ခွံ့ကျွေးရင်တောင် တစ်လုတ် နှစ်လုတ်ပဲ စားနိုင်တော့တဲ့ စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေး အခြေအနေကို စိတ်မကောင်းစွာ ပြောပြ အသိပေးလာတဲ့ ခေးလာမိုး

(Zawgyiျဖင့္ ဖတ္ရန္)

ေခတ္အဆက္ဆက္ ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တဲ့ ရွမ္းတိုင္းရင္းသား ေတးသံရွင္ႀကီး အဆိုေတာ္ စိုင္းဆိုင္ေမာဝ္ကေတာ့

တႏိုင္ငံလံုး ႀကိဳက္ႏွစ္သက္ အားေပးခဲ့ရတဲ့ ႏိုင္ငံေက်ာ္ အဆိုေတာ္ႀကီး တစ္ၪီး ျဖစ္ပါ တယ္ေနာ္။ စိုင္းဆိုင္ေမာဝ္ ဟာဆိုရင္

သီခ်င္းေကာင္း မ်ားစြာကို သီဆိုခဲ့ၿပီး ပရိသတ္ေတြရဲ့ ႏႈတ္ဖ်ားမွာ အခုခ်ိန္ထိ မရိုးႏိုင္ေအာင္ စြဲၿမဲေနေသာ သီခ်င္းမ်ားစြာ ဖန္တီးသီဆိုခဲ့သူလည္း ျဖစ္ပါတယ္။

လက္ရိွအခ်ိန္မွာေတာ့ ပရိသတ္အခ်စ္ေတာ္ အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာ့ဝ္ဟာ က်န္းမာေရးအေျခအေနအရ သီခ်င္းေတြလည္း မဆိုႏိုင္ေတာ့သလို

ဇရာအရ ပရိသတ္နဲ႔ ထိေတြ့ ဆက္ဆံမႈလည္း နည္းေနခဲ့ ရၿပီျဖစ္ပါတယ္။ စိုင္းဆိုင္ေမာ္ဝ္ရဲ့ ဇနီးျဖစ္သူ မေခးလားမိုးကေတာ့ စိုင္းဆိုင္ေမာဝ္ရဲ့တေန့တာ အေၾကာင္းအရာေလးေတြကို

စိုင္းဆိုင္ေမာဝ့္ ကို ခ်စ္ၾကတဲ့ အားေပးေနတဲ့ ပရိသတ္ႀကီးအတြက္ အၿမဲလိုလို မ်ွေဝေပးလ်က္ရိွၿပီး က်န္းမာေရး အေျခအေနကိုလည္း အၿမဲမ်ွေဝ ေျပာေပးေလ့ ရိွသူပါ။

ဒီတစ္ေခါက္မွာေတာ့ ေခးလားမိုးက လတ္တေလာ ႀကံဳေနရတဲ့ ခင္ပြန္းျဖစ္သူ အဆိုေတာ္စိုင္းဆိုင္ေမာဝ့္ရဲ့ က်န္းမာေရးအေျခအေနကို အခုလို အသိေပး ေျပာၾကားလာပါတယ္။

ေခးလားမိုး က “စိုင္းဆိုင္ေမာဝ္ အခုတစ္ပါတ္ထဲကစ အစား သိပ္မစားႏိုင္ က်မ ခြံ႔ ေကြၽးမွ စားရင္ေတာင္ တစ္လုတ္ ႏွစ္လုတ္။

ခ်စ္ေသာ သားမ်ား ခ်စ္ေသာသမီးမ်ားနဲ႔ ခ်စ္ေသာေဆြမ်ိဳးမ်ား သူ႔ထံဖုန္းေလး ဘာေလး ဆက္သြယ္ လာၾကဖို႔ သူ ေမ်ွာ္ေနမယ္ ထင္ပါတယ္။

ဘာေမ်ွာ္လင့္ခ်က္မွ မပါ။ ရိုးရိုးေလး ေတြးၾကည့္မယ္ ဆိုရင္ေတာင္ ေနာက္မွ ျပန္မရႏိုင္တဲ့ အခ်ိန္ေတြ အတြက္ အသိေပးရံု သက္သက္မ်ွသာ။KLM “ဆိုၿပီး ေရးသား

ေျပာၾကားကာ အသိေပး လာခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကလည္း သူတို႔ခ်စ္ေသာ အဆိုေတာ္ႀကီးအတြက္ ဆုမြန္ေကာင္းမ်ား ေတာင္းေပးေနၾကတာ ျဖစ္ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

ခေတ်အဆက်ဆက် ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ ရှမ်းတိုင်းရင်းသား တေးသံရှင်ကြီး အဆိုတော် စိုင်းဆိုင်မောဝ်ကတော့

တနိုင်ငံလုံး ကြိုက်နှစ်သက် အားပေးခဲ့ရတဲ့ နိုင်ငံကျော် အဆိုတော်ကြီး တစ်ဦး ဖြစ်ပါ တယ်နော်။ စိုင်းဆိုင်မောဝ် ဟာဆိုရင်

သီချင်းကောင်း များစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ အခုချိန်ထိ မရိုးနိုင်အောင် စွဲမြဲနေသော သီချင်းများစွာ ဖန်တီးသီဆိုခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပရိသတ်အချစ်တော် အဆိုတော်ကြီး စိုင်းဆိုင်မော့ဝ်ဟာ ကျန်းမာရေးအခြေအနေအရ သီချင်းတွေလည်း မဆိုနိုင်တော့သလို

ဇရာအရ ပရိသတ်နဲ့ ထိတွေ့ ဆက်ဆံမှုလည်း နည်းနေခဲ့ ရပြီဖြစ်ပါတယ်။ စိုင်းဆိုင်မော်ဝ်ရဲ့ ဇနီးဖြစ်သူ မခေးလားမိုးကတော့ စိုင်းဆိုင်မောဝ်ရဲ့တနေ့တာ အကြောင်းအရာလေးတွေကို

စိုင်းဆိုင်မောဝ့် ကို ချစ်ကြတဲ့ အားပေးနေတဲ့ ပရိသတ်ကြီးအတွက် အမြဲလိုလို မျှဝေပေးလျက်ရှိပြီး ကျန်းမာရေး အခြေအနေကိုလည်း အမြဲမျှဝေ ပြောပေးလေ့ ရှိသူပါ။

ဒီတစ်ခေါက်မှာတော့ ခေးလားမိုးက လတ်တလော ကြုံနေရတဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်စိုင်းဆိုင်မောဝ့်ရဲ့ ကျန်းမာရေးအခြေအနေကို အခုလို အသိပေး ပြောကြားလာပါတယ်။

ခေးလားမိုး က “စိုင်းဆိုင်မောဝ် အခုတစ်ပါတ်ထဲကစ အစား သိပ်မစားနိုင် ကျမ ခွံ့ ကျွေးမှ စားရင်တောင် တစ်လုတ် နှစ်လုတ်။

ချစ်သော သားများ ချစ်သောသမီးများနဲ့ ချစ်သောဆွေမျိုးများ သူ့ထံဖုန်းလေး ဘာလေး ဆက်သွယ် လာကြဖို့ သူ မျှော်နေမယ် ထင်ပါတယ်။

ဘာမျှော်လင့်ချက်မှ မပါ။ ရိုးရိုးလေး တွေးကြည့်မယ် ဆိုရင်တောင် နောက်မှ ပြန်မရနိုင်တဲ့ အချိန်တွေ အတွက် အသိပေးရုံ သက်သက်မျှသာ။KLM “ဆိုပြီး ရေးသား

ပြောကြားကာ အသိပေး လာခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ချစ်သော အဆိုတော်ကြီးအတွက် ဆုမွန်ကောင်းများ တောင်းပေးနေကြတာ ဖြစ်ပါတယ်နော်။