ပွဲဆူ ဂယက်ထကာ ချစ်သူအသစ်လေးကို မထိခိုက်စေချင်တာမို့ ရည်းစားဟောင်းကို ပြဿနာရှာတာတွေ ရပ်တန်းက ရပ်ဖို့ သတိပေး လိုက်တဲ့ နေဒွေး

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ သရုပ္ေဆာင္ မင္းသားေခ်ာ ေနေဒြး ကေတာ့ ဗီဒီယိုဇာတ္ကားမ်ားႏွင့္ သီခ်င္းMVေတြမွာ ပါဝင္ သရုပ္ေဆာင္ရင္း

အၿမိဳ႔ၿမိဳ႔ အနယ္နယ္က ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွ လာခဲ့တဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္ေနာ္။ ဗီဒီယိုေခတ္မွာ ပရိသတ္ ႏွစ္သက္ကာ

အားေပးခဲ့ၾက သလို ယခုလို အြန္လိုင္း ဆိုရွယ္မီဒီယာေခတ္မွာလည္း သူ႔ကို ခ်စ္ေသာ ပရိသတ္ေတြရဲ့ အားေပးမႈေတြ ဆက္လက္ ရရိွခဲ့ေပမယ့္လည္း

ေနေဒြးဟာ သူ႔ရဲ့အခ်စ္ေရးကိစၥ အရႈပ္အေထြးေတြနဲ႔ မၾကာမၾကာ အရႈပ္အရွင္းျဖစ္ကာ ျပႆနာေတြတက္ေလ့ရိွ ေနတာ ပဲျဖစ္ပါတယ္။ ယခုအခါမွာလည္း သရုပ္ေဆာင္ေနေဒြးက

သူ႔ရဲ့လက္ရိွခ်စ္သူ ေကာင္မေလး အထင္အျမင္ လြဲမွားေစလာႏိုင္တဲ့အတြက္ ခ်စ္သူေကာင္မေလးကို ထိခိုက္လာတဲ့အတြက္ ဆိုၿပီး မၾကာခင္က ျပႆနာေတြ တက္ကာ ျပတ္စဲခဲ့ေသာ

ခ်စ္သူေဟာင္း Htang Ra ကို ပို႔စ္တင္ေရးသားၿပီး ရပ္တန္႔က ရပ္ရန္ သတိေပးစကား ဆိုလာခဲ့ ျပန္တာကို အခုလိုပဲ ေတြ့ရပါတယ္ ေနာ္။ ေနေဒြးက “ေတာ္ၿပီ ပြဲရပ္ၿပီ။

တင္ပါဆို မတင္ေတာ့ ကိုယ္ေတြမွာ အႂကြားႀကီး ျဖစ္သြားေရာ ကိုယ္ေတြလည္း တစ္ေန့လုပ္မွ တစ္ေန့စားတဲ့ဘဝေလးပါကြယ္ ဒါေပမယ့္ ရိွတာပိုင္ဆိုင္တာပဲ ႂကြားတယ္ မရိွတာမပိုင္ဆိုင္တာ မႂကြားဘူး။

ရွက္စရာႀကီးေလ ခ်စ္သူဘဝမွာ အျပန္အလွန္ ခ်စ္သူခ်င္း လက္ေဆာင္ေပးတာ ဂုဏ္ေဖာ္စရာလည္းမလိုဘူး။ ဒါေပမယ့္ တစ္ေသာင္းတန္ေပး တစ္ေသာင္းတန္

တစ္သိန္းတန္ေပး တစ္သိန္းတန္ေပါ့ အမွန္အတိုင္းေျပာေလ။ ကိုယ္ေတြလည္း သိန္းတစ္ရာ လာေတာင္းတယ္ မေပးႏိုင္လို႔ ဆယ္သိန္းေပးတယ္ အမွန္အတိုင္းေလ။

သူ႔အေႂကြးသိန္းတစ္ရာ ငါဆပ္ေပးပါတယ္ ဂုဏ္ေဖာ္မေျပာဘူး။ ပြဲရပ္ၿပီ စပ္စုစိန္ေလးေတြည္း ဟိုဘက္ေျပး ဒီဘက္ေျပးနဲ႔ ေဘလ္ကုန္တယ္ ေပ့ခ်္အတုေတြကလည္း

မီဒီယာေဖာ္ျပခြင့္ မျပဳေရးလည္း ခ်က္ခ်င္း ေဖာ္ျပတာပဲ။ အဲ့ေတာ့ လက္ေညာင္းခံ ေရးမေနေတာ့ဘူး။ ဟိုတစ္ေယာက္လည္း ေအးေဆးေနေတာ့။

မိတ္ေဆျြဖစ္လို႔ မရေတာ့ရင္ေတာင္ ရန္သူမျဖစ္ခ်င္ဘူး။ ကိုယ့္ခ်စ္သူနဲ႔ကိုယ္ ေပ်ာ္ေပ်ာ္ေန။ ၾကားထဲက ေနာက္ထပ္ခ်စ္သူေတြ ထိခိုက္ေတာ့ မေကာင္းဘူး။

ဘဝအသစ္မွာ အလုပ္ႀကိဳးစားၿပီး ေအာင္ျမင္ေအာင္ပဲ လုပ္ပါေတာ့ ေခတ္ကာလက ဘာမွန္း မသိဘူး။ ၾကားထဲက ပြဲရွာေနတဲ့သူေတြလည္း အကုသိုလ္မ်ားတယ္ ဆဲမေနၾကနဲ႔

ကမ႓ာေပၚမွာ လူေတြအားလံုး ေဆြမ်ိဳးေတြခ်ည္းပဲ အာဒံနဲ႔ဧဝႏွစ္ေယာက္ယြ လိုက္တာ အကုန္လူျဖစ္လာၾကတာ။ ဆဲေနတဲ့သူေတြလည္း ခြင့္လႊတ္တယ္

အကုသိုလ္ ယူ မေနၾကနဲ႔” ဆိုၿပီး ေရးသားလာခဲ့ သလို my dayမွာလည္း ေနေဒြး က “အပိုေတြ ေလ်ွာက္တင္မေနနဲ႔။ နာမည္ေပါက္နဲ႔ ကားစာခ်ဳပ္ပဲ တင္လိုက္ပါေတာ့။

အဲ့ဒါဆို စျဖစ္ကတည္းက မင္းေျပာခဲ့တာအမွန္ပါ ကြၽန္ေတာ္မွားပါတယ္ဆိုၿပီး Live လႊင့္ ေတာင္းပန္ခ်င္လို႔ပါ။ ပိုက္ဆံ အရမ္း ခ်မ္းသာတဲ့သူဆိုၿပီး အရမ္းကို ဂုဏ္ျပဳျပီး

ေျပာခဲ့ ဆိုခဲ့တာေတြကို ေတာင္းပန္ခ်င္လို႔ပါဗ်ာ။ ပြဲၾကၫ့္ခ်င္ေနတဲ့သူေတြ ပြဲရွာေနတဲ့သူေတြကေရာ ဘာလို႔ၿငိမ္ေနၾကတာလဲ ျမန္ျမန္တင္ခိုင္းေတာ့ေလကြာ

ဒီမွာ ေတာင္းပန္ ခ်င္ေနပါၿပီ ဆိုမွ ဒါေလးကို သြားမန႔္ေပးၾကပါဦး။” ဆိုၿပီး ေရးသားထားတာကို ေတြ့ရပါတယ္။ ေနေဒြးရဲ့ခ်စ္သူေဟာင္း Htang Raက

သူမ သံုးစြဲလ်ွက္ရိွေသာ လူမႈကြန္ယက္ Instagram အေကာင့္ကို ရည္းစားေဟာင္းေနေဒြးက အေကာင့္တုေတြနဲ႔ လာၾကၫ့္တယ္ဆိုၿပီး တင္ခဲ့ရာမွ အခုလို

ေနေဒြးနဲ႔သူမၾကား ထပ္မံၿပီး ျပႆနာေတြ ဆက္တိုက္ဆိုသလိူ ျဖစ္လာခဲ့တာ ျဖစ္တယ္လို႔ သိရၿပီး ေနေဒြးကေတာ့ ခ်စ္သူအသစ္ေတြနဲ႔ ဘဝသစ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းၾကၿပီး

မိတ္ေဆြအျဖစ္ မျဖစ္ႏိုင္ေတာ့ရင္ေတာင္ ရန္သူ မျဖစ္ခ်င္တာမို႔ ကိုယ့္ဘဝနဲ႔ကိုယ္သာ ေပ်ာ္ေပ်ာ္ေနၾကမယ္ဆိုၿပီး ေျပာလာသလို သူ႔ကိုဆဲေနၾကသူေတြကိုလည္း အကုသိုလ္ယူမေနနဲ႔ ဆိုၿပီး ေျပာလာခဲ့တာပါ။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော နေဒွေး ကတော့ ဗီဒီယိုဇာတ်ကားများနှင့် သီချင်းMVတွေမှာ ပါဝင် သရုပ်ဆောင်ရင်း

အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိ လာခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ဗီဒီယိုခေတ်မှာ ပရိသတ် နှစ်သက်ကာ

အားပေးခဲ့ကြ သလို ယခုလို အွန်လိုင်း ဆိုရှယ်မီဒီယာခေတ်မှာလည်း သူ့ကို ချစ်သော ပရိသတ်တွေရဲ့ အားပေးမှုတွေ ဆက်လက် ရရှိခဲ့ပေမယ့်လည်း

နေဒွေးဟာ သူ့ရဲ့အချစ်ရေးကိစ္စ အရှုပ်အထွေးတွေနဲ့ မကြာမကြာ အရှုပ်အရှင်းဖြစ်ကာ ပြဿနာတွေတက်လေ့ရှိ နေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း သရုပ်ဆောင်နေဒွေးက

သူ့ရဲ့လက်ရှိချစ်သူ ကောင်မလေး အထင်အမြင် လွဲမှားစေလာနိုင်တဲ့အတွက် ချစ်သူကောင်မလေးကို ထိခိုက်လာတဲ့အတွက် ဆိုပြီး မကြာခင်က ပြဿနာတွေ တက်ကာ ပြတ်စဲခဲ့သော

ချစ်သူဟောင်း Htang Ra ကို ပို့စ်တင်ရေးသားပြီး ရပ်တန့်က ရပ်ရန် သတိပေးစကား ဆိုလာခဲ့ ပြန်တာကို အခုလိုပဲ တွေ့ရပါတယ် နော်။ နေဒွေးက “တော်ပြီ ပွဲရပ်ပြီ။

တင်ပါဆို မတင်တော့ ကိုယ်တွေမှာ အကြွားကြီး ဖြစ်သွားရော ကိုယ်တွေလည်း တစ်နေ့လုပ်မှ တစ်နေ့စားတဲ့ဘဝလေးပါကွယ် ဒါပေမယ့် ရှိတာပိုင်ဆိုင်တာပဲ ကြွားတယ် မရှိတာမပိုင်ဆိုင်တာ မကြွားဘူး။

ရှက်စရာကြီးလေ ချစ်သူဘဝမှာ အပြန်အလှန် ချစ်သူချင်း လက်ဆောင်ပေးတာ ဂုဏ်ဖော်စရာလည်းမလိုဘူး။ ဒါပေမယ့် တစ်သောင်းတန်ပေး တစ်သောင်းတန်

တစ်သိန်းတန်ပေး တစ်သိန်းတန်ပေါ့ အမှန်အတိုင်းပြောလေ။ ကိုယ်တွေလည်း သိန်းတစ်ရာ လာတောင်းတယ် မပေးနိုင်လို့ ဆယ်သိန်းပေးတယ် အမှန်အတိုင်းလေ။

သူ့အကြွေးသိန်းတစ်ရာ ငါဆပ်ပေးပါတယ် ဂုဏ်ဖော်မပြောဘူး။ ပွဲရပ်ပြီ စပ်စုစိန်လေးတွေည်း ဟိုဘက်ပြေး ဒီဘက်ပြေးနဲ့ ဘေလ်ကုန်တယ် ပေ့ချ်အတုတွေကလည်း

မီဒီယာဖော်ပြခွင့် မပြုရေးလည်း ချက်ချင်း ဖော်ပြတာပဲ။ အဲ့တော့ လက်ညောင်းခံ ရေးမနေတော့ဘူး။ ဟိုတစ်ယောက်လည်း အေးဆေးနေတော့။

မိတ်ဆွေဖြစ်လို့ မရတော့ရင်တောင် ရန်သူမဖြစ်ချင်ဘူး။ ကိုယ့်ချစ်သူနဲ့ကိုယ် ပျော်ပျော်နေ။ ကြားထဲက နောက်ထပ်ချစ်သူတွေ ထိခိုက်တော့ မကောင်းဘူး။

ဘဝအသစ်မှာ အလုပ်ကြိုးစားပြီး အောင်မြင်အောင်ပဲ လုပ်ပါတော့ ခေတ်ကာလက ဘာမှန်း မသိဘူး။ ကြားထဲက ပွဲရှာနေတဲ့သူတွေလည်း အကုသိုလ်များတယ် ဆဲမနေကြနဲ့

ကမ္ဘာပေါ်မှာ လူတွေအားလုံး ဆွေမျိုးတွေချည်းပဲ အာဒံနဲ့ဧဝနှစ်ယောက်ယွ လိုက်တာ အကုန်လူဖြစ်လာကြတာ။ ဆဲနေတဲ့သူတွေလည်း ခွင့်လွှတ်တယ်

အကုသိုလ် ယူ မနေကြနဲ့” ဆိုပြီး ရေးသားလာခဲ့ သလို my dayမှာလည်း နေဒွေး က “အပိုတွေ လျှောက်တင်မနေနဲ့။ နာမည်ပေါက်နဲ့ ကားစာချုပ်ပဲ တင်လိုက်ပါတော့။

အဲ့ဒါဆို စဖြစ်ကတည်းက မင်းပြောခဲ့တာအမှန်ပါ ကျွန်တော်မှားပါတယ်ဆိုပြီး Live လွှင့် တောင်းပန်ချင်လို့ပါ။ ပိုက်ဆံ အရမ်း ချမ်းသာတဲ့သူဆိုပြီး အရမ်းကို ဂုဏ်ပြုပြီး

ပြောခဲ့ ဆိုခဲ့တာတွေကို တောင်းပန်ချင်လို့ပါဗျာ။ ပွဲကြည့်ချင်နေတဲ့သူတွေ ပွဲရှာနေတဲ့သူတွေကရော ဘာလို့ငြိမ်နေကြတာလဲ မြန်မြန်တင်ခိုင်းတော့လေကွာ

ဒီမှာ တောင်းပန် ချင်နေပါပြီ ဆိုမှ ဒါလေးကို သွားမန့်ပေးကြပါဦး။” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ နေဒွေးရဲ့ချစ်သူဟောင်း Htang Raက

သူမ သုံးစွဲလျှက်ရှိသော လူမှုကွန်ယက် Instagram အကောင့်ကို ရည်းစားဟောင်းနေဒွေးက အကောင့်တုတွေနဲ့ လာကြည့်တယ်ဆိုပြီး တင်ခဲ့ရာမှ အခုလို

နေဒွေးနဲ့သူမကြား ထပ်မံပြီး ပြဿနာတွေ ဆက်တိုက်ဆိုသလိူ ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ သိရပြီး နေဒွေးကတော့ ချစ်သူအသစ်တွေနဲ့ ဘဝသစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပြီး

မိတ်ဆွေအဖြစ် မဖြစ်နိုင်တော့ရင်တောင် ရန်သူ မဖြစ်ချင်တာမို့ ကိုယ့်ဘဝနဲ့ကိုယ်သာ ပျော်ပျော်နေကြမယ်ဆိုပြီး ပြောလာသလို သူ့ကိုဆဲနေကြသူတွေကိုလည်း အကုသိုလ်ယူမနေနဲ့ ဆိုပြီး ပြောလာခဲ့တာပါ။