ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မိသားစုပြိုင်ပွဲ အစီအစဥ်သစ်ရဲ့ အစီအစဥ်တင်ဆက်သူ စိုးကြီး (ခ) စိုးထွန်းဝင်း

(Zawgyiဖြင့် ဖတ်ရန်)


ဖျော်ဖြေရေးနဲ့ ပွဲလမ်းတွေမှာ အောင်မြင်ကျော်ကြား လူသိများသော အစီအစဉ်တင်ဆက်သူတွေ ထဲမှာ အစီအစဉ်တင်ဆက်သူ စိုးထွန်းဝင်းဟာလည်း တစ်ဉီး အပါအဝင် ဖြစ်ပါတယ်နော်။



အစီအစဉ် တင်ဆက်သူ စိုးထွန်းဝင်းဟာ အွန်လိုင်းထက်မှာ Live Salesများ လွှင့်ကာ ရောင်းချပေးလေ့ ရှိသူတစ်ဉီးလည်း ဖြစ်ပါတယ်နော်။




မူလတင်ဆက်သူဖြစ်တဲ့ ကောင်းထက်ဇော်ဟာ မိသားစုပြိုင်ပွဲကို လူအများ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သူ တစ်ဉီးဖြစ်ပြီး နိုင်ငံကျော်တင်ဆက်သူ တစ်ဉီးဖြစ်သလို












(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုနောက်ပိုင်းနှစ်တွေမှာတော့ နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း အစီအစဥ်တင်ဆက်သူတွေဟာ ခေတ်စားလို့ လာခဲ့ပါတယ်နော်။

ဖျော်ဖြေရေးနဲ့ ပွဲလမ်းတွေမှာ အောင်မြင်ကျော်ကြား လူသိများသော အစီအစဥ်တင်ဆက်သူတွေ ထဲမှာ အစီအစဥ်တင်ဆက်သူ စိုးထွန်းဝင်းဟာလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်နော်။

စိုးထွန်းဝင်း (ခ) ကိုစိုးကြီးဟာ အစီအစဥ်တင်ဆက်မှုများ သာမက ဇာတ်လမ်းတွဲ နောက်ခံအသံသရုပ်ဆောင် အနေနဲ့လည်း ပြုလုပ်လျှက်ရှိသူ ဖြစ်ပြီး

ဂျီဟောသူ ဇာတ်လမ်းတွဲမှာလည်း တော်မီ နေရာကနေ အကောင်းဆုံး ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

အစီအစဥ် တင်ဆက်သူ စိုးထွန်းဝင်းဟာ အွန်လိုင်းထက်မှာ Live Salesများ လွှင့်ကာ ရောင်းချပေးလေ့ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်နော်။

ယခုအခါမှာတော့ အစီအစဥ်တင်ဆက်သူ စိုးထွန်းဝင်း ဟာ မိသားစုပြိုင်ပွဲ ပုံစံသစ် အစီအစဥ်မှာ အရင်တင်ဆက်သူ ကိုကောင်းကြီး (ခ) ကောင်းထက်ဇော်ရဲ့ နေရာမှာ

​မိသားစုပြိုင်ပွဲတင်ဆက်သူ အဖြစ် ယခုနှစ်မှာ စတင်ဆောင်ရွက် လာတာကို တွေ့ရပါတယ်။ ကောင်းထက်ဇော်ဟာဆိုရင် ပရိသတ်တွေအားပေးကြရတဲ့

နိုင်ငံကျော်တင်ဆက်သူ တစ်ယောက်ဖြစ် ဖြစ်တဲ့အတွက် စိုးထွန်းဝင်းအနေနဲ့ ကိုကောင်းကြီးနေရာမှာ တင်ဆက်ရတဲ့အခါမှာတော့ ဝေဖန်မှုတွေကို ကြုံနေရတာလည်း ဖြစ်ပါတယ်။

မူလတင်ဆက်သူဖြစ်တဲ့ ကောင်းထက်ဇော်ဟာ မိသားစုပြိုင်ပွဲကို လူအများ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး နိုင်ငံကျော်တင်ဆက်သူ တစ်ဦးဖြစ်သလို

နှစ်ရှည်ကြာအောင် အမြဲမြင်တွေ့ အသားကျခဲ့နေပြီဖြစ်လို့ အသစ်ဖြစ်လာသော စိုးထွန်းဝင်းအနေနဲ့တော့ ဝေဖန်မှုတွေ ကြုံတွေ့ရတာ မဆန်းရဘူးလို့ ဆိုမှာပါနော်။

စိုးထွန်းဝင်းအနေနဲ့လည်း ကိုကောင်းကြီးကဲ့သို့ ပရိသတ်အားပေးမှုကို ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားလျှက် ရှိတာကို တွေ့မြင်ရပြီး

စိုးထွန်းဝင်းကို ချစ်ကြသော ပရိသတ်တွေကလည်း ကိုစိုးကြီး တင်ဆက်မှုမှာ လိုအပ်မှုလေးတွေ ရှိနေပေမယ့် အားနည်းချက်လေးတွေကို ပြင်ဆင်သွားမယ်ဆိုရင်

ကိုကောင်းကြီး ကဲ့သို့ အားပေးခံရမှုတွေ ရရှိနိုင်ကြောင်း အားပေးပြောဆို ထားကြတာကို တွေ့ရ ပါတယ်နော်။ ဒါ့အပြင် စိုးထွန်းဝင်းအား မိတ်ကပ်နဲ့ နှုတ်ခမ်းနီတွေ လျှော့ချဖို့ အကြံပေးကြရာမှာတော့

စိုးထွန်းဝင်းကလည်း အကြံပြုချက်ကို လက်ခံပြီး မိတ်ကပ်ဆရာကို ပြောပြကာ ပြုပြင်လိုက်ပါမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တာကို တွေ့ရပြီး

ပရိသတ်တွေအနေနဲ့လည်း သူတို့ချစ်သော ကိုစိုးကြီးတစ်ယောက် လိုအပ်ချက်တွေ မရှိစေရေးအတွက် အသံကို အကျယ်ကြီး အော်ပြောတာမို့ကို ထိန်းသိမ်းဖို့နဲ့

အခြားသော အကြံပြုချက်လေးတွေကိုလည်း ပြောဆိုအကြံပြုပေး နေကြတာကို တွေ့မြင်ရပြီး စိုးထွန်းဝင်းမှလည်း ပရိသတ်စကားကို အလေးထားကာ

နောက်ထပ် လာမယ့် အစီအစဥ် အပိုင်းများမှာ သေချာဂရုစိုက်ကာ ပြောင်းလဲ ပြုပြင်သွားမည်ဖြစ်ကြောင်း ပရိသတ်အား ကတိပြုပြောကြား လာတာကိုတွေ့ရပါတယ်။

သို့အတွက် ရှေ့ဆက်ပြသလာမယ့် မိသားစုပြိုင်ပွဲမှာ လိုအပ်ချက်တွေကို ပြင်ဆင်တင်ဆက်လာမယ့် စိုးထွန်းဝင်း(ခ) ကိုစိုးကြီးအနေနဲ့

ရှေ့က အကောင်းဆုံး စီစဥ်တင်ဆက်ပြသွားနိုင်သော ကိုကောင်းကြီး(ခ) ​ကောင်းထက်ဇော် နည်းတူ ပရိသတ်တွေရဲ့ အားပေးမှုတွေ ခံယူလာနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်။

ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့အနေနဲ့လည်း မိသားစုပြိုင်ပွဲကို အားပေးကြသူတွေ ပါမယ်ဆိုလျှင် အစီအစဥ်တင်ဆက်သူ စိုးထွန်းဝင်းအား အကြံပြုချက်လေးတွေ ရေးသားပေးခဲ့ ပါအုံးနော်။