ဖခင် ပီသလွန်းသော ဖခင်တစ်ယောက် (သို့မဟုတ်) တချိန်က ပရိသတ်အမုန်းတော်ခံ ဗီလိန်လူကြမ်းကြီးရဲ့ လက်တွေ့ဘဝ သရုပ်မှန်

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ ဟိုးတခ်ိန္က ဗီလိန္လူၾကမ္းႀကီး တစ္ၪီးအျဖစ္ ဇာတ္ကားမ်ားစြာ ပါဝင္ခဲ့ဖူးတဲ့ လူၾကမ္းသရုပ္ေဆာင္ မင္းမင္းကို အားလံုး သိၾကမွာပါေနာ္။

လူၾကမ္းသရုပ္ေဆာင္ မင္းမင္းဆိုရင္ ျမန္မာဗီဒီယိုေလာက ေခတ္ေကာင္းစဥ္အခါတုန္းက ဗီဒီယိုဇာတ္လမ္းေပါင္းမ်ားစြာမွာ မင္းသားအလက္ေပါင္းမ်ားစြာနဲ႔

ဗီလိန္ေနရာ လူၾကမ္းေနရာ ကေန က်ရာဇာတ္ရုပ္ကို ပီျပင္စြာ တြဲဖက္သရုပ္ေဆာင္ ခဲ့ရတဲ့အတြက္ ပရိသတ္ေတြရဲ့ မုန္းတီးမႈကို ခံခဲ့ရတဲ့ လူၾကမ္းမင္းသားတစ္ၪီးပါ။

တကယ္တမ္းေတာ့ လူၾကမ္းသရုပ္ေဆာင္ေတြဆိုတာ ဟာလည္း ဇာတ္ကားေတြ ရုပ္ရွင္ေတြထဲမွာသာ ၾကမ္းျပရမ္းျပ ဆိုးေပေတျပ ခဲု့ကရေပမယ့္

တကယ့္အျပင္ လက္ေတြ့ဘဝမွာေတာ့ စိတ္ထားႏူးညံ့ သိမ့္ေမြ့သူေတြ မေကာင္းမႈေရွာင္ ေကာင္းမႈေဆာင္တဲ့သူေတြသာ မ်ားတယ္ဆိုတာ အခုေခတ္မွာေတာ့ ပရိသတ္ႀကီးအားလံုးလည္း သိျမင္ႏိုင္ပါၿပီေနာ္။

အရင္မသိခင္တုန္းက လူၾကမ္းဆိုမုန္းခ်င္ မုန္းခဲ့ၾကမွာ ဆိုေပမယ့္ အခုခ်ိန္ခါ အြန္လိုင္းမီဒီယာေခတ္မွာေတာ့ သူတို႔ေတြရဲ့ဘဝဇာတ္ေၾကာင္း မိသားစု ပကတိ အေျခအေနေတြကို

အြန္လိုင္းမီဒီယာေတြက အင္တာဗ်ူးမ်ား သတင္းမ်ားမွာ ထုတ္ေဖာ္ ေဖာ္ျပေပး လာခဲ့မႈေတြေၾကာင့္ တခ်ိန္က ဇာတ္ကားေတြထဲမွာ သ႑ာန္လုပ္ သရုပ္ပီျပင္

ေဆးစက္က်ရာ အရုပ္ထင္ခဲ့ၾကရတဲ့ လူၾကမ္းမင္းသားႀကီးေတြရဲ့ သရုပ္ေဆာင္မႈအေပၚ နားလည္ေပးႏိုင္ကာ လူၾကမ္းသရုပ္ေဆာင္ေတြကို ဂရုဏာပြား ေမတၲာထားႏိုင္ ခဲ့ၾကၿပီ ျဖစ္ပါတယ္။

အမွန္တကယ္လည္း လူၾကမ္းသရုပ္ေဆာင္ေတြရဲ့ လက္ေတြ့ဘဝနဲ႔ ဇာတ္ကားထဲက ဇာတ္ေကာင္စရိုက္ေတြဟာ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ေနတာမို႔

လူၾကမ္းႀကီးေတြ အေပၚ အမုန္းမပြားဘဲ ခ်စ္ေပးၾကေစခ်င္ ပါတယ္ေနာ္။ အခုလည္း လူၾကမ္းသရုပ္ေဆာင္ေတြ ထဲက တစ္ၪီးျဖစ္တဲ့ ကိုမင္းမင္း ဟာဆိုရင္

ဗီဒီယိုေစ်းကြက္ ပ်က္ၿပီးေနာက္ပိုင္း ဇာတ္ကားေတြ မရိုက္ရေတာ့ အခ်ိန္မွာ အခက္အခဲမ်ားစြာ ႀကံဳခဲ့ရပါတယ္။ ဗီဒီယိုဇာတ္ကားေတြ ဆက္တိုက္ ရိုက္ကူးခဲ့ရစဥ္ကလည္း

လူၾကမ္းသရုပ္ေဆာင္ေတြဟာ မင္းသား မင္းသမီးေတြ ရရိွတဲ့ အႏုပညာေၾကးရဲ့ အစြန္အဖ်ား ပမာဏေလာက္ပင္ အႏုပညာေၾကး မရရိွခဲ့တာမို႔

ဝါသနာအရ ဖိုက္တင္းေတြ ခ်ကာ သရုပ္ေဆာင္ခဲ့ၾက ရေပမယ့္ မိသားစု စားဝတ္ေနေရးအတြက္ေတာ့ အၿမဲ ၿခိဳးၿခံေခြၽတာခဲ့ ၾကရတာ ျဖစ္ပါတယ္။ ရိုက္ကူးေရး နည္းပါးၿပီး

သရုပ္ေဆာင္ခြင့္ မရိွေတာ့တဲ့အခ်ိန္မွာေတာ့ လူၾကမ္းသရုပ္ေဆာင္မင္းမင္းဟာ မိသားစု ဝမ္းေရးနဲ႔ အိမ္လခအတြက္ တကၠစီေမာင္းကာ ရုန္းကန္ ရွာေဖြ ေကြၽးေမြးခဲ့သူျဖစ္ပါတယ္။

ယခုေနာက္ပိုင္း ကာလမွာေတာ့ သူ႔ရဲ့သမီးေခ်ာေလး ဇင္စႏၵာထြန္းက ဖခင္ျဖစ္သူမင္းမင္းဟာ မိသားစုအတြက္ ပင္ပန္းစြာ ရုန္းကန္ေနရတာကို မၾကည့္ရက္တဲ့အတြက္

သူမ ဝါသနာပါလြန္းတဲ့ အႏုပညာေလာကထဲသို႔ စတင္ဝင္ေရာက္ကာ တစ္ဖက္တစ္လွမ္းကေန တာဝန္ကူထမ္း ေပးလ်ွက္ရိွတာကို ေတြ့ရပါတယ္။

လူၾကမ္းမင္းသား တစ္ၪီးေပမယ့္ စိတ္ထားႏူးညံ့ကာ မိသားစုကိုခ်စ္တဲ့ ကိုမင္းမင္းကေတာ့ သမီးေလးကို စိတ္ပင္ပန္းရတဲ့ အတိုက္အခိုက္မ်ားတဲ့ အႏုပညာအလုပ္ေတြကို မလုပ္ေစခ်င္ေပမယ့္

ဒီအႏုပညာအလုပ္အေပၚ သူ႔လိုပင္ သမီးေလးက ဝါသနာပါလြန္းေနတာမို႔ လုပ္ခြင့္ျပဳေပးခဲ့ရံုမ်ွမက ခ်စ္သမီးေလးကို မီဒီယာမ်ားမွတဆင့္ ပရိသတ္ထံသို႔ အပ္ႏွင္း မိတ္ဆက္ေပးလာခဲ့တာ အားလံုး အသိပါေနာ္။

လူၾကမ္း သရုပ္ေဆာင္မင္းမင္းဟာ သမီးေလးရဲ့ အႏုပညာ ခရီးအစမွာ ေငြေၾကးအရ မကူညီႏိုင္ေပမယ့္ ဖခင္ေမတၲာအျပည့္နဲ႔ တက္စြမ္းသမ်ွ ေနာက္ကေန ပံ့ပိုးသင္ၾကား ေပးေနတာကို ေတြ့ရၿပီး

သမီးေလးအတြက္ သူ တန္ဖိုးထားရေသာ လူၾကမ္းသရုပ္ေဆာင္ဆိုတဲ့ ဂုဏ္ပုဒ္ကို ေဘးခ်ိတ္ထားကာ သမီးျဖစ္သူဇင္စႏၵာထြန္း Live Salesေတြ ေရာင္းေနခ်ိန္မွာလည္း

အနီးနားမွာေနၿပီး အထည္ေလးေတြ ကိုင္ျပေပး သိမ္းေပး ေရာင္းကူေပးေနရွာတာဟာ သူဟာ ပရိသတ္ေတြ အျမင္မွာ မုန္းစရာလူၾကမ္းတစ္ေယာက္ ျဖစ္ခဲ့ေပမယ့္

တကယ့္ျပင္ပလက္ေတြ့ ဘဝမွာေတာ့ ဖခင္စိတ္ျပည့္ဝေသာ ဖခင္ ပီသလြန္းေသာ ဖခင္တစ္ေယာက္ ဆိုတာဟာ ပကာသန မပါဘဲ ျမင္သာ ေစလြန္းပါတယ္ေနာ္။

ေငြေၾကးရွားပါးေပမယ့္ ဖခင္ေမတၲာစိတ္ ျပည့္ဝလြန္းတဲ့ လူၾကမ္းမင္းသားႀကီး မင္းမင္းရဲ့ ဖခင္ပီသမႈကေတာ့ တကယ့္ကို ခ်ီးက်ူးဖြယ္ရာ ပါပဲေနာ္ ပရိသတ္ႀကီး။

အၿမဲလိုလို သမီးေလးရဲ့ လုပ္ကိုင္မႈေတြ လႈပ္ရွားမႈေတြကို ေဘးကေန ေနေပးၿပီး သမီးျဖစ္သူ အားမငယ္ေအာင္၊ ေရ႔ွဆက္လမ္းမယ့္ ဘဝလမ္းမွာ ခြန္အားျဖစ္ေအာင္ ရပ္တည္ေပးလ်ွက္ရိွတာဟာ

ျမင္သူတိုင္းရဲ့ ရင္ကို ေအးျမ ၾကည္ႏူးေစၿပီး အေဖတစ္ေယာက္ရဲ့ ေမတၲာ ေစတနာေတြကို ခံစားနားလည္ေစႏိုင္တာမို႔ ေလးစားဂုဏ္ျပဳစြာနဲ႔ တင္ဆက္ေပးလိုက္ရျခင္း ျဖစ္ပါတယ္ေနာ္။

ဖတ္ရႈ႔အားေပးေနၾကေသာ ပရိသတ္ႀကီးတို႔ကလည္း လူၾကမ္းမင္းသားႀကီးမင္းမင္းနဲ႔ သမီးေလး ဇင္စႏၵာထြန္းတို႔ကို ဝန္းရံ အားေပးျခင္းျဖင့္ ကူညီၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ ဟိုးတချိန်က ဗီလိန်လူကြမ်းကြီး တစ်ဦးအဖြစ် ဇာတ်ကားများစွာ ပါဝင်ခဲ့ဖူးတဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကို အားလုံး သိကြမှာပါနော်။

လူကြမ်းသရုပ်ဆောင် မင်းမင်းဆိုရင် မြန်မာဗီဒီယိုလောက ခေတ်ကောင်းစဥ်အခါတုန်းက ဗီဒီယိုဇာတ်လမ်းပေါင်းများစွာမှာ မင်းသားအလက်ပေါင်းများစွာနဲ့

ဗီလိန်နေရာ လူကြမ်းနေရာ ကနေ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ တွဲဖက်သရုပ်ဆောင် ခဲ့ရတဲ့အတွက် ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတဲ့ လူကြမ်းမင်းသားတစ်ဦးပါ။

တကယ်တမ်းတော့ လူကြမ်းသရုပ်ဆောင်တွေဆိုတာ ဟာလည်း ဇာတ်ကားတွေ ရုပ်ရှင်တွေထဲမှာသာ ကြမ်းပြရမ်းပြ ဆိုးပေတေပြ ခဲ့ုကရပေမယ့်

တကယ့်အပြင် လက်တွေ့ဘဝမှာတော့ စိတ်ထားနူးညံ့ သိမ့်မွေ့သူတွေ မကောင်းမှုရှောင် ကောင်းမှုဆောင်တဲ့သူတွေသာ များတယ်ဆိုတာ အခုခေတ်မှာတော့ ပရိသတ်ကြီးအားလုံးလည်း သိမြင်နိုင်ပါပြီနော်။

အရင်မသိခင်တုန်းက လူကြမ်းဆိုမုန်းချင် မုန်းခဲ့ကြမှာ ဆိုပေမယ့် အခုချိန်ခါ အွန်လိုင်းမီဒီယာခေတ်မှာတော့ သူတို့တွေရဲ့ဘဝဇာတ်ကြောင်း မိသားစု ပကတိ အခြေအနေတွေကို

အွန်လိုင်းမီဒီယာတွေက အင်တာဗျူးများ သတင်းများမှာ ထုတ်ဖော် ဖော်ပြပေး လာခဲ့မှုတွေကြောင့် တချိန်က ဇာတ်ကားတွေထဲမှာ သဏ္ဍာန်လုပ် သရုပ်ပီပြင်

ဆေးစက်ကျရာ အရုပ်ထင်ခဲ့ကြရတဲ့ လူကြမ်းမင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုအပေါ် နားလည်ပေးနိုင်ကာ လူကြမ်းသရုပ်ဆောင်တွေကို ဂရုဏာပွား မေတ္တာထားနိုင် ခဲ့ကြပြီ ဖြစ်ပါတယ်။

အမှန်တကယ်လည်း လူကြမ်းသရုပ်ဆောင်တွေရဲ့ လက်တွေ့ဘဝနဲ့ ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမို့

လူကြမ်းကြီးတွေ အပေါ် အမုန်းမပွားဘဲ ချစ်ပေးကြစေချင် ပါတယ်နော်။ အခုလည်း လူကြမ်းသရုပ်ဆောင်တွေ ထဲက တစ်ဦးဖြစ်တဲ့ ကိုမင်းမင်း ဟာဆိုရင်

ဗီဒီယိုစျေးကွက် ပျက်ပြီးနောက်ပိုင်း ဇာတ်ကားတွေ မရိုက်ရတော့ အချိန်မှာ အခက်အခဲများစွာ ကြုံခဲ့ရပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးခဲ့ရစဥ်ကလည်း

လူကြမ်းသရုပ်ဆောင်တွေဟာ မင်းသား မင်းသမီးတွေ ရရှိတဲ့ အနုပညာကြေးရဲ့ အစွန်အဖျား ပမာဏလောက်ပင် အနုပညာကြေး မရရှိခဲ့တာမို့

ဝါသနာအရ ဖိုက်တင်းတွေ ချကာ သရုပ်ဆောင်ခဲ့ကြ ရပေမယ့် မိသားစု စားဝတ်နေရေးအတွက်တော့ အမြဲ ခြိုးခြံချွေတာခဲ့ ကြရတာ ဖြစ်ပါတယ်။ ရိုက်ကူးရေး နည်းပါးပြီး

သရုပ်ဆောင်ခွင့် မရှိတော့တဲ့အချိန်မှာတော့ လူကြမ်းသရုပ်ဆောင်မင်းမင်းဟာ မိသားစု ဝမ်းရေးနဲ့ အိမ်လခအတွက် တက္ကစီမောင်းကာ ရုန်းကန် ရှာဖွေ ကျွေးမွေးခဲ့သူဖြစ်ပါတယ်။

ယခုနောက်ပိုင်း ကာလမှာတော့ သူ့ရဲ့သမီးချောလေး ဇင်စန္ဒာထွန်းက ဖခင်ဖြစ်သူမင်းမင်းဟာ မိသားစုအတွက် ပင်ပန်းစွာ ရုန်းကန်နေရတာကို မကြည့်ရက်တဲ့အတွက်

သူမ ဝါသနာပါလွန်းတဲ့ အနုပညာလောကထဲသို့ စတင်ဝင်ရောက်ကာ တစ်ဖက်တစ်လှမ်းကနေ တာဝန်ကူထမ်း ပေးလျှက်ရှိတာကို တွေ့ရပါတယ်။

လူကြမ်းမင်းသား တစ်ဦးပေမယ့် စိတ်ထားနူးညံ့ကာ မိသားစုကိုချစ်တဲ့ ကိုမင်းမင်းကတော့ သမီးလေးကို စိတ်ပင်ပန်းရတဲ့ အတိုက်အခိုက်များတဲ့ အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့်

ဒီအနုပညာအလုပ်အပေါ် သူ့လိုပင် သမီးလေးက ဝါသနာပါလွန်းနေတာမို့ လုပ်ခွင့်ပြုပေးခဲ့ရုံမျှမက ချစ်သမီးလေးကို မီဒီယာများမှတဆင့် ပရိသတ်ထံသို့ အပ်နှင်း မိတ်ဆက်ပေးလာခဲ့တာ အားလုံး အသိပါနော်။

လူကြမ်း သရုပ်ဆောင်မင်းမင်းဟာ သမီးလေးရဲ့ အနုပညာ ခရီးအစမှာ ငွေကြေးအရ မကူညီနိုင်ပေမယ့် ဖခင်မေတ္တာအပြည့်နဲ့ တက်စွမ်းသမျှ နောက်ကနေ ပံ့ပိုးသင်ကြား ပေးနေတာကို တွေ့ရပြီး

သမီးလေးအတွက် သူ တန်ဖိုးထားရသော လူကြမ်းသရုပ်ဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘေးချိတ်ထားကာ သမီးဖြစ်သူဇင်စန္ဒာထွန်း Live Salesတွေ ရောင်းနေချိန်မှာလည်း

အနီးနားမှာနေပြီး အထည်လေးတွေ ကိုင်ပြပေး သိမ်းပေး ရောင်းကူပေးနေရှာတာဟာ သူဟာ ပရိသတ်တွေ အမြင်မှာ မုန်းစရာလူကြမ်းတစ်ယောက် ဖြစ်ခဲ့ပေမယ့်

တကယ့်ပြင်ပလက်တွေ့ ဘဝမှာတော့ ဖခင်စိတ်ပြည့်ဝသော ဖခင် ပီသလွန်းသော ဖခင်တစ်ယောက် ဆိုတာဟာ ပကာသန မပါဘဲ မြင်သာ စေလွန်းပါတယ်နော်။

ငွေကြေးရှားပါးပေမယ့် ဖခင်မေတ္တာစိတ် ပြည့်ဝလွန်းတဲ့ လူကြမ်းမင်းသားကြီး မင်းမင်းရဲ့ ဖခင်ပီသမှုကတော့ တကယ့်ကို ချီးကျူးဖွယ်ရာ ပါပဲနော် ပရိသတ်ကြီး။

အမြဲလိုလို သမီးလေးရဲ့ လုပ်ကိုင်မှုတွေ လှုပ်ရှားမှုတွေကို ဘေးကနေ နေပေးပြီး သမီးဖြစ်သူ အားမငယ်အောင်၊ ရှေ့ဆက်လမ်းမယ့် ဘဝလမ်းမှာ ခွန်အားဖြစ်အောင် ရပ်တည်ပေးလျှက်ရှိတာဟာ

မြင်သူတိုင်းရဲ့ ရင်ကို အေးမြ ကြည်နူးစေပြီး အဖေတစ်ယောက်ရဲ့ မေတ္တာ စေတနာတွေကို ခံစားနားလည်စေနိုင်တာမို့ လေးစားဂုဏ်ပြုစွာနဲ့ တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါတယ်နော်။

ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့ကလည်း လူကြမ်းမင်းသားကြီးမင်းမင်းနဲ့ သမီးလေး ဇင်စန္ဒာထွန်းတို့ကို ဝန်းရံ အားပေးခြင်းဖြင့် ကူညီကြပါအုံးနော်။