အာမခံပေးမိတဲ့ အကြွေးတွေ ခုထိ ရုန်းကန်ဆပ်နေရဆဲမို့ ငွေစျေးတွေတက်လေ လူလိမ်လင်မယားကို ဒေါသထွက်လေဆိုပြီး ပေါက်ကွဲလာတဲ့ ချမ်းမြေ့ဦး (Project K)

(Zawgyiျဖင့္ ဖတ္ရန္)

အခုလိုကာလ ေငြေဈးေတြ တက္ေနခ်ိန္မွာ ပိုက္ဆံေတြ ေခ်းငွားၿပီးလိမ္လည္ယူသြား ခဲ့တဲ့ Morris တို႔ လင္မယားကို ပိုၿပီး ေဒါသေတြ ထြက္တယ္ဆိုတဲ့ ခ်မ္းေျမ့ဦး

ျမန္မာႏိုင္ငံမွာ ေအာင္ျမင္ေက်ာ္ၾကားၿပီး ဆယ္ေက်ာ္သက္ေတြ အရူးအမူးႀကိဳက္ၾကတဲ့ Project-K လူငယ္အဆိုေတာ္ အဖြဲ႔ကေတာ့

ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲ အဖြဲ႔တစ္ဖြဲ႔ပဲ ျဖစ္ပါတယ္ေနာ္။ ရုပ္ရည္ေခ်ာေမာၿပီး သြက္လက္ထက္ျမတ္တဲ့ ဆယ္ေက်ာ္သက္ လူငယ္ေလးေတြနဲ႔

ဖြဲ႔စည္းထားတဲ့ Project Kအဖြဲ႔ဝင္တစ္ေယာက္ျဖစ္တဲ့ ခ်မ္းေျမ့ဦးကေတာ့ မိန္းကေလးပရိသတ္ေတြရဲ့ အသည္းေက်ာ္ အဆိုေတာ္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

ခ်မ္းေျမ့ၪီးဟာ ဆိုရင္ ေပ်ာ္ေပ်ာ္ေနတတ္တဲ့အတြက္ အၿမဲပဲ စေနာက္ေနတတ္ၿပီး သူတစ္ပါးကိုလည္း ကူညီဖို႔ ဝန္မေလးေသာ လူငယ္ေလးတစ္ၪီး ျဖစ္ပါတယ္ေနာ္။

ဒီလိုစိတ္ထားေကာင္းၿပီး ကူညီတတ္တဲ့ ခ်မ္းေျမ့ၪီးကေတာ့ အဖြဲ႔တူသူငယ္ခ်င္းျဖစ္တဲ့ Morrisအတြက္ ေစတနာေကာင္းစြာနဲ႔ ကိုယ္ပိုင္ေငြေတြအျပင္ အျခားသူထံမွပါ အာမခံၿပီး ေခ်းငွားေပးခဲ့ပါတယ္။

သို႔ေပမယ့္ သူ႔ရဲ့အဖြဲ႔တူ Project K အဖြဲ႔ဝင္တစ္ေယာက္ျဖစ္တဲ့ Morris ဟာ မဂၤလာေဆာင္ၿပီး သိပ္မၾကာခင္အခ်ိန္ကာလ အတြင္းမွာပဲ ေငြေရးေၾကးေရး အရႈပ္အေထြး ျပႆနာေတြေၾကာင့္

ေဝးရာသို႔ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ၿပီး အဖြဲ႔ကေနလည္း အၿပီးတိုင္ထြက္ခြာသြား ပါတယ္။ Morrisဟာ သူနဲ႔ ခင္မင္ရင္းႏွီးသူေတြအျပင္ သူနဲ႔ႏွစ္ေတြအၾကာႀကီး ညီအစ္ကိုလို သူငယ္ခ်င္းလို

ေပါင္းသင္းကာ ခင္မင္ရင္းႏွီးခဲ့ၾကတဲ့ Project Kအဖြဲ႔သားေတြထံမွလည္း ေငြေၾကးေတြ လိမ္လည္ ရယူသြားခဲ့တာပဲ ျဖစ္ပါတယ္။ Morrisရဲ့ ေငြလိမ္ခံခဲ့ရတဲ့ ခ်မ္းေျမ့ဦးဟာ

သူ႔အေနနဲ႔ အခုလိုေငြေဈးေတြတက္ေနခ်ိန္မွာ ညီအကိုလို ေပါင္းၾကတဲ့ အဖြဲ႔တူအခ်င္းခ်င္းေတာင္မွ လုပ္ရက္သြားတဲ့ Morrisတို႔ လင္မယားကို ပိုကာ ေဒါသထြက္တယ္ဆိုၿပီး အခုလိုပဲ ေျပာလာပါတယ္။

ခ်မ္းေျမ့ဦး က “Baht ေဈးေတြ တက္လာေတာ့ ဟိုလူလိမ္လင္မယားႏွစ္ေကာင္ကို ပိုေဒါသထြက္တယ္ ။သူတို႔ လိမ္သြားတဲ့ ပိုက္ဆံေတြက ကိုယ့္ပိုက္ဆံေတြတင္ မဟုတ္ဘဲ

သူငယ္ခ်င္းရဲ့ Baht ေငြေတြလဲပါတယ္။ ကိုယ္က ကိုယ့္ေငြနဲ႔တင္မဟုတ္ သူငယ္ခ်င္းရဲ့ေငြနဲ႔ပါ ေငြလႊဲေပးလိုက္မိတာဆိုေတာ့ အခုကိုယ္ကပဲ အဲ့ေငြေတြကို ျပန္ဆပ္ေနရတာ။

အလုပ္လုပ္လို႔ ရလာတဲ့ ျမန္မာေငြေလးေတြကို bahtေငြ ျပန္ျပန္လဲၿပီးဆပ္ေနတာ နည္းနည္းခ်င္းစီ ေၾကလာလို႔ စိတ္သက္သာရာ ရရံုရိွေသး Baht ေဈးက ထပ္တက္သြားေတာ့

သူငယ္ခ်င္းရဲ့ Bahtေငျြပန္ဆပ္ဖို႔အတြက္ ျမန္မာေငြေတြ အမ်ားႀကီးထပ္ရွာရအံုးမယ္။ တစ္ခုပဲ ေမးခ်င္တာ မင္းတို႔လင္မယား ႏွစ္ေယာက္လံုး

ေန့စဉ္နဲ႔အမ်ွ လိပ္ျပာလံုၾကရဲ့လား?” ဆိုၿပီး ​တခ်ိန္တခါက ညီအကိုလိုသူငယ္ခ်င္းရဲ့ လုပ္ရပ္ေၾကာင့္ ခုခ်ိန္ထိ ရုန္းကန္ဆပ္ေနရေၾကာင္း နာက်ည္းစြာ ေျပာဆိုလာခဲ့တာပဲျဖစ္ ပါတယ္။

(Unicodeဖြင့် ဖတ်ရန်)

အခုလိုကာလ ငွေဈေးတွေ တက်နေချိန်မှာ ပိုက်ဆံတွေ ချေးငှားပြီးလိမ်လည်ယူသွား ခဲ့တဲ့ Morris တို့ လင်မယားကို ပိုပြီး ဒေါသတွေ ထွက်တယ်ဆိုတဲ့ ချမ်းမြေ့ဦး

မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားပြီး ဆယ်ကျော်သက်တွေ အရူးအမူးကြိုက်ကြတဲ့ Project-K လူငယ်အဆိုတော် အဖွဲ့ကတော့

ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်နော်။ ရုပ်ရည်ချောမောပြီး သွက်လက်ထက်မြတ်တဲ့ ဆယ်ကျော်သက် လူငယ်လေးတွေနဲ့

ဖွဲ့စည်းထားတဲ့ Project Kအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့ဦးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။

ချမ်းမြေ့ဦးဟာ ဆိုရင် ပျော်ပျော်နေတတ်တဲ့အတွက် အမြဲပဲ စနောက်နေတတ်ပြီး သူတစ်ပါးကိုလည်း ကူညီဖို့ ဝန်မလေးသော လူငယ်လေးတစ်ဦး ဖြစ်ပါတယ်နော်။

ဒီလိုစိတ်ထားကောင်းပြီး ကူညီတတ်တဲ့ ချမ်းမြေ့ဦးကတော့ အဖွဲ့တူသူငယ်ချင်းဖြစ်တဲ့ Morrisအတွက် စေတနာကောင်းစွာနဲ့ ကိုယ်ပိုင်ငွေတွေအပြင် အခြားသူထံမှပါ အာမခံပြီး ချေးငှားပေးခဲ့ပါတယ်။

သို့ပေမယ့် သူ့ရဲ့အဖွဲ့တူ Project K အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Morris ဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်အချိန်ကာလ အတွင်းမှာပဲ ငွေရေးကြေးရေး အရှုပ်အထွေး ပြဿနာတွေကြောင့်

ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဖွဲ့ကနေလည်း အပြီးတိုင်ထွက်ခွာသွား ပါတယ်။ Morrisဟာ သူနဲ့ ခင်မင်ရင်းနှီးသူတွေအပြင် သူနဲ့နှစ်တွေအကြာကြီး ညီအစ်ကိုလို သူငယ်ချင်းလို

ပေါင်းသင်းကာ ခင်မင်ရင်းနှီးခဲ့ကြတဲ့ Project Kအဖွဲ့သားတွေထံမှလည်း ငွေကြေးတွေ လိမ်လည် ရယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ Morrisရဲ့ ငွေလိမ်ခံခဲ့ရတဲ့ ချမ်းမြေ့ဦးဟာ

သူ့အနေနဲ့ အခုလိုငွေဈေးတွေတက်နေချိန်မှာ ညီအကိုလို ပေါင်းကြတဲ့ အဖွဲ့တူအချင်းချင်းတောင်မှ လုပ်ရက်သွားတဲ့ Morrisတို့ လင်မယားကို ပိုကာ ဒေါသထွက်တယ်ဆိုပြီး အခုလိုပဲ ပြောလာပါတယ်။

ချမ်းမြေ့ဦး က “Baht ဈေးတွေ တက်လာတော့ ဟိုလူလိမ်လင်မယားနှစ်ကောင်ကို ပိုဒေါသထွက်တယ် ။သူတို့ လိမ်သွားတဲ့ ပိုက်ဆံတွေက ကိုယ့်ပိုက်ဆံတွေတင် မဟုတ်ဘဲ

သူငယ်ချင်းရဲ့ Baht ငွေတွေလဲပါတယ်။ ကိုယ်က ကိုယ့်ငွေနဲ့တင်မဟုတ် သူငယ်ချင်းရဲ့ငွေနဲ့ပါ ငွေလွှဲပေးလိုက်မိတာဆိုတော့ အခုကိုယ်ကပဲ အဲ့ငွေတွေကို ပြန်ဆပ်နေရတာ။

အလုပ်လုပ်လို့ ရလာတဲ့ မြန်မာငွေလေးတွေကို bahtငွေ ပြန်ပြန်လဲပြီးဆပ်နေတာ နည်းနည်းချင်းစီ ကြေလာလို့ စိတ်သက်သာရာ ရရုံရှိသေး Baht ဈေးက ထပ်တက်သွားတော့

သူငယ်ချင်းရဲ့ Bahtငွေပြန်ဆပ်ဖို့အတွက် မြန်မာငွေတွေ အများကြီးထပ်ရှာရအုံးမယ်။ တစ်ခုပဲ မေးချင်တာ မင်းတို့လင်မယား နှစ်ယောက်လုံး

နေ့စဉ်နဲ့အမျှ လိပ်ပြာလုံကြရဲ့လား?” ဆိုပြီး ​တချိန်တခါက ညီအကိုလိုသူငယ်ချင်းရဲ့ လုပ်ရပ်ကြောင့် ခုချိန်ထိ ရုန်းကန်ဆပ်နေရကြောင်း နာကျည်းစွာ ပြောဆိုလာခဲ့တာပဲဖြစ် ပါတယ်။