယ်။ ဒါပေမယ့် လူကြမ်းတွေကို ထိရင်တော့ ဆောတီးတစ်လုံးနဲ့ပဲ ပြီးသွားကြတယ်” လို့ ဆိုပါတယ်။

နောက်ပြီး “ဗီဒီယိုတစ်ကား ရုပ်ရှင်တစ်ကား ဖြစ်မြောက်ဖို့အတွက် လူကြမ်းတွေ၊စက်အဖွဲ့တွေရယ်၊ ကင်မရာမန်းတွေ အားလုံးက နောက်ကွယ်ကနေ အရမ်းကို အားထုတ် ကြိုးစားခဲ့တာပါ။

ပရိသတ်တွေက ရုပ်ရှင်မင်းသားမင်းသမီးတွေကိုပဲ ချစ်ကြတယ်။ ဒါပေမယ့် လူကြမ်းတွေမှာလဲ နူးညံ့တဲ့အသည်းနှလုံး ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ကိုလည်း ချစ်ပေးကြပါအုန်း”လို့ တောင်းဆိုသွားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင်အလွှာ ဆိုတာကတော့ မင်းသား မင်းသမီးတွေလို အနုပညာကြေး မြောက်များစွာ မရရှိသလို ပရိသတ်တွေရဲ့ မုန်းတီးမှုကိုလည်း ခံရယူတွေမို့

အဖက်ဖက်က မျက်နှာငယ်ရ ရှာသူတွေပါနော်။ လူကြမ်းသရုပ်ဆောင်ကြီးတွေဟာ ဇာတ်ကားထဲမှာသာ ကြမ်းပေ့ရမ်းပေ့အဖြစ် ပီပြင်အောင်

ဇာတ်ကောင်စရိုက်ကို ပုံဖော် သရုပ်ဆောင်ပြ နေခဲ့ကြရပေမယ့် အပြင်လက်တွေ့ ဘဝမှာတော့ မိသားစုအတွက် ရုန်းကန်ကြိုးစားနေကြ ရရှာတဲ့

ရိုးသားလွန်းတဲ့ သူတွေဖြစ်ပါတယ်နော်။ ဒါ့ကြောင့်မို့ ပရိသတ်ကြီးတို့ အနေနဲ့ လူကြမ်းသရုပ်ဆောင်(ခ) လူကြမ်းမင်းသားကြီးတွေကိုလည်း ချစ်ပေးကြပါအုံးနော်။