အလန်းစား ကောင်မလေးနဲ့ နှစ်ကိုယ် ယှဥ်တွဲ ပုံလေးတွေ ထုတ်ပြကာ နှုတ်ခမ်းနီမလေးတို့ရဲ့ အသည်းကို ခွဲလိုက်ပြန်တဲ့ ကိုနိုင်လင်း

(Zawgyiဖြင့် ဖတ်ရန်)













(Zawgyiဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ယောက်ျားပီသကာ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်နဲ့ မိန်းကလေးပရိတ်သတ်အများစုရဲ့ အားပေးနှစ်သက်မှုကို အပြည့်အဝရရှိထားတဲ့

MRTV4 မင်းသားလေးကတော့ ပရိသတ်တွေ ချစ်စနိုးနဲ့ ကိုနိုင်လင်းလို့ ခေါ်ကြတဲ့ သရုပ်ဆောင် ကျော်ထက်ဇော် ဖြစ်ပါတယ်နော်။ ကျော်ထက်ဇော်ဟာဆိုရင်

တက်သစ်စ သရုပ်ဆောင် တစ်ယောက် ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံး ကြိုးစားပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက် ဆိုလည်း မမှားပါဘူးနော်။

MRTV4သရုပ်ဆောင် ကျော်ထက်ဇော်ဟာ အမုန်းမှသည် ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေ စတင်အားပေးမှုကို ရရှိလာခဲ့ဖြစ်ပြီး အချစ်ဖွဲ့ လေညှင်း ရုပ်သံဇာတ်လမ်းတွဲမှာလည်း

နှစ်ကိုယ်ခွဲအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့ နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့အသည်းစွဲ မင်းသားဖြစ်လာခဲ့ပြီး မကြာခင်လပိုင်းမှ ပြသပြီးခဲ့တဲ့

ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ် ဆိုတဲ့ ဇာတ်လမ်းတွဲကြီးမှာတော့ ကျော်ထက်ဇော် ဟာ မျက်နှာများတဲ့ ကိုနိုင်လင်းအနေနဲ့

သရုပ်ဆောင်ခဲ့ရာမှာ ကိုနိုင်လင်းဇာတ်ရုပ် ပီပြင်လွန်းလှသောကြောင့် ပရိတ်သတ် တွေရဲ့အားပေးမှုကို ဝက်ဝက်ကွဲ ရရှိခဲ့ကာ ပိုမိုအောင်မြင် လာခဲ့တာလည်း ဖြစ်ပါတယ်နော်။

လက်ရှိမှာတော့ မင်းသားချော ကျော်ထက်ဇော်က ဇာတ်လမ်းတွဲများ သာမက သီချင်းများပါ သီဆိုလာခဲ့ပြီး အနုပညာအလုပ်တွေကို ခပ်စိပ်စိပ် လုပ်နေရပြီး

အောင်မြင်နေတဲ့ ထိပ်တန်းမင်းသား တစ်လက်လည်း ဖြစ်လို့ လာပါတယ်နော်။ ဒီနေ့မှာတော့ ကျော်ထက်ဇော်က အရင်လို တစ်ယောက်ထဲ မဟုတ်တော့ဘူး ဆိုတာကို

စုံတွဲပုံလေးတွေနဲ့ သက်သေပြ လာခဲ့တာကို တွေ့မြင်ရပါတယ်နော်။ ကျော်ထက်ဇော်ကတော့ ကောင်မလေးရဲ့မျက်နှာလေးကို မဖော်ပြသေးပေမယ့်လည်း

အလန်းစားပုံစံလေးနဲ့ နှစ်ကိုယ်တူယှဥ်တွဲ ရိုက်ထားတဲ့ပုံလေးတွေ ကိုတော့ ပရိသတ်တွေက စိတ်ဝင်စားမှု မြင့်တက် နေတာကို တွေ့မြင် ရပါတယ်နော်။

ပုံလေးတွေကြည့်ရတာဟာ အသက်ဝင်လွန်းလှတာမို့ ကျော်ထက်ဇော်ရဲ့အမှန်တကယ် ချစ်သူပဲလား? ဘယ်သူလဲ ဆိုတာကိုလည်း အားလုံးက စိတ်ဝင်စား နေကြတာလည်း ဖြစ်ပါတယ် နော်။