ထိုင်းနိုင်ငံ သာမက ဂျပန်နိုင်ငံထိပါ အောင်မြင်နေပြီး Top3ထိရောက်ကာ လူကြိုက်များနေတဲ့ သူ့ရဲ့သီချင်းလေးအတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်နေတဲ့ အုပ်စိုးခန့်
(Zawgyiဖြင့် ဖတ်ရန်)
လူငယ်ပီသစွာ ဆန်းသစ်ဖန်တီးမှု တွေကြောင့် အနုပညာလောကမှာ အောင်မြင်တဲ့နေရာ တစ်နေရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိလာနိုင်သူ တစ်ဉီးလို့ ဆိုရမှာပါ။
(Unicodeဖြင့် ဖတ်ရန်)
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ မိန်းကလေး ပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကိုရရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်
လူငယ်အဆိုတော် အုပ်စိုးခန့်ကတော့ အသံချိုချို အေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ အုပ်စိုးခန့် ကတော့
အနုပညာအလုပ်တွေကို ဝါသနာပါလွန်းသူပီပီ ဂီတအနုပညာဖြစ်တဲ့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ခြေချကာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ
“အိပ်မက်တွေ မိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သေးပြီး ပရိသတ်တွေရဲ့ သဘောကျ အားပေးမှုကို ထပ်မံရရှိခဲ့သူပါ။
အုပ်စိုးခန့်ဟာ အခုဆိုရင် အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ ဆယ်ကျော်သက် တစ်ယောက်ဖြစ်တယ် ဆိုပေမယ့်လည်း ကြိုးစားအားထုတ်မှုတွေနဲ့
လူငယ်ပီသစွာ ဆန်းသစ်ဖန်တီးမှု တွေကြောင့် အနုပညာလောကမှာ အောင်မြင်တဲ့နေရာ တစ်နေရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိလာနိုင်သူ တစ်ဦးလို့ ဆိုရမှာပါ။
အခုဆိုရင် အုပ်စိုးခန့် ဟာ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ခြေလှမ်းအသစ် အဖြစ် ပြည်ပကအနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေခဲ့ကာ
အချိန်တိုအတွင်းမှာပဲ ပြည်ပ Fan တွေကြား လူသိများမှု အတော်အသင့် ရရှိနေပြီဖြစ်ပြီး နာမည်ရစပြုနေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း
ထိုင်းအဆိုတော်တွေ နဲ့အတူ သီချင်းတွေ သီဆို ဖန်တီးခဲ့ပြီး လက်ရှိထွက်ရှိထားတဲ့ သီချင်းအသစ်လေးဟာ ထင်မှတ်ထားတာတဲ့ ပိုပြီးအောင်မြင်နေတာပဲဖြစ်ပါတယ်နော်။
ထိုသီချင်းအသစ်လေးဟာ မြန်မာနိုင်ငံသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင် ခဲ့တာဖြစ်ပြီး ခုဆိုရင် အုပ်စိုးခန့်တို့ အောင်မြင်မှု့ဟာ ဂျပန်နိုင်ငံအထိတောင် ရောက်ရှိနေပြီပဲဖြစ်ပါတယ်တဲ့နော်။
ဂျပန်နိုင်ငံရဲ့ လူကြိုက်များဆုံး သီချင်းထဲမှာ Top 3 နေရာမှာ ရှိနေတဲ့သူရဲ့ သီချင်းလေး အကြောင်းကို အဆိုတော်အုပ်စိုးခန့်က ဂုဏ်ယူစွာမျှဝေလာ ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူငယ် အနုပညာရှင်တစ်ယောက် အနေနဲ့ ပြည်ပနိုင်ငံထိ ခုလိုအောင်မြင် လာနေတယ်ဆိုတာ တကယ်ကိုမှ ဂုဏ်ယူစရာဖြစ်တာမို့
ပရိသတ်ကြီးများ အတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။ ချစ်ရအားပေးရတဲ့ အုပ်အုပ်တစ်ယောက် ယခုထက်ပို အောင်မြင်ပါစေကြောင်း ဆုတောင်းဝန်းရံပေးခဲ့ ကြပါအုံးနော်။