အနုပညာအပေါ် ရူးသွပ်လွန်းသဖြင့် မိဘတွေနဲ့ အတိုက်အခံ ဖြစ်ခဲ့ရတဲ့အထိ ခက်ခဲစွာ ကြိုးပမ်းခဲ့ရပုံတွေကို ပြန်ပြောင်း ပြောပြလာတဲ့ ကျော်ထက်ဇော်

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ သရုပ္ေဆာင္မင္းသားေခ်ာ ေက်ာ္ထက္ေဇာ္ ကေတာ့ အႏုပညာကို ရူးသြပ္ၿပီး က်ရာဇာတ္ရုပ္တိုင္းမွာ

စိတ္ေရာကိုယ္ပါ ႏွစ္ၿပီး အပီျပင္ဆံုး ျဖစ္ေအာင္ ႀကိဳးစားပမ္းစား သရုပ္ေဆာင္ တတ္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ မၾကာေသးမီက ထုတ္လႊင့္ ျပသခဲ့တဲ့

ေဒါင္းယာဉ္ဘံု နံေဘးမွာ စာေရးလို႔ ထားခ်င္တယ္ ဆိုတဲ့ ဇာတ္လမ္းတြဲႀကီးမွာလည္း မ်က္ႏွာမ်ားတဲ့ ကိုႏိုင္လင္းအေနျဖင့္ သရုပ္ေဆာင္ခဲ့ရာမွာ

လူႀကိဳက္မ်ားခဲ့ကာ ပရိသတ္ေတြ ဝက္ဝက္ကြဲ အားေပးၾကတဲ့အထိ ေအာင္ျမင္ခဲ့တာကိုလည္း ေတြ့ရပါတယ္။ ဒါ့ေၾကာင့္လည္း ပရိသတ္ေတြက

ေက်ာ္ထက္ေဇာ္ကို ေဒါင္းယာဥ္ပ်ံ ဇာတ္ေကာင္ ကိုႏိုင္လင္း အျဖစ္နဲ႔သာ ခ်စ္စႏိုးနဲ႔ ေခၚေဝၚေနၾက ရတဲ့ အထိလည္း အခ်စ္ခံေနရတာ ျဖစ္ပါ တယ္ေနာ္။

ဒီေန့မွာေတာ့ ေက်ာ္ထက္ေဇာ္က မိဘေတြက ပညာတတ္ႀကီးျဖစ္ကာ အင္ဂ်င္နီယာအလုပ္နဲ႔ အသက္ေမြးေစခ်င္ေပမယ့္ ဝါသနာပါလြန္းၿပီး ရူးသြပ္ရတဲ့ အႏုပညာသမားဘဝကို

ေရြးခ်ယ္ခဲ့စဥ္က အေၾကာင္းေတြကို ရင္ဖြင့္ ေျပာျပ လာခဲ့တာလည္း ျဖစ္ပါတယ္။ ေက်ာ္ထက္ေဇာ္ က “မိဘေတြက အာမခံခ်က္ရိွတဲ့ အသက္ေမြးဝမ္းေက်ာင္း ပညာကို သင္ယူေစခ်င္တယ္။

မိဘေတြအေနနဲ႔ ပညာေရးပိုင္းမွာအားနည္းခဲ့ၿပီး ဘဝကို ခက္ခက္ခဲခဲျဖတ္သန္းခဲ့ရတဲ့ အတြက္ ကြၽန္ေတာ့္ကို ပညာေရးမွာ ထူးခြၽန္ေစခ်င္ၿပီး သူတို႔ငယ္ဘဝမွာ မျပၫ့္စံုခဲ့တာကို

ကြၽန္ေတာ္တို႔ကို ျဖၫ့္ဆည္းေပးခ်င္တယ္။ အဲ့အတြက္ေၾကာင့္ တစ္ခါတေလ ကိုယ္ျဖစ္ခ်င္တာေတြ ကို ေျပာမထြက္ခဲ့ဘူး။ အဲ့ေတာ့ ေက်ာင္းတက္ေနရင္းနဲ႔

မိဘ မသိေအာင္ အႏုပညာ အလုပ္ေတြကို ခိုးလုပ္ခဲ့ရတယ္။ အဲ့လိုခိုးလုပ္တာကို မိဘေတြအေနနဲ႔ သိသြားတဲ့အခ်ိန္မွာ အေဖက ခံႏိုင္ရည္ရိွေပမယ့္

အေမကေတာ့ မိန္းမသား ျဖစ္တဲ့အခါက်ေတာ့ ငိုတယ္။ တစ္ခါတေလ က်ေတာ့လည္း စဥ္းစားရင္း စိတ္မေကာင္း ျဖစ္ရတယ္။ အဲ့ဒီလိုနဲ႔

မိဘေတြနဲ႔ အတိုက္အခံလုပ္ ၿပီး အႏုပညာအလုပ္ကို လုပ္ခဲ့ရတယ္” ဆိုၿပီး အႏုပညာအေပၚ ရူးသြပ္စိတ္နဲ႔ ႀကိဳးစားခဲ့ရစဥ္က မိဘေတြနဲ႔ေတာင္ အတိုက္အခံ ျဖစ္ခဲ့ရပံုေတြကို

မွတ္မွတ္ရရ ျပန္ေျပာင္း ေျပာျပလာခဲ့ တာပဲ ျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး။ ထိုကဲ့သို႔ အႏုပညာရူးသြပ္မႈ ႀကီးမားလြန္းလို႔ကာ မဆုတ္မနစ္ေသာ စိတ္နဲ႔

အားထုတ္ႀကိဳးစား ခဲ့မႈေၾကာင့္လည္း ယေန့အခ်ိန္အခါ မွာေတာ့ ပရိသတ္ေတြ ခ်စ္ရေသာ သရုပ္ေဆာင္ မင္းသားေခ်ာ တစ္လက္အျဖစ္ ေအာင္ျမင္ လာခဲ့တာလည္း ျဖစ္ပါတယ္ေနာ္။

ပရိသတ္အခ်စ္ေတာ္ ေက်ာ္ထက္ေဇာ္ အေနနဲ႔ေတာ့ ယခုအခ်ိန္မွာ ေအာင္ျမင္မႈ လမ္းမေပၚလည္း ေရာက္ရိွေနၿပီ ျဖစ္တဲ့အတြက္ မိဘေတြကလည္း နားလည္ေပးႏိုင္ေနၿပီ ျဖစ္သလို

ဝါသနာပါရာ ရူးသြပ္ရာျဖစ္ေသာ အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ႏိုင္ေနၿပီ ျဖစ္တဲ့အတြက္ ဝါသနာနဲ႔ အလုပ္ထပ္တူက် သူလို႔ ဆိုရမွာပါပဲေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသားချော ကျော်ထက်ဇော် ကတော့ အနုပညာကို ရူးသွပ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ

စိတ်ရောကိုယ်ပါ နှစ်ပြီး အပီပြင်ဆုံး ဖြစ်အောင် ကြိုးစားပမ်းစား သရုပ်ဆောင် တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးမီက ထုတ်လွှင့် ပြသခဲ့တဲ့

ဒေါင်းယာဉ်ဘုံ နံဘေးမှာ စာရေးလို့ ထားချင်တယ် ဆိုတဲ့ ဇာတ်လမ်းတွဲကြီးမှာလည်း မျက်နှာများတဲ့ ကိုနိုင်လင်းအနေဖြင့် သရုပ်ဆောင်ခဲ့ရာမှာ

လူကြိုက်များခဲ့ကာ ပရိသတ်တွေ ဝက်ဝက်ကွဲ အားပေးကြတဲ့အထိ အောင်မြင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်တွေက

ကျော်ထက်ဇော်ကို ဒေါင်းယာဥ်ပျံ ဇာတ်ကောင် ကိုနိုင်လင်း အဖြစ်နဲ့သာ ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြ ရတဲ့ အထိလည်း အချစ်ခံနေရတာ ဖြစ်ပါ တယ်နော်။

ဒီနေ့မှာတော့ ကျော်ထက်ဇော်က မိဘတွေက ပညာတတ်ကြီးဖြစ်ကာ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးစေချင်ပေမယ့် ဝါသနာပါလွန်းပြီး ရူးသွပ်ရတဲ့ အနုပညာသမားဘဝကို

ရွေးချယ်ခဲ့စဥ်က အကြောင်းတွေကို ရင်ဖွင့် ပြောပြ လာခဲ့တာလည်း ဖြစ်ပါတယ်။ ကျော်ထက်ဇော် က “မိဘတွေက အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကျောင်း ပညာကို သင်ယူစေချင်တယ်။

မိဘတွေအနေနဲ့ ပညာရေးပိုင်းမှာအားနည်းခဲ့ပြီး ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ အတွက် ကျွန်တော့်ကို ပညာရေးမှာ ထူးချွန်စေချင်ပြီး သူတို့ငယ်ဘဝမှာ မပြည့်စုံခဲ့တာကို

ကျွန်တော်တို့ကို ဖြည့်ဆည်းပေးချင်တယ်။ အဲ့အတွက်ကြောင့် တစ်ခါတလေ ကိုယ်ဖြစ်ချင်တာတွေ ကို ပြောမထွက်ခဲ့ဘူး။ အဲ့တော့ ကျောင်းတက်နေရင်းနဲ့

မိဘ မသိအောင် အနုပညာ အလုပ်တွေကို ခိုးလုပ်ခဲ့ရတယ်။ အဲ့လိုခိုးလုပ်တာကို မိဘတွေအနေနဲ့ သိသွားတဲ့အချိန်မှာ အဖေက ခံနိုင်ရည်ရှိပေမယ့်

အမေကတော့ မိန်းမသား ဖြစ်တဲ့အခါကျတော့ ငိုတယ်။ တစ်ခါတလေ ကျတော့လည်း စဥ်းစားရင်း စိတ်မကောင်း ဖြစ်ရတယ်။ အဲ့ဒီလိုနဲ့

မိဘတွေနဲ့ အတိုက်အခံလုပ် ပြီး အနုပညာအလုပ်ကို လုပ်ခဲ့ရတယ်” ဆိုပြီး အနုပညာအပေါ် ရူးသွပ်စိတ်နဲ့ ကြိုးစားခဲ့ရစဥ်က မိဘတွေနဲ့တောင် အတိုက်အခံ ဖြစ်ခဲ့ရပုံတွေကို

မှတ်မှတ်ရရ ပြန်ပြောင်း ပြောပြလာခဲ့ တာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။ ထိုကဲ့သို့ အနုပညာရူးသွပ်မှု ကြီးမားလွန်းလို့ကာ မဆုတ်မနစ်သော စိတ်နဲ့

အားထုတ်ကြိုးစား ခဲ့မှုကြောင့်လည်း ယနေ့အချိန်အခါ မှာတော့ ပရိသတ်တွေ ချစ်ရသော သရုပ်ဆောင် မင်းသားချော တစ်လက်အဖြစ် အောင်မြင် လာခဲ့တာလည်း ဖြစ်ပါတယ်နော်။

ပရိသတ်အချစ်တော် ကျော်ထက်ဇော် အနေနဲ့တော့ ယခုအချိန်မှာ အောင်မြင်မှု လမ်းမပေါ်လည်း ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် မိဘတွေကလည်း နားလည်ပေးနိုင်နေပြီ ဖြစ်သလို

ဝါသနာပါရာ ရူးသွပ်ရာဖြစ်သော အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နိုင်နေပြီ ဖြစ်တဲ့အတွက် ဝါသနာနဲ့ အလုပ်ထပ်တူကျ သူလို့ ဆိုရမှာပါပဲနော်။